Premier League Transfer News

23 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်းမှာ တစ်ယောက်လျော့နဲ့ သရေရယူခဲ့တဲ့ပွဲမှာ ကြံ့ကြံ့ခံ ဖျက်ထုတ်ခဲ့တဲ့ နောက်တန်းက ဂါဘရီယယ်လ် မာဂါလိုင်စ်ဟာ အကောင်းဆုံး နွေရာသီခေါ်ယူမှုတစ်ခုဖြစ်ကြောင်း အာဆင်နယ်ပရိသတ်တွေ အားရကျေနပ်နေကြ။

– ပေပေဟာ အသင်းတစ်သင်းလုံးကို စိတ်ပျက်အောင်လုပ်ခဲ့တဲ့သူဖြစ်ပြီး သူ့အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်လို့ မရဘူးဆိုတာကို သိထားဖို့ ကောင်းတယ်လို့ နည်းပြ အာတီတာက ပြစ်တင်လိုက်သလို ဒါမျိုးကို မိမိလက်မခံနိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ လက်ရှိပုံစံဟာ ရပ်တန့်နေပြီး ရှေ့မဆက်နိုင်ဘဲ တဝဲလည်လည်ဖြစ်နေပေမယ့် နည်းပြ မီခယ်လ် အာတီတာကို ယုံကြည်ကြဖို့နဲ့ သူ့အနေနဲ့ ဒီအနေအထားကနေ ရုန်းထွက်နိုင်အောင် လမ်းညွှန်ပေးလိမ့်မှာဖြစ်ကြောင်း ဒန်နီ မာဖီ ထောက်ခံသွား။

– ဂျိုးဝီလော့ခ်ရဲ့ တစ်ကိုယ်တော် Solo Run တွေနဲ့ တစ်ဖက်အသင်းကို လျင်လျင်မြန်မြန် ထိုးဖောက်တဲ့ ပုံစံကို ယူ-၂၃ အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း ဖရက်ဒီ ယွန်းဘတ်က ချီးကျူးလိုက်ပြီး အူဘာမီယန်းလိုပဲ အမြန်နှုန်းကို ပိုင်ဆိုင်ထားသူလို့ သုံးသပ်။

– အာဆင်နယ်အသင်းမှာ သူ့အနေနဲ့ ကိုယ်ပိုင်ပုံစံဖြစ်တဲ့ ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်နေတဲ့ ပုံစံကို တားဆီးခံခဲ့ရပြီး ဒါကို ဟာသာဘာလင် အသင်းမှာ ပြန်လည်ရရှိခဲ့သလို ယုံကြည်မှုကိုလည်း ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီလို့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီ ရှင်းလင်း။

– လိဒ်စ်ယူနိုက်တက်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြပြီး ကိုယ့်အခန်းကဏ္ဍကို ကိုယ်မြှင့်တင်ရမယ့်အစား ပရော်ဖက်ရှင်နယ် မပီသဘဲ အသင်းရဲ့ ဖိအားတွေ ရင်ဆိုင်နေရတဲ့ ပုံစံကို ပိုမိုဆိုးရွားစေခဲ့တဲ့ နီကိုလာ ပေပေရဲ့ အနီကတ်ပြခံခဲ့ရတဲ့ လုပ်ရပ်ကို မာတင် ကီးယွန်း ရှုတ်ချ။

– တစ်ဖက်ကစားသမား အာလီယော့စကီးကို ခေါင်းနဲ့တိုက်ပြီး အနီကတ်ပြခံခဲ့ရတဲ့ ပေပေကို လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို တွစ်တာနဲ့ လူမှုမီဒီယာတွေပေါ်မှာ ပရိသတ်တွေက ပြုလုပ်နေကြပြီး နောက်ဆုံးပစ်မှတ်ထား လှောင်ပြောင်ခံရသူဖြစ်လာ။

– အာဆင်နယ်အသင်းအနေနဲ့ ဖန်တီးမှု ကင်းမဲ့နေခဲ့တဲ့ ကွင်းလယ်အတွက် အားဖြည့်ဖို့ ပစ်မှတ်ထားနေခဲ့တဲ့ ကွင်းလယ်လူ အစ္စကို,ကို အမှန်တကယ်အလိုရှိတယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းဘက်က လက်ခံဆွေးနွေးသွားဖို့ရှိနေ။

– ဝီလီယန်ကို ကြွက်သားဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာလို့ ပွဲအပြီးမှာ အာတီတာ ရှင်းလင်းသွားပြီး ဆာကာရဲ့ ဖျက်ထုတ်ခံရမှုက ဆိုးရွားကြောင်းနဲ့ လက်ရှိမှာ နာကျင်နေပြီး ဆေးအဖွဲ့ရဲ့ စစ်ဆေးအတည်ပြုမှုပြီးမှ အခြေအနေကို ပြောကြားနိုင်မယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လိဒ္စ္ယူႏိုက္တက္ကို အေဝးကြင္းမွာ တစ္ေယာက္ေလ်ာ့နဲ႔ သေရရယူခဲ့တဲ့ပြဲမွာ ႀကံ့ႀကံ့ခံ ဖ်က္ထုတ္ခဲ့တဲ့ ေနာက္တန္းက ဂါဘရီယယ္လ္ မာဂါလိုင္စ္ဟာ အေကာင္းဆုံး ေႏြရာသီေခၚယူမႈတစ္ခုျဖစ္ေၾကာင္း အာဆင္နယ္ပရိသတ္ေတြ အားရေက်နပ္ေနၾက။

