Premier League





တစ်နေ့တာ ကရိုဏ်း




UNICODE: ၂၃.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်၊ တနင်္လာနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၃၁ အထိ တိထီ ၉ လုံး၊ ကျော်လျှင် ၁၀ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
ညနေ ၁၄:၀၃ အထိ သတ္တဗိဿနက္ခတ်၊ ကျော်လျှင် ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်။ နံနက် ၆:၄၉ အထိ ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။ တစ်နေ့လုံးနှင့် နောက်တစ်နေ့ ၇:၀၇ အထိ ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။ ကျော်လျှင် ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။

တစ်နေ့တာ ကရိုဏ်း
နံနက် ၁၂:၃၇ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၁:၃၁ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၃၁ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)