Premier League

လီဗာပူးလ် ၃-၀ လက်စတာ ပွဲအပြီး ပြောစမှတ်ဖြစ်ခဲ့တဲ့ ၇ ချက်

ကလော့ပ်ယုံကြည်တဲ့ ဖာမီနို ပြန်လာပြီလား
ဖာမီနိုက နည်းပြကလော့ပ်ရဲ့ နည်းဗျူဟာအရ အသင်းရဲ့ ဝင်ရိုးကစားသမားအဖြစ် အဓိက အားထားရတဲ့သူဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရထားပါတယ်။ လွန်ခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းကျဆင်းနေလို့ ထိုးနှက်ချက်တွေနဲ့ ဂျိုတာနဲ့ နှိုင်းယှဥ်ပြီး ဝေဖန်မှုမျိုးစုံ ခံခဲ့ရတဲ့ ဖာမီနိုဟာ ဒီပွဲရလဒ်မှာ အဓိက ကစားသမားဖြစ်ခဲ့တာပါ။ သူ့ရဲ့ ချိတ်ဆက်ကစားပုံ နဲ့ တွဲလုံး link-up Play တွေက ကောင်းလွန်းခဲ့ပြီး ကန်သွင်းချက်နှစ်ကြိမ်က တိုင်ထိခဲ့သလို ခေါင်းတိုက်ဂိုး တဂိုးရယူပေးခဲ့ပါတယ်။

Set-piece အားနည်းချက်မှာ ခြောက်လှန့်ခံလိုက်ရတဲ့ လက်စတာ
လက်စတာက ဒီပွဲမှာ အရင်ပုံစံနဲ့ လုံးလုံးမတူဘဲ အာရုံစူးစိုက်မှု ပျောက်ဆုံးနေခဲ့တာသလို ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာက အန်ဖီးလ်မှာ ကိုယ့်လည်ကိုယ်စင်းသလို ဖြစ်ခဲ့ပါတယ်။ ဆ်ိုးရွားလွန်းတဲ့ ပထမပိုင်း ကစားပုံက လာမယ့် ပွဲကျပ်တွေမှာ ရော့ဂျားစ်အတွက် ခေါင်းခြောက်စရာ ဖြစ်ခဲ့ပြီး အထင်းသားဖြစ်နေတဲ့ တည်ကန်ဘော Set-piece အားနည်းချက်မှာ အကြိမ်ကြိမ် ခြောက်လှန့်ခံလိုက်ရပါတယ်။

မာတစ်ပ်နဲ့ ဖာဘင်ညိုရဲ့ လှပတဲ့အတွဲအဖက်
ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ် သတိမရတော့လောက်အောင်အထိ ဒီပွဲမှာ မာတစ်ပ်နဲ့ ဖာဘင်ညိုအတွဲဟာ လှပခဲ့ပါတယ်။ လက်စတာလိုအသင်းကို ပေးဂိုးမရှိဘဲ Clean Sheet ရယူခဲ့ပါတယ်။ လက်စတာတို့ လီဗာပူးလ်ရဲ့ ပင်နယ်တီဧရိယာထဲ တိုးဝင်နိုင်ဖို့တောင် မနည်းရုန်းကန်ခဲ့ပါတယ်။ ဒီခံစစ်အတွဲက လက်စတာတိုက်စစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး ကလော့ပ်ကျေနပ်ရတဲ့ ဘောလုံးကိုင်ကစားနိုင်ခြင်းနဲ့အတူ အမြင့်ဘောဖြန့်ဝေမှုတွေက ထိရောက်ခဲ့ပါတယ်။

အရှိန်တန့်သွားတဲ့ လက်စတာ
ဘရန်ဒန် ရော့ဂျားစ်ရဲ့ လက်စတာတို့ဟာ ဒီရာသီ အထင်ကြီးလောက်စရာ ခြေစွမ်းကို ပရီးမီယားလိဂ်မှာ တောက်လျှောက် ပြသထားခဲ့တာပါ။ ဒီပွဲမတိုင်မီ ၆ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ လက်စတာဟာ ၁၅ ဂ်ိုးအထိ ရယူထားတဲ့ တိုက်စစ်ထက်မြက်မှုမျိုးနဲ့ အသင်းတိုင်းကို စိန်ခေါ်နေသူပါ။ ဒါပေမယ့် ဒီအရာတွေက ဒီပွဲမတိုင်မီအထိပဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ခြေစွမ်းကို ရော့ဂျားစ်ဘယ်လောက် စိတ်ပျက်နေလဲဆိုတာကို မြင်ခဲ့ရပြီး လီဗာပူးလ်လက်အောက်မှာ ကျရှုံးခဲ့တဲ့ လက်စတာတို့ ဇယားထိပ် အဆင့်လေးအတွင်း ဝင်ဖို့ဆိုရင် ပြီးခဲ့တဲ့ရာသီက အမှားမျိုး ထပ်တူမလုပ်မိဖို့ သတိကြီးကြီး ထားရတော့မှာပါ။

