Premier League

အဲလက်စ် တဲလက်စ်နဲ့ ယူနိုက်တက်ရဲ့ အလားအလာ ဘယ်လိုရှိလာမလဲ

မန်ချက်စတာယူနိုက်တက်ရဲ့ အသစ်စက်စက် နွေရာသီ ခေါ်ယူမှုတခုဖြစ်တဲ့ အဲလက်စ် တဲလက်စ်ကို ယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်နေကြတဲ့ လုခ်ရှောနေရာမှာ အစားထိုးဖို့ နည်းပြ ဆိုးလ်ရှားရဲ့ နည်းဗျူဟာနဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြရတာဖြစ်ပြီး ဆိုးလ်ရှားသာ မတွေမဝေဘဲ တဲလက်စ်ကို ပွဲဆက်တိုက် အမြန်ဆုံးနေရာပေးဖို့ ပရိသတ်တွေက မျှော်လင့်နေကြတဲ့အပြင် သူ့ကို လုခ်ရှောထက်ပိုကာ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။

ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက် ကစားခဲ့တဲ့ တဲလက်စ်ဟာ ပွဲအပြီးမှာ ယူနိုက်တက်အတွက် ဒီရာသီ ပရီးမီးယားလိဂ် ပထမဦးဆုံး Clean Sheet နဲ့ နိုင်တဲ့ နိုင်ပွဲကို ပါဝင်ယူဆောင်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ အရေးတကြီးလိုအပ်တဲ့ အဖိုးတန် သုံးမှတ်​ကို ဝင်ရောက်စုဆောင်းပေးသွားခဲ့ပါတယ်။

အဲဗာတန်နဲ့ ပွဲမှာ လုခ်ရှာ ဒဏ်ရာရခဲ့တဲ့နောက် တဲလက်စ်အတွက် အခန့်သင့်စွာနဲ့ အခွင့်အရေးက ရောက်ရှိလာခဲ့ပါတယ်။ လုခ်ရှောဟာ ကစားသမားဘဝမှာ ၂ ဂိုးသာသွင်းယူပြီး ၁ဝ ကြိမ်သာ ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့လို့ တိုက်စစ်ပိုင်းဖန်တီးမှု အားနည်းသူအဖြစ် ​ထင်ရှားနေပြီး ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူနေရာဟာ ကျန်တဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေထက် ခေါင်းတလုံးနိမ့်နေခဲ့တယ်လို့ တထစ်ချသတ်မှတ်လို့ ရပါတယ်။

ဒီရာသီမှာတော့ လုခ်ရှောဟာ ဘက်ခ်ရှိုင်းယားနဲ့ပွဲက မာစီယယ်လ်ရဲ့ သွင်းဂိုးနဲ့ အဲဗာတန်နဲ့ပွဲက ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး ကစားသမားဘဝမှာ ပထမအကြိမ် ၂ ပွဲဆက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ စံချိန်ဖြစ်ခဲ့ပြီး ယူနိုက်တက်အတွက်တော့ အဆင့်အတန်းမီတဲ့ အခြေအနေလို့ ပြောရခက်ပါတယ်။

တဲလက်စ်ဟာ တိုက်စစ်အားသန်တဲ့ ကစားသမားမျိုးဖြစ်ပြီး တိကျပြီး ထိရောက်တဲ့ ဖြတ်တင်ဘောတွေနဲ့ နာမည်ကြီးသလို ပေါ်တိုအသင်းအတွက် ဂိုးဖန်တီးမှု ၄၇ ကြိမ်အထိ ပြုလုပ်ထားခဲ့တာက ဘယ်နောက်ခံအစွန်နေရာအတွက် ယူနိုက်တက်ပရိသတ်တွေ အထူးတလည် စောင့်ဆိုင်းနေတဲ့ အရည်အသွေးမျိုးလို့ မှတ်ချက်ချရမှာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းအတွက် ၁၃ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးပေးခဲ့တဲ့ မှတ်တမ်းဟာ ဂိုးရဖို့အတွက် ဘာမဆိုကြိုးစားတတ်တဲ့ သူ့ရဲ့ကစားပုံကို ပြသနေတာဖြစ်ပြီး ယူနိုက်တက်ရဲ့ လာမယ့် ပွဲကျပ်ကာလတွေအတွင်း ဘယ်နောက်ခံလူ အပြောင်းအလဲမှာ တဲလက်စ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့် ရရှိလာမလားဆိုတာ ရင်ခုန်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒီအခြေအနေမှာ နည်းဗျူဟာ အပြောင်းအလဲတွေ လုပ်ချင်နေတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ စိတ်အားထက်သန်မှုတွေကြောင့် တောင်ပံတိုက်စစ်တွေကနေ အားဖြည့်မှုကောင်းတဲ့ Creative Full Back အဲလက်စ် တဲလက်စ်နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အလားအလာ ဘယ်လိုရှိလာမလဲဆိုတာ ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာကောင်းနေခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အသစ္စက္စက္ ေႏြရာသီ ေခၚယူမႈတခုျဖစ္တဲ့ အဲလက္စ္ တဲလက္စ္ကို ယူႏိုက္တက္ပရိသတ္ေတြ စိတ္ပ်က္ေနၾကတဲ့ လုခ္ေရွာေနရာမွာ အစားထိုးဖို႔ နည္းျပ ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာနဲ႔ ဆုံးျဖတ္ခ်က္ကို ေစာင့္ဆိုင္းေနၾကရတာျဖစ္ၿပီး ဆိုးလ္ရွားသာ မေတြမေဝဘဲ တဲလက္စ္ကို ပြဲဆက္တိုက္ အျမန္ဆုံးေနရာေပးဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတဲ့အျပင္ သူ႔ကို လုခ္ေရွာထက္ပိုကာ ယုံၾကည္ထားၾကတာ ျဖစ္ပါတယ္။