– ေပေပဟာ အသင္းတစ္သင္းလုံးကို စိတ္ပ်က္ေအာင္လုပ္ခဲ့တဲ့သူျဖစ္ၿပီး သူ႔အေနနဲ႔ ဒီလိုလုပ္ရပ္မ်ိဳးကို လုပ္လို႔ မရဘူးဆိုတာကို သိထားဖို႔ ေကာင္းတယ္လို႔ နည္းျပ အာတီတာက ျပစ္တင္လိုက္သလို ဒါမ်ိဳးကို မိမိလက္မခံႏိုင္ဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ လက္ရွိပုံစံဟာ ရပ္တန႔္ေနၿပီး ေရွ႕မဆက္ႏိုင္ဘဲ တဝဲလည္လည္ျဖစ္ေနေပမယ့္ နည္းျပ မီခယ္လ္ အာတီတာကို ယုံၾကည္ၾကဖို႔နဲ႔ သူ႔အေနနဲ႔ ဒီအေနအထားကေန ႐ုန္းထြက္ႏိုင္ေအာင္ လမ္းၫႊန္ေပးလိမ့္မွာျဖစ္ေၾကာင္း ဒန္နီ မာဖီ ေထာက္ခံသြား။

– ဂ်ိဳးဝီေလာ့ခ္ရဲ႕ တစ္ကိုယ္ေတာ္ Solo Run ေတြနဲ႔ တစ္ဖက္အသင္းကို လ်င္လ်င္ျမန္ျမန္ ထိုးေဖာက္တဲ့ ပုံစံကို ယူ-၂၃ အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ဆရာေဟာင္း ဖရက္ဒီ ယြန္းဘတ္က ခ်ီးက်ဴးလိုက္ၿပီး အူဘာမီယန္းလိုပဲ အျမန္ႏႈန္းကို ပိုင္ဆိုင္ထားသူလို႔ သုံးသပ္။

– အာဆင္နယ္အသင္းမွာ သူ႔အေနနဲ႔ ကိုယ္ပိုင္ပုံစံျဖစ္တဲ့ ကြင္းထဲမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတဲ့ ပုံစံကို တားဆီးခံခဲ့ရၿပီး ဒါကို ဟာသာဘာလင္ အသင္းမွာ ျပန္လည္ရရွိခဲ့သလို ယုံၾကည္မႈကိုလည္း ျပန္လည္တည္ေဆာက္ႏိုင္ခဲ့ၿပီလို႔ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီ ရွင္းလင္း။

– လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ပြဲမွာ ေျခစြမ္းျပၿပီး ကိုယ့္အခန္းက႑ကို ကိုယ္ျမႇင့္တင္ရမယ့္အစား ပေရာ္ဖက္ရွင္နယ္ မပီသဘဲ အသင္းရဲ႕ ဖိအားေတြ ရင္ဆိုင္ေနရတဲ့ ပုံစံကို ပိုမိုဆိုး႐ြားေစခဲ့တဲ့ နီကိုလာ ေပေပရဲ႕ အနီကတ္ျပခံခဲ့ရတဲ့ လုပ္ရပ္ကို မာတင္ ကီးယြန္း ရႈတ္ခ်။

– တစ္ဖက္ကစားသမား အာလီေယာ့စကီးကို ေခါင္းနဲ႔တိုက္ၿပီး အနီကတ္ျပခံခဲ့ရတဲ့ ေပေပကို လူမ်ိဳးေရးခြဲျခားဆက္ဆံမႈေတြကို တြစ္တာနဲ႔ လူမႈမီဒီယာေတြေပၚမွာ ပရိသတ္ေတြက ျပဳလုပ္ေနၾကၿပီး ေနာက္ဆုံးပစ္မွတ္ထား ေလွာင္ေျပာင္ခံရသူျဖစ္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ ဖန္တီးမႈ ကင္းမဲ့ေနခဲ့တဲ့ ကြင္းလယ္အတြက္ အားျဖည့္ဖို႔ ပစ္မွတ္ထားေနခဲ့တဲ့ ကြင္းလယ္လူ အစၥကို,ကို အမွန္တကယ္အလိုရွိတယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္အသင္းဘက္က လက္ခံေဆြးေႏြးသြားဖို႔ရွိေန။

– ဝီလီယန္ကို ႂကြက္သားဒဏ္ရာေၾကာင့္ ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့တာလို႔ ပြဲအၿပီးမွာ အာတီတာ ရွင္းလင္းသြားၿပီး ဆာကာရဲ႕ ဖ်က္ထုတ္ခံရမႈက ဆိုး႐ြားေၾကာင္းနဲ႔ လက္ရွိမွာ နာက်င္ေနၿပီး ေဆးအဖြဲ႕ရဲ႕ စစ္ေဆးအတည္ျပဳမႈၿပီးမွ အေျခအေနကို ေျပာၾကားႏိုင္မယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.