Premier League

23 Nov ညနေပိုင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

နယူးကာဆယ်နဲ့ပွဲမှာ တန်မီ အေဘရာဟမ်ရဲ့ ပွဲချိန် ၆၅ မိနစ်က သွင်းဂိုးဟာ ကိုယ့်ကွင်းဘက်ခြမ်းမှာ ဘောလုံးပြန်လည်ရယူချိန်ကနေ သွင်းဂိုးဖြစ်တဲ့အထိ ကြာမြင့်ချိန် စုစုပေါင်း ၉ စက္ကန့်သာ ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော် တန်ပြန်တိုက်စစ်ပုံစံ ပြန်လည်အသက်ဝင်ခဲ့။

ရန်းနင်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ခိုင်ဟာဗတ်ဇ် ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ နည်းပြလမ်းပတ်က ပြောကြားခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့တဲ့ သူဟာ ပင်ကိုယ် ကိုယ်ခံအားနဲ့ ကြံ့ခိုင်မှုကောင်းပြီးသားဖြစ်တာကြောင့် အချိန်အနည်းငယ် ပါဝင်ကစားသွားစေမှာဖြစ်ကြောင်း အတည်ပြုခဲ့။

လာမယ့် ဇန်နဝါရီမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ချသွားမှာဖြစ်ကြောင်း တိုက်စစ်မှူး ဂျီရူး ပြောကြားခဲ့ပြီး ပွဲထွက်ခွင့် မရရှိမှာကို စိုးရိမ်နေကာ မိမိအသက်အရွယ်အရ ကောင်းကောင်းကစားနိုင်သေးလို့ အသင်းပြောင်းဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့။

ချယ်လ်ဆီး အရန်အသင်းနဲဲ့ မန်စီးတီး အရန်အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ဘီလီ ဂီးလ်မိုး ဝင်ရောက်ကစားသွားခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ ၁၈ ကိုက်စည်းထိပ်က ကန်သွင်းကာ အသင်းအတွက် ချေပဂိုးသွင်းယူခဲ့။

ဒီကလန် ရိုက်စ်ဟာ အသက် ၁၄ နှစ် လူငယ်ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းကို စွန့်ခွာခဲ့ရတဲ့အကြောင်းကို ထုတ်ဖော်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့လို့ မိသားစုနဲ့ ခွဲခွာခဲ့ရတာဟာ အလွန်နာကျင်စရာကောင်းခဲဲ့ပြီး ဒီအချက်ကပဲ ဒီနေ့လို ကစားသမားဖြစ်လာအောင် ထုဆစ်ပေးခဲ့ကြောင်း ပြောကြား။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ အဓိကသော့ချက်တခုကို ပိုင်ဆိုင်ထားပြီး အဲဒါဟာ အသင်းရဲ့ အတွေ့အကြုံရင့်၊ သမ္ဘာ့ရင့် ဝါရင့်ကစားသမား သီယာဂို ဆေးလ်ဗားပင် ဖြစ်ကြောင်း ပက်ထရစ် အဲဗရာသုံးသပ်။

နယူးကာဆယ်နဲ့ ပထမပိုင်းအပြီးမှာ မေဆန် မောင့်ဟာ ဂိုး​ဖြုန်းတီးမှု ပြုလုပ်ခဲ့တဲ့ တီမို ဗာနာကို အဝတ်လဲခန်းထဲမှာ စကားတခွန်းပြောဆိုခဲ့ပြီး တဦးချင်း တာဝန်ယူနိုင်မှသာ အသင်းချန်ပီယံဖြစ်မယ်လို့ ထိထိမိမိ သတိပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္နဲ႕ပြဲမွာ တန္မီ ေအဘရာဟမ္ရဲ႕ ပြဲခ်ိန္ ၆၅ မိနစ္က သြင္းဂိုးဟာ ကိုယ့္ကြင္းဘက္ျခမ္းမွာ ေဘာလုံးျပန္လည္ရယူခ်ိန္ကေန သြင္းဂိုးအထိ ၾကာျမင့္ခ်ိန္ စုစုေပါင္း ၉ စကၠန့္သာ ရွိခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ နာမည္ေက်ာ္ တန္ျပန္တိုက္စစ္ပုံစံ ျပန္လည္အသက္ဝင္ခဲ့။

