Match Report Premier League

အိမ်ကွင်းမှာ လက်စတာဆီက သုံးမှတ်ယူပြီး ဒုတိယနေရာကို ဆက်ထိန်းတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ အမှားအယွင်းမရှိဘဲ ကစားပြီး ဦးဆောင်သူ စပါးစ်ကို လိုက်လံ ဖိအားပေးနိုင်ခဲ့ပါတယ်။ သတင်းတွေ ထွက်နေသလို ရောဘတ်ဆန်၊ မီလ်နာတို့ အလယ်မဝင်ဘဲ ဖာဘင်ညိုနဲ့ မာတစ်ပ်တို့က ဗဟိုမှာ ကစားသွားခဲ့ပြီး လက်စတာကို အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ထိန်းချုပ်သွားခဲ့ပါတယ်။

ကွင်းလယ်က လူငယ်ကစားသမား ကားတစ်ဂျုံးစ်ရဲ့ လုပ်အားနှုန်းကလည်း လက်စတာကို ဒုက္ခပေးနိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ မီလ်နာရဲ့ ထောင့်ကန်ဘောကတစ်ဆင့် လက်စတာနောက်ခံလူ အီဗန်စ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် လီဗာပူးလ်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။

အဖျက်ပိုင်း အားနည်းလိမ့်မယ်လို့ ယူဆရတဲ့ လီဗာပူးလ်အနေနဲ့ အိမ်ကွင်းမှာ အမှားအယွင်းနည်းခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ နောက်ခံလူ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို ဂျိုတာက အနီးကပ်ခေါင်းတိုက်ပြီး ဒုတိယဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပ့ါတယ်။

ဒုတိယပိုင်းမှာ လက်စတာတို့ ချေပဂိုး ပြန်ရဖို့ ကြိုးစားလာခဲ့ပေမယ့် လီဗာပူးလ်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်နေခဲ့ပြီး တောင်ပံ တိုက်စစ်မှူး ဆာဒီယို မာနေးကတော့ အပိုင်အခွင့်အရေးတွေကို ရောဘတ်တို ဖာမီနိုနဲ့အတူ အကြိမ်ကြိမ် ဖြုန်းတီးပစ်ခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာ လီဗာပူးလ်တို့ ဂိုးရနိုင်မယ့် အခွင့်အရေးကို ဖာမီနို တိုင်ထိထွက်ခဲ့ပြီး ထပ်မံပိတ်သွင်းဖို့ ကြိုးစားရာမှာ လက်စတာနောက်ခံလူတွေ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့ရသလို နောက်က ပါလာခဲ့တဲ့ မာနေးရဲ့ ကန်ချက်ကိုလည်း ရှမိုက်ကယ် အသည်းအသန် ကာကွယ်ခဲ့ရတာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ အကြိမ်ကြိမ် Danger ဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ မီလ်နာရဲ့ ထောင့်ကန်ဘောကို ဖာမီနိုက ခေါင်းတိုက်ခဲ့ရာမှာ လက်စတာဂိုးသမား ရှမိုက်ကယ် ကာကွယ်နိုင်ခြင်း မရှိလို့ တတိယဂိုးထပ်ရခဲ့ပြီး အိမ်ကွင်းမှာ အနိုင်သေချာသွားစေခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်း အန်းဖီးလ်မှာ ဂိုးကန်သွင်းမှု ၂၄ ကြိမ်၊ ၁၃ ကြိမ် ဂိုးပေါက်တည့်၊ ရဂိုးသုံးဂိုး၊ သုံးမှတ်၊ Clean Sheet နဲ့ လီဗာပူးလ်တို့ အမှားအယွင်းမရှိ အောင်ပွဲခံပြီး ထိပ်ဆုံးက စပါးစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ ဒုတိယနေရာမှာ ရပ်တည်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ အမွားအယြင္းမရွိဘဲ ကစားၿပီး ဦးေဆာင္သူ စပါးစ္ကို လိုက္လံ ဖိအားေပးႏိုင္ခဲ့ပါတယ္။ သတင္းေတြ ထြက္ေနသလို ေရာဘတ္ဆန္၊ မီလ္နာတို႔ အလယ္မဝင္ဘဲ ဖာဘင္ညိဳနဲ႔ မာတစ္ပ္တို႔က ဗဟိုမွာ ကစားသြားခဲ့ၿပီး လက္စတာကို အနည္းငယ္ ႐ုန္းကန္ခဲ့ရေပမယ့္ ထိန္းခ်ဳပ္သြားခဲ့ပါတယ္။

