Premier League Transfer News

23 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အိမ်ကွင်းမှာ ဝက်စ်ဘရွန်းလို အသင်းမျိုးကို ဂိုးမသွင်းနိုင်ခဲ့ဘဲ ပေါ့ပေါ့ဆဆ ကစားနေခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို ယူနိုက်တက်ပရိသတ်တွေ ဝိုင်းဝန်းပြစ်တင်နေကြပြီး သူ့ရဲ့ ကွင်းထဲက အမူအရာအတွက် ဒေါသထွက်နေကြ။

– အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၁ ပြိုင်ပွဲဝင်အသင်းကနေ မလွဲချော်စေဖို့နဲ့ နေရာတစ်နေရာ အခိုင်အမာ ရရှိဖို့အတွက် ဂိုးသမား ဒင်းန် ဟန်ဒါဆန်အနေနဲ့ ဒဟေးယားနောက်မှာ ဆက်မနေတော့ဘဲ ဇန်နဝါရီမှာ ဘရိုက်တန်နဲ့ လိဒ်စ်ယူနိုက်တက်တို့ တစ်သင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေ။

– အာရွန် ဝန်ဘစ်ဆာကာအနေနဲ့ ခံစစ်မှာ ဘယ်လောက်ကောင်းကောင်း အသင်းကို ပိုမိုကူညီနိုင်ဖို့အတွက် တိုက်စစ်လိုက်ပါ ပံ့ပိုးနိုင်အောင် ကြိုးစားလုပ်ဆောင်သွားသင့်တယ်လို့ မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးနောက်ခံလူဟောင်း ဒန်နီ ဆင့်ပ်ဆန် တိုက်တွန်း။

– အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အသင်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲကစားချိန် ၅ နာရီခွဲလောက် ပရီးမီးယားလိဂ်ဂိုး မရတဲ့ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ပေမယ့် ကစားကွက်ထဲကနေ ဂိုးရဖို့အတွက်တော့ စောင့်ဆိုင်းနေရတာ နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းသိရ။

– မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဘရိုင်ယန် ရော့ဘ်ဆန်က အဲလက်စ် တဲလက်စ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားခွင့်မှာ ပြသခဲ့တဲ့ ပုံစံကို နှစ်သက်သဘောကျနေပြီး ကစားခွင့်ပိုရရင် ပိုကောင်းလာဦးမယ်လို့ ချီးကျူး။

– ၂၀၂၀ ခုနှစ်အတွက် ဥရောပအကောင်းဆုံးလူငယ်ဆု Golden Boy Award မှာ အဆင့် ၁၀ အတွင်းကနေ လွဲချော်ခဲ့ရတဲ့ ယူနိုက်တက် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်အနေနဲ့ ဆက်လက်ကြိုးစားပြီး ဒီရာသီမှာ ခြေစွမ်းပြနိုင်ရင် အာလင်း ဟားလန်းလိုပဲ တူညီတဲ့ တိုက်စစ် စွမ်းရည်နဲ့ ဒီဆုအတွက် အောင်ပွဲခံနိုင်ခွင့်ရှိနေကြောင်း Manchester Evening News သုံးသပ်။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ ပိုမိုစွန့်စားရတဲ့ ဖန်တီးပေးပို့မှုတွေကို လုပ်ဆောင်သင့်ပြီး လက်ရှိကစားနေတဲ့ ဘောလုံးမဆုံးရှုံးရေး ပုံစံကို စွန့်လွှတ်ပြီး တစ်ဖက်ဂိုးဧရိယာနားမှာ ထိရောက်တဲ့ ကစားပုံကို ပြောင်းလဲသင့်ကြောင်း အက်သလက်တစ် တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အိမ္ကြင္းမွာ ဝက္စ္ဘ႐ြန္းလို အသင္းမ်ိဳးကို ဂိုးမသြင္းႏိုင္ခဲ့ဘဲ ေပါ့ေပါ့ဆဆ ကစားေနခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ကို ယူႏိုက္တက္ပရိသတ္ေတြ ဝိုင္းဝန္းျပစ္တင္ေနၾကၿပီး သူ႔ရဲ႕ ကြင္းထဲက အမူအရာအတြက္ ေဒါသထြက္ေနၾက။

– အဂၤလန္အသင္းရဲ႕ ယူ႐ို ၂၀၂၁ ၿပိဳင္ပြဲဝင္အသင္းကေန မလြဲေခ်ာ္ေစဖို႔နဲ႔ ေနရာတစ္ေနရာ အခိုင္အမာ ရရွိဖို႔အတြက္ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္အေနနဲ႔ ဒေဟးယားေနာက္မွာ ဆက္မေနေတာ့ဘဲ ဇန္နဝါရီမွာ ဘ႐ိုက္တန္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔ တစ္သင္းဆီကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေန။

– အာ႐ြန္ ဝန္ဘစ္ဆာကာအေနနဲ႔ ခံစစ္မွာ ဘယ္ေလာက္ေကာင္းေကာင္း အသင္းကို ပိုမိုကူညီႏိုင္ဖို႔အတြက္ တိုက္စစ္လိုက္ပါ ပံ့ပိုးႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္သြားသင့္တယ္လို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လက္စတာစီးတီးေနာက္ခံလူေဟာင္း ဒန္နီ ဆင့္ပ္ဆန္ တိုက္တြန္း။

– အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ အသင္းအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ ၅ နာရီခြဲေလာက္ ပရီးမီးယားလိဂ္ဂိုး မရတဲ့ မွတ္တမ္းကို ရပ္တန႔္ႏိုင္ခဲ့ေပမယ့္ ကစားကြက္ထဲကေန ဂိုးရဖို႔အတြက္ေတာ့ ေစာင့္ဆိုင္းေနရတာ ႏွစ္လေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္းသိရ။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဘ႐ိုင္ယန္ ေရာ့ဘ္ဆန္က အဲလက္စ္ တဲလက္စ္ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ကစားခြင့္မွာ ျပသခဲ့တဲ့ ပုံစံကို ႏွစ္သက္သေဘာက်ေနၿပီး ကစားခြင့္ပိုရရင္ ပိုေကာင္းလာဦးမယ္လို႔ ခ်ီးက်ဴး။

– ၂၀၂၀ ခုႏွစ္အတြက္ ဥေရာပအေကာင္းဆုံးလူငယ္ဆု Golden Boy Award မွာ အဆင့္ ၁၀ အတြင္းကေန လြဲေခ်ာ္ခဲ့ရတဲ့ ယူႏိုက္တက္ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္အေနနဲ႔ ဆက္လက္ႀကိဳးစားၿပီး ဒီရာသီမွာ ေျခစြမ္းျပႏိုင္ရင္ အာလင္း ဟားလန္းလိုပဲ တူညီတဲ့ တိုက္စစ္ စြမ္းရည္နဲ႔ ဒီဆုအတြက္ ေအာင္ပြဲခံႏိုင္ခြင့္ရွိေနေၾကာင္း Manchester Evening News သုံးသပ္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းမွာ ပိုမိုစြန႔္စားရတဲ့ ဖန္တီးေပးပို႔မႈေတြကို လုပ္ေဆာင္သင့္ၿပီး လက္ရွိကစားေနတဲ့ ေဘာလုံးမဆုံးရႈံးေရး ပုံစံကို စြန႔္လႊတ္ၿပီး တစ္ဖက္ဂိုးဧရိယာနားမွာ ထိေရာက္တဲ့ ကစားပုံကို ေျပာင္းလဲသင့္ေၾကာင္း အက္သလက္တစ္ တိုက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.