Premier League Transfer News

23 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– စပါးစ်အသင်းကို ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ တိုက်စစ်မှာ ဆာဂျီယို အဂွေရိုကို ပြန်လည် ရရှိဖို့ လိုအပ်နေပေမယ့်လည်း သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ဂရုတစိုက် သုံးစွဲသွားရမှာဖြစ်ကြောင်း ဂွါဒီယိုလာပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ခပ်အေးအေးပဲ လုပ်ဆောင်နေပြီး လာမယ့် ဇန်နဝါရီမှာ မခေါ်ယူဖို့ကတော့ သေချာသလောက်ရှိနေတယ်လို့ စောင့်ကြည့်သူတွေ သုံးသပ်သွားခဲ့။

– ကွင်းလယ်မှာ နှေးကွေးလေးလံပြီး ပေးဂိုးတွေမှာ နောက်တန်းကို ကာကွယ်မပေးနိုင်ခဲ့တဲ့ ရိုဒရီ ဟာနန်ဒက်ဇ်ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တဲ့ အေစီမီလန်ကွင်းလယ်လူ အစ္စမေးလ် ဘင်နာဆာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီးတို့ ရင်းနှီးမြှုပ်နှံသွားဖို့ ရှိနေ။

– ဆီဗီလာအသင်းရဲ့ နောက်ခံလူ ဂျူးလ် ကွန်ဒီက ဂွါဒီယိုလာရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဖုန်းခေါ်ဆိုမှုအကြောင်း ပြောပြခဲ့ပြီး သူ့ကို စပိန်လို ပြောခဲ့ပေမယ့် ပြင်သစ်စကားလုံးတချို့ကိုလည်း ညှပ်ပြောခဲ့ပြီး ပွဲထွက်ခွင့် အာမခံချက်နဲ့ စည်းရုံးခဲ့ပေမယ့် အသင်းဘက်က သဘောမတူခဲ့လို့ မပြောင်းရွှေ့ဖြစ်တာလို့ အင်တာဗျူးတစ်ခုမှာ ပြောကြား။

– မန်ချက်စတာစီးတီးတစ်သင်းလုံးအနေနဲ့ ရှုံးပွဲအတွက် စိတ်ပျက်နေကြကြောင်းနဲ့ ပွဲကို စိုးမိုးတယ်ဆိုတာ ဂိုးတွေ သွင်းပြီး အနိုင်ရမှသာ ဒီလိုခေါ်နိုင်မှာဖြစ်ကြောင်းနဲ့ ဘယ်လောက်ဖိကစားကစား အဆုံးသတ်ပိုင်း မကောင်းရင် ဘာမှ လုပ်လို့ မရကြောင်း နောက်ခံလူ ရူဘင် ဒီယက်စ်က ထုတ်ဖော်ပြောကြားသွား။

– အသင်းမှာ ခြေစွမ်းပြသနေပြီး လက်ရွေးစင်အသင်းမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဖယ်ရန် တောရက်စ်အတွက် မန်စီးတီးအသင်းအနေနဲ့ ဆုကြေးခံစားခွင့် ယူရို ၆ သန်းကို ဗလင်စီယာဆီ ထပ်မံပေးအပ်ရဖို့ နီးစပ်နေတယ်လို့ သိရပြီး ကျန်တဲ့ ၆ သန်းကိုတော့ ကစားသမားရဲ့ အကောင်းဆုံးဆုတွေအပါ် မူတည်ပြီး ပေးချေရမယ်လို့ဆို။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသင်းရဲ့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ တိုက်စစ်နဲ့ ခံစစ်နေရာတွေအတွက် အင်တာမီလန်ရှေ့တန်းလူ ရိုမီလူ လူကာကူးနဲ့ RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုတို့ကို ထပ်မံအားဖြည့်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စပါးစ္အသင္းကို ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ဘဲ ရႈံးနိမ့္ခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ တိုက္စစ္မွာ ဆာဂ်ီယို အေဂြ႐ိုကို ျပန္လည္ ရရွိဖို႔ လိုအပ္ေနေပမယ့္လည္း သူ႔ရဲ႕ ႀကံ့ခိုင္မႈအေပၚ မူတည္ၿပီး ဂ႐ုတစိုက္ သုံးစြဲသြားရမွာျဖစ္ေၾကာင္း ဂြါဒီယိုလာေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ ခပ္ေအးေအးပဲ လုပ္ေဆာင္ေနၿပီး လာမယ့္ ဇန္နဝါရီမွာ မေခၚယူဖို႔ကေတာ့ ေသခ်ာသေလာက္ရွိေနတယ္လို႔ ေစာင့္ၾကည့္သူေတြ သုံးသပ္သြားခဲ့။