ရန္းနင္းအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲမွာ ခိုင္ဟာဗတ္ဇ္ ျပန္ကစားနိုင္ဖြယ္ရွိတယ္လို႔ နည္းျပလမ္းပတ္က ေျပာၾကားခဲ့ၿပီး ကိုဗစ္ေရာဂါကူးစက္မႈကေန ျပန္လည္သက္သာလာခဲ့တဲ့ သူဟာ ပင္ကိုယ္ ကိုယ္ခံအားနဲ႕ ႀကံ့ခိုင္မႈေကာင္းၿပီးသားျဖစ္တာေၾကာင့္ အခ်ိန္အနည္းငယ္ ပါဝင္ကစားသြားေစမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့။

လာမယ့္ ဇန္နဝါရီမွာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တခုကို ခ်သြားမွာျဖစ္ေၾကာင္း တိုက္စစ္မႉး ဂ်ီ႐ူး ေျပာၾကားခဲ့ၿပီး ပြဲထြက္ခြင့္ မရရွိမွာကို စိုးရိမ္ေနကာ မိမိအသက္အ႐ြယ္အရ ေကာင္းေကာင္းကစားနိုင္ေသးလို႔ အသင္းေျပာင္းဖြယ္ရွိေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့။

ခ်ယ္လ္ဆီး အရန္အသင္းနဲဲ့ မန္စီးတီး အရန္အသင္းတို႔ ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့တဲ့ ဘီလီ ဂီးလ္မိုး ဝင္ေရာက္ကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ ၁၈ ကိုက္စည္းထိပ္က ကန္သြင္းကာ အသင္းအတြက္ ေခ်ပဂိုးသြင္းယူခဲ့။

ဒီကလန္ ရိုက္စ္ဟာ အသက္ ၁၄ ႏွစ္ လူငယ္ကစားသမားဘဝမွာ ခ်ယ္လ္ဆီးအသင္းကို စြန့္ခြာခဲ့ရတဲ့အေၾကာင္းကို ထုတ္ေဖာ္ခဲ့ၿပီး ဝက္စ္ဟမ္းအသင္းကို ေျပာင္းေ႐ႊ႕ခဲ့လို႔ မိသားစုနဲ႕ ခြဲခြာခဲ့ရတာဟာ အလြန္နာက်င္စရာေကာင္းခဲဲ့ၿပီး ဒီအခ်က္ကပဲ ဒီေန႕လို ကစားသမားျဖစ္လာေအာင္ ထုဆစ္ေပးခဲ့ေၾကာင္း ေျပာၾကား။

ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကိုင္ျမႇောက္နိုင္ဖို႔ အဓိကေသာ့ခ်က္တခုကို ပိုင္ဆိုင္ထားၿပီး အဲဒါဟာ အသင္းရဲ႕ အေတြ႕အႀကဳံရင့္၊ သမၻာ့ရင့္ ဝါရင့္ကစားသမား သီယာဂို ေဆးလ္ဗားပင္ ျဖစ္ေၾကာင္း ပက္ထရစ္ အဲဗရာသုံးသပ္။

နယူးကာဆယ္နဲ႕ ပထမပိုင္းအၿပီးမွာ ေမဆန္ ေမာင့္ဟာ ဂိုး​ျဖဳန္းတီးမႈ ျပဳလုပ္ခဲ့တဲ့ တီမို ဗာနာကို အဝတ္လဲခန္းထဲမွာ စကားတခြန္းေျပာဆိုခဲ့ၿပီး တဦးခ်င္း တာဝန္ယူနိုင္မွသာ အသင္းခ်န္ပီယံျဖစ္မယ္လို႔ ထိထိမိမိ သတိေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.