ဝက္စ္ဘ႐ြမ္းနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ကစားခဲ့တဲ့ တဲလက္စ္ဟာ ပြဲအၿပီးမွာ ယူႏိုက္တက္အတြက္ ဒီရာသီ ပရီးမီးယားလိဂ္ ပထမဦးဆုံး Clean Sheet နဲ႔ ႏိုင္တဲ့ ႏိုင္ပြဲကို ပါဝင္ယူေဆာင္ေပးႏိုင္ခဲ့ၿပီး အသင္းရဲ႕ အေရးတႀကီးလိုအပ္တဲ့ အဖိုးတန္ သုံးမွတ္​ကို ဝင္ေရာက္စုေဆာင္းေပးသြားခဲ့ပါတယ္။

အဲဗာတန္နဲ႔ ပြဲမွာ လုခ္ရွာ ဒဏ္ရာရခဲ့တဲ့ေနာက္ တဲလက္စ္အတြက္ အခန္႔သင့္စြာနဲ႔ အခြင့္အေရးက ေရာက္ရွိလာခဲ့ပါတယ္။ လုခ္ေရွာဟာ ကစားသမားဘဝမွာ ၂ ဂိုးသာသြင္းယူၿပီး ၁ဝ ႀကိမ္သာ ဂိုးဖန္တီးမႈ ျပဳလုပ္ထားခဲ့လို႔ တိုက္စစ္ပိုင္းဖန္တီးမႈ အားနည္းသူအျဖစ္ ​ထင္ရွားေနၿပီး ယူႏိုက္တက္ရဲ႕ ဘယ္ေနာက္ခံလူေနရာဟာ က်န္တဲ့ ပရီးမီးယားလိဂ္ အသင္းႀကီးေတြထက္ ေခါင္းတလုံးနိမ့္ေနခဲ့တယ္လို႔ တထစ္ခ်သတ္မွတ္လို႔ ရပါတယ္။

ဒီရာသီမွာေတာ့ လုခ္ေရွာဟာ ဘက္ခ္ရႈိင္းယားနဲ႔ပြဲက မာစီယယ္လ္ရဲ႕ သြင္းဂိုးနဲ႔ အဲဗာတန္နဲ႔ပြဲက ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့ၿပီး ကစားသမားဘဝမွာ ပထမအႀကိမ္ ၂ ပြဲဆက္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့တဲ့ စံခ်ိန္ျဖစ္ခဲ့ၿပီး ယူႏိုက္တက္အတြက္ေတာ့ အဆင့္အတန္းမီတဲ့ အေျခအေနလို႔ ေျပာရခက္ပါတယ္။

တဲလက္စ္ဟာ တိုက္စစ္အားသန္တဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး တိက်ၿပီး ထိေရာက္တဲ့ ျဖတ္တင္ေဘာေတြနဲ႔ နာမည္ႀကီးသလို ေပၚတိုအသင္းအတြက္ ဂိုးဖန္တီးမႈ ၄၇ ႀကိမ္အထိ ျပဳလုပ္ထားခဲ့တာက ဘယ္ေနာက္ခံအစြန္ေနရာအတြက္ ယူႏိုက္တက္ပရိသတ္ေတြ အထူးတလည္ ေစာင့္ဆိုင္းေနတဲ့ အရည္အေသြးမ်ိဳးလို႔ မွတ္ခ်က္ခ်ရမွာပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီက ေပၚတိုအသင္းအတြက္ ၁၃ ဂိုးသြင္း၊ ၁၂ ဂိုးဖန္တီးေပးခဲ့တဲ့ မွတ္တမ္းဟာ ဂိုးရဖို႔အတြက္ ဘာမဆိုႀကိဳးစားတတ္တဲ့ သူ႔ရဲ႕ကစားပုံကို ျပသေနတာျဖစ္ၿပီး ယူႏိုက္တက္ရဲ႕ လာမယ့္ ပြဲက်ပ္ကာလေတြအတြင္း ဘယ္ေနာက္ခံလူ အေျပာင္းအလဲမွာ တဲလက္စ္အေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္ ရရွိလာမလားဆိုတာ ရင္ခုန္ခ်င္စရာ ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ ဒီအေျခအေနမွာ နည္းဗ်ဴဟာ အေျပာင္းအလဲေတြ လုပ္ခ်င္ေနတဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ စိတ္အားထက္သန္မႈေတြေၾကာင့္ ေတာင္ပံတိုက္စစ္ေတြကေန အားျဖည့္မႈေကာင္းတဲ့ Creative Full Back အဲလက္စ္ တဲလက္စ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အလားအလာ ဘယ္လိုရွိလာမလဲဆိုတာ ပရိသတ္ေတြအတြက္ေတာ့ စိတ္ဝင္စားစရာေကာင္းေနခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.