သူရဲကောင်း ဂျိုတာရဲ့ စံချိန်
ဂျိုတာက ဒီပွဲအပြီးမှာ တာထွက်ကစားခွင့် အိမ်ကွင်း ၄ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ မိုဆာလား မပါဝင်လို့ ရင်တမမဖြစ်နေတဲ့ ပရိသတ်တွေ သက်ပြင်းချနိုင်ရုံမက ဂျိုတာရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်က ရေရှည်အတွက် စိတ်ချစရာအထိဖြစ်ခဲ့ပါတယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့တဲ့ ဂျိမ်းစ်မီလ်နာ
သူက လီဗာပူးလ်တသင်းလုံးအတွက် ဘယ်နေရာမှာ ဝင်ကစားရပါစေ တကယ်ကစားနိုင်တဲ့သူမျိုးပါ။ ဒါကြောင့်လည်း ကလော့ပ်ရဲ့ လက်စွဲတော်အနေနဲ့ ဒီပွဲမှာ သူ့ရဲ့ စွယ်စုံရ အရည်အသွေးကို မြင်တွေ့ခဲ့ရပြန်ပါတယ်။ နည်းပြက ယုံယုံကြည်ကြည်နဲ့ အလုပ်ပေးတဲ့အတိုင်း ထရန့် အလက်ဇန်းဒါး အာနိုးလ်ရဲ့ ညာနောက်ခံအစွန်လူ နေရာမှာ ဝင်ကစားခဲ့တဲ့ မီလ်နာက သူ့အလုပ်သူ သေချာလုပ်ခဲ့သလို နာဘီ ကီတာ ဒဏ်ရာရတဲ့အချိန်မှာလည်း ကွင်းလယ်မှာ ပြောင်းကစားခဲ့ပြီး အသက် ၃၄ နှစ်အရွယ်နဲ့မမျှတဲ့ စိတ်ဓာတ်ပြင်းထန်မှုနဲ့ တာဝန်ကျေတာထက်ပိုခဲ့ပါတယ်။

အန်ဖီးလ်ခံတပ်ရဲ့ ရင်ခုန်ဖွယ်ရာ စံချိန်
၆၄ ပွဲဆက် အိမ်ကွင်း ရှုံးပွဲမရှိစံချိန်ကို ရေးထိုးလိုက်နိုင်တဲ့ လီဗာပူးလ်တို့ဟာ အငြင်းပွားဖွယ်ရာမရှိ၊ မေးခွန်းထုတ်စရာမရှိလောက်အောင် ကလပ်အသင်းသမိုင်းတလျှောက်ရဲ့ အတည်ငြိမ်ဆုံး​ခြေစွမ်းနဲ့ ချန်ပီယံအသင်း ပီသခဲ့တာ အသေအချာပါ။ ပရီးမီယားလိဂ်ရဲ့ မှတ်တမ်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ၈၆ ပွဲဆက် အိမ်ကွင်းရှူံးပွဲမရှိစံချိန်ကို လိုက်မီသွားမလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီး လီဗာပူးလ်ရဲ့ အန်ဖီးလ်​ခံတပ်ဟာ ပြိုင်ဘက်တိုင်းအတွက် သားသတ်ကွင်းဖြစ်လာနေတာကို တွေ့မြင်နေရပါတယ်။