– ကြင္းလယ္မွာ ေႏွးေကြးေလးလံၿပီး ေပးဂိုးေတြမွာ ေနာက္တန္းကို ကာကြယ္မေပးႏိုင္ခဲ့တဲ့ ႐ိုဒရီ ဟာနန္ဒက္ဇ္ထက္ ပိုမိုေကာင္းမြန္တဲ့ ကစားသမားျဖစ္တဲ့ ေအစီမီလန္ကြင္းလယ္လူ အစၥေမးလ္ ဘင္နာဆာကို ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မန္စီးတီးတို႔ ရင္းႏွီးျမႇဳပ္ႏွံသြားဖို႔ ရွိေန။

– ဆီဗီလာအသင္းရဲ႕ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီက ဂြါဒီယိုလာရဲ႕ ႏွစ္လိုဖြယ္ေကာင္းတဲ့ ဖုန္းေခၚဆိုမႈအေၾကာင္း ေျပာျပခဲ့ၿပီး သူ႔ကို စပိန္လို ေျပာခဲ့ေပမယ့္ ျပင္သစ္စကားလုံးတခ်ိဳ႕ကိုလည္း ညႇပ္ေျပာခဲ့ၿပီး ပြဲထြက္ခြင့္ အာမခံခ်က္နဲ႔ စည္း႐ုံးခဲ့ေပမယ့္ အသင္းဘက္က သေဘာမတူခဲ့လို႔ မေျပာင္းေ႐ႊ႕ျဖစ္တာလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကား။

– မန္ခ်က္စတာစီးတီးတစ္သင္းလုံးအေနနဲ႔ ရႈံးပြဲအတြက္ စိတ္ပ်က္ေနၾကေၾကာင္းနဲ႔ ပြဲကို စိုးမိုးတယ္ဆိုတာ ဂိုးေတြ သြင္းၿပီး အႏိုင္ရမွသာ ဒီလိုေခၚႏိုင္မွာျဖစ္ေၾကာင္းနဲ႔ ဘယ္ေလာက္ဖိကစားကစား အဆုံးသတ္ပိုင္း မေကာင္းရင္ ဘာမွ လုပ္လို႔ မရေၾကာင္း ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က ထုတ္ေဖာ္ေျပာၾကားသြား။

– အသင္းမွာ ေျခစြမ္းျပသေနၿပီး လက္ေ႐ြးစင္အသင္းမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္အတြက္ မန္စီးတီးအသင္းအေနနဲ႔ ဆုေၾကးခံစားခြင့္ ယူ႐ို ၆ သန္းကို ဗလင္စီယာဆီ ထပ္မံေပးအပ္ရဖို႔ နီးစပ္ေနတယ္လို႔ သိရၿပီး က်န္တဲ့ ၆ သန္းကိုေတာ့ ကစားသမားရဲ႕ အေကာင္းဆုံးဆုေတြအပၚ မူတည္ၿပီး ေပးေခ်ရမယ္လို႔ဆို။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အသင္းရဲ႕ ႀကံ့ခိုင္မႈ မျပည့္ဝတဲ့ တိုက္စစ္နဲ႔ ခံစစ္ေနရာေတြအတြက္ အင္တာမီလန္ေရွ႕တန္းလူ ႐ိုမီလူ လူကာကူးနဲ႔ RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုတို႔ကို ထပ္မံအားျဖည့္သြားဖို႔ ရွိေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.