ကြင္းလယ္က လူငယ္ကစားသမား ကားတစ္ဂ်ဳံးစ္ရဲ႕ လုပ္အားႏႈန္းကလည္း လက္စတာကို ဒုကၡေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ မီလ္နာရဲ႕ ေထာင့္ကန္ေဘာကတစ္ဆင့္ လက္စတာေနာက္ခံလူ အီဗန္စ္က ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ အဖြင့္ဂိုးရခဲ့ပါတယ္။

အဖ်က္ပိုင္း အားနည္းလိမ့္မယ္လို႔ ယူဆရတဲ့ လီဗာပူးလ္အေနနဲ႔ အိမ္ကြင္းမွာ အမွားအယြင္းနည္းခဲ့ၿပီး ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ေနာက္ခံလူ ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာကို ဂ်ိဳတာက အနီးကပ္ေခါင္းတိုက္ၿပီး ဒုတိယဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ပထမပိုင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပ့ါတယ္။

ဒုတိယပိုင္းမွာ လက္စတာတို႔ ေခ်ပဂိုး ျပန္ရဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ လီဗာပူးလ္ရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ကို ေက်ာ္ျဖတ္ဖို႔ ခက္ေနခဲ့ၿပီး ေတာင္ပံ တိုက္စစ္မႉး ဆာဒီယို မာေနးကေတာ့ အပိုင္အခြင့္အေရးေတြကို ေရာဘတ္တို ဖာမီႏိုနဲ႔အတူ အႀကိမ္ႀကိမ္ ျဖဳန္းတီးပစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာ လီဗာပူးလ္တို႔ ဂိုးရႏိုင္မယ့္ အခြင့္အေရးကို ဖာမီႏို တိုင္ထိထြက္ခဲ့ၿပီး ထပ္မံပိတ္သြင္းဖို႔ ႀကိဳးစားရာမွာ လက္စတာေနာက္ခံလူေတြ ဂိုးစည္းေပၚကေန ရွင္းထုတ္ခဲ့ရသလို ေနာက္က ပါလာခဲ့တဲ့ မာေနးရဲ႕ ကန္ခ်က္ကိုလည္း ရွမိုက္ကယ္ အသည္းအသန္ ကာကြယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ အႀကိမ္ႀကိမ္ Danger ျဖစ္ေနခဲ့တဲ့ ကြင္းလယ္လူ မီလ္နာရဲ႕ ေထာင့္ကန္ေဘာကို ဖာမီႏိုက ေခါင္းတိုက္ခဲ့ရာမွာ လက္စတာဂိုးသမား ရွမိုက္ကယ္ ကာကြယ္ႏိုင္ျခင္း မရွိလို႔ တတိယဂိုးထပ္ရခဲ့ၿပီး အိမ္ကြင္းမွာ အႏိုင္ေသခ်ာသြားေစခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္း အန္းဖီးလ္မွာ ဂိုးကန္သြင္းမႈ ၂၄ ႀကိမ္၊ ၁၃ ႀကိမ္ ဂိုးေပါက္တည့္၊ ရဂိုးသုံးဂိုး၊ သုံးမွတ္၊ Clean Sheet နဲ႔ လီဗာပူးလ္တို႔ အမွားအယြင္းမရွိ ေအာင္ပြဲခံၿပီး ထိပ္ဆုံးက စပါးစ္နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ ဒုတိယေနရာမွာ ရပ္တည္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.