REF: SPORTSKEEDA , MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကေလာ့ပ္ယုံၾကည္တဲ့ ဖာမီႏို ျပန္လာၿပီလား
ဖာမီႏိုက နည္းျပကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာအရ အသင္းရဲ႕ ဝင္႐ိုးကစားသမားအျဖစ္ အဓိက အားထားရတဲ့သူျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕ ယုံၾကည္မႈကို အျပည့္အဝ ရထားပါတယ္။ လြန္ခဲ့တဲ့ ပြဲေတြမွာ ေျခစြမ္းက်ဆင္းေနလို႔ ထိုးႏွက္ခ်က္ေတြနဲ႔ ဂ်ိဳတာနဲ႔ ႏႈိင္းယွဥ္ၿပီး ေဝဖန္မႈမ်ိဳးစုံ ခံခဲ့ရတဲ့ ဖာမီႏိုဟာ ဒီပြဲရလဒ္မွာ အဓိက ကစားသမားျဖစ္ခဲ့တာပါ။ သူ႔ရဲ႕ ခ်ိတ္ဆက္ကစားပုံ နဲ႔ တြဲလုံး link-up Play ေတြက ေကာင္းလြန္းခဲ့ၿပီး ကန္သြင္းခ်က္ႏွစ္ႀကိမ္က တိုင္ထိခဲ့သလို ေခါင္းတိုက္ဂိုး တဂိုးရယူေပးခဲ့ပါတယ္။

Set-piece အားနည္းခ်က္မွာ ေျခာက္လွန္႔ခံလိုက္ရတဲ့ လက္စတာ
လက္စတာက ဒီပြဲမွာ အရင္ပုံစံနဲ႔ လုံးလုံးမတူဘဲ အာ႐ုံစူးစိုက္မႈ ေပ်ာက္ဆုံးေနခဲ့တာသလို ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာက အန္ဖီးလ္မွာ ကိုယ့္လည္ကိုယ္စင္းသလို ျဖစ္ခဲ့ပါတယ္။ ဆ္ိုး႐ြားလြန္းတဲ့ ပထမပိုင္း ကစားပုံက လာမယ့္ ပြဲက်ပ္ေတြမွာ ေရာ့ဂ်ားစ္အတြက္ ေခါင္းေျခာက္စရာ ျဖစ္ခဲ့ၿပီး အထင္းသားျဖစ္ေနတဲ့ တည္ကန္ေဘာ Set-piece အားနည္းခ်က္မွာ အႀကိမ္ႀကိမ္ ေျခာက္လွန္႔ခံလိုက္ရပါတယ္။

မာတစ္ပ္နဲ႔ ဖာဘင္ညိဳရဲ႕ လွပတဲ့အတြဲအဖက္
ဗန္ဒိုက္နဲ႔ ဂ်ိဳးဂိုမက္ဇ္ သတိမရေတာ့ေလာက္ေအာင္အထိ ဒီပြဲမွာ မာတစ္ပ္နဲ႔ ဖာဘင္ညိဳအတြဲဟာ လွပခဲ့ပါတယ္။ လက္စတာလိုအသင္းကို ေပးဂိုးမရွိဘဲ Clean Sheet ရယူခဲ့ပါတယ္။ လက္စတာတို႔ လီဗာပူးလ္ရဲ႕ ပင္နယ္တီဧရိယာထဲ တိုးဝင္ႏိုင္ဖို႔ေတာင္ မနည္း႐ုန္းကန္ခဲ့ပါတယ္။ ဒီခံစစ္အတြဲက လက္စတာတိုက္စစ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ကေလာ့ပ္ေက်နပ္ရတဲ့ ေဘာလုံးကိုင္ကစားႏိုင္ျခင္းနဲ႔အတူ အျမင့္ေဘာျဖန္႔ေဝမႈေတြက ထိေရာက္ခဲ့ပါတယ္။

အရွိန္တန္႔သြားတဲ့ လက္စတာ
ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ လက္စတာတို႔ဟာ ဒီရာသီ အထင္ႀကီးေလာက္စရာ ေျခစြမ္းကို ပရီးမီယားလိဂ္မွာ ေတာက္ေလွ်ာက္ ျပသထားခဲ့တာပါ။ ဒီပြဲမတိုင္မီ ၆ ပြဲဆက္ ရႈံးပြဲမရွိခဲ့တဲ့ လက္စတာဟာ ၁၅ ဂ္ိုးအထိ ရယူထားတဲ့ တိုက္စစ္ထက္ျမက္မႈမ်ိဳးနဲ႔ အသင္းတိုင္းကို စိန္ေခၚေနသူပါ။ ဒါေပမယ့္ ဒီအရာေတြက ဒီပြဲမတိုင္မီအထိပဲ ျဖစ္ခဲ့ပါတယ္။ ဒီပြဲရဲ႕ ေျခစြမ္းကို ေရာ့ဂ်ားစ္ဘယ္ေလာက္ စိတ္ပ်က္ေနလဲဆိုတာကို ျမင္ခဲ့ရၿပီး လီဗာပူးလ္လက္ေအာက္မွာ က်ရႈံးခဲ့တဲ့ လက္စတာတို႔ ဇယားထိပ္ အဆင့္ေလးအတြင္း ဝင္ဖို႔ဆိုရင္ ၿပီးခဲ့တဲ့ရာသီက အမွားမ်ိဳး ထပ္တူမလုပ္မိဖို႔ သတိႀကီးႀကီး ထားရေတာ့မွာပါ။

သူရဲေကာင္း ဂ်ိဳတာရဲ႕ စံခ်ိန္
ဂ်ိဳတာက ဒီပြဲအၿပီးမွာ တာထြက္ကစားခြင့္ အိမ္ကြင္း ၄ ပြဲဆက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ပထမဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။ မိုဆာလား မပါဝင္လို႔ ရင္တမမျဖစ္ေနတဲ့ ပရိသတ္ေတြ သက္ျပင္းခ်ႏိုင္႐ုံမက ဂ်ိဳတာရဲ႕ အျမင့္ဆုံး စြမ္းေဆာင္ရည္က ေရရွည္အတြက္ စိတ္ခ်စရာအထိျဖစ္ခဲ့ပါတယ္။

ကိုယ့္အလုပ္ကိုယ္လုပ္ခဲ့တဲ့ ဂ်ိမ္းစ္မီလ္နာ
သူက လီဗာပူးလ္တသင္းလုံးအတြက္ ဘယ္ေနရာမွာ ဝင္ကစားရပါေစ တကယ္ကစားႏိုင္တဲ့သူမ်ိဳးပါ။ ဒါေၾကာင့္လည္း ကေလာ့ပ္ရဲ႕ လက္စြဲေတာ္အေနနဲ႔ ဒီပြဲမွာ သူ႔ရဲ႕ စြယ္စုံရ အရည္အေသြးကို ျမင္ေတြ႕ခဲ့ရျပန္ပါတယ္။ နည္းျပက ယုံယုံၾကည္ၾကည္နဲ႔ အလုပ္ေပးတဲ့အတိုင္း ထရန္႔ အလက္ဇန္းဒါး အာႏိုးလ္ရဲ႕ ညာေနာက္ခံအစြန္လူ ေနရာမွာ ဝင္ကစားခဲ့တဲ့ မီလ္နာက သူ႔အလုပ္သူ ေသခ်ာလုပ္ခဲ့သလို နာဘီ ကီတာ ဒဏ္ရာရတဲ့အခ်ိန္မွာလည္း ကြင္းလယ္မွာ ေျပာင္းကစားခဲ့ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္နဲ႔မမွ်တဲ့ စိတ္ဓာတ္ျပင္းထန္မႈနဲ႔ တာဝန္ေက်တာထက္ပိုခဲ့ပါတယ္။

အန္ဖီးလ္ခံတပ္ရဲ႕ ရင္ခုန္ဖြယ္ရာ စံခ်ိန္
၆၄ ပြဲဆက္ အိမ္ကြင္း ရႈံးပြဲမရွိစံခ်ိန္ကို ေရးထိုးလိုက္ႏိုင္တဲ့ လီဗာပူးလ္တို႔ဟာ အျငင္းပြားဖြယ္ရာမရွိ၊ ေမးခြန္းထုတ္စရာမရွိေလာက္ေအာင္ ကလပ္အသင္းသမိုင္းတေလွ်ာက္ရဲ႕ အတည္ၿငိမ္ဆုံး​ေျခစြမ္းနဲ႔ ခ်န္ပီယံအသင္း ပီသခဲ့တာ အေသအခ်ာပါ။ ပရီးမီယားလိဂ္ရဲ႕ မွတ္တမ္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ၈၆ ပြဲဆက္ အိမ္ကြင္းရႉံးပြဲမရွိစံခ်ိန္ကို လိုက္မီသြားမလားဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနၿပီး လီဗာပူးလ္ရဲ႕ အန္ဖီးလ္​ခံတပ္ဟာ ၿပိဳင္ဘက္တိုင္းအတြက္ သားသတ္ကြင္းျဖစ္လာေနတာကို ေတြ႕ျမင္ေနရပါတယ္။

REF: SPORTSKEEDA , MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.