Premier League

22 Nov ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဝက်စ်ဘရွန်းနဲ့ပွဲက ကွင်းလယ်မှာ ပေးပို့မှုတွေ ကောင်းမွန်ခြင်းမရှိဘဲ တစ်ဖက်ကစားသမား မားသီးယပ်စ် ပါရဲရားကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ နီမန်ဂျာ မာတစ်ချ်ရဲ့ ကစားသမားဘဝက ကုန်ဆုံးသွားပြီလို့ ပရိသတ်တွေ ဝေဖန်ခဲ့ပြီး ထပ်မသုံးစွဲဖို့ တောင်းဆိုမှုတွေ ရှိနေ။

– ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသမား ဒဟေးယားရဲ့ ကာကွယ်မှုတွေကိုတော့ မေ့လျော့နေကြတာကို ပရိသတ်အချို့က မှတ်မှတ်ရရ ကျေးဇူးတင်ခဲ့ကြပြီး ခံစစ်က ဘောလုံးပေးပို့ပုံကလည်း ကောင်းမွန်ခဲ့တယ်လို့ ချီးကျူးနေကြ။

– အသင်းဂန္ထဝင်ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်က မန်ချက်စတာယူနိုက်တက်အသင်းသားတွေအနေနဲ့ ဘရူနို ဖာနန်ဒက်စ်ကို တရားလွန် မှီခိုနေတာကို ရပ်သင့်ပြီဖြစ်ပြီး သူတို့ကြောင့် အိုးလ်ထရက်ဖို့ဒ်က နိုင်ပွဲက ရုပ်ဆိုးတဲ့ပွဲတစ်ပွဲသာဖြစ်ခဲ့တယ်လို့ ဝေဖန်။

– မိနစ် ၉၀ အပြည့် ကစားနိုင်ခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ပွဲထွက်မှာ Clean Sheet နဲ့ အဖွင့်လှခဲ့တဲ့ အဲလက်စ် တဲလက်စ်ဟာ ခံစစ်မှာ ဖျက်ထုတ်မှုစုစုပေါင်း ၈ ကြိမ်နဲ့ ကစားပုံကောင်းခဲ့သလို တိုက်စစ်မှာ နားလည်မှု တည်ဆောက်ဆဲဖြစ်လို့ ဖန်တီးမပေးနိုင်ခဲ့ပေမယ့် တိကျတဲ့ ပေးပို့မှု ၈၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း မှတ်တမ်းတွေ ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီထက်ပိုကောင်းအောင် ကြိုးစားသင့်တယ်လို့ အသင်းဖော်တွေကို ဘရူနို ဖာနန်ဒက်စ်က တိုက်တွန်းခဲ့ပြီး အနိုင်ဂိုးရှင် ပေါ်တူဂီသားအနေနဲ့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အဆုံးသတ်ပိုင်းကို ရည်ရွယ်ခဲ့တယ်လို့ ယူဆရ။

– ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သူ့ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် အသင်းဂန္ထဝင်နောက်ခံလူ ဒင်းနစ် အာဝင်ရဲ့ ပင်နယ်တီမှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို ရောက်ကတည်းက ၈ ကြိမ် ကန်သွင်းရာမှာ ၇ ကြိမ်ဝင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၂ ကြိမ် ကန်သွင်းပြီး အိုင်ယာလန်နောက်ခံလူဟောင်းရဲ့ ၁၁ ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ နိုင်ပွဲမှာ ကွင်းလယ်က ဘောလုံးမထွက်ခဲ့တာကို ထောက်ပြခဲ့ကြတဲ့ ရီယို ဖာဒီနန်နဲ့ ပေါလ်စခိုးလ်တို့က မလိုအပ်ဘဲ ကွင်းလယ်အဖျက်နှစ်ယောက်ကို တစ်ပြိုင်တည်း မသုံးစွဲဖို့ ကန့်ကွက်သွားခဲ့ကြ။

– အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ကတည်းက အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ပရီးမီးယားလိဂ် ကလပ်အသင်းနှစ်သင်းက စိတ်ဝင်စားနေတယ်လို့ သိရပြီး လိဒ်စ်ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ဖြစ်တယ်လို့ သတင်းတွေ ဖော်ပြ။

– ယူနိုက်တက်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ရဲ့ ဘဝင်မြင့်တဲ့ ပုံစံနဲ့ ကစားနေပြီး အသင်းဖော်တွေနဲ့ နားလည်မှု မရှိတဲ့ ဂိုးရှေ့က ပုံစံကို စိုးရိမ်မိတယ်လို့ ချဲလ်ဆီးကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဖရန့်ခ် လူးဘတ်ဖ်နဲ့ ခရိတ် ဘာလီတို့ ဝေဖန်သွားခဲ့ကြပြီး သူဟာ ဆိုးလ်ရှားရဲ့ အဓိက ပြဿနာလို့ ထောက်ပြခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဝက္စ္ဘ႐ြန္းနဲ႔ပြဲက ကြင္းလယ္မွာ ေပးပို႔မႈေတြ ေကာင္းမြန္ျခင္းမရွိဘဲ တစ္ဖက္ကစားသမား မားသီးယပ္စ္ ပါရဲရားကိုလည္း ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေတာ့တဲ့ နီမန္ဂ်ာ မာတစ္ခ်္ရဲ႕ ကစားသမားဘဝက ကုန္ဆုံးသြားၿပီလို႔ ပရိသတ္ေတြ ေဝဖန္ခဲ့ၿပီး ထပ္မသုံးစြဲဖို႔ ေတာင္းဆိုမႈေတြ ရွိေန။

– ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီနဲ႔ အိမ္ကြင္းမွာ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဂိုးသမား ဒေဟးယားရဲ႕ ကာကြယ္မႈေတြကိုေတာ့ ေမ့ေလ်ာ့ေနၾကတာကို ပရိသတ္အခ်ိဳ႕က မွတ္မွတ္ရရ ေက်းဇူးတင္ခဲ့ၾကၿပီး ခံစစ္က ေဘာလုံးေပးပို႔ပုံကလည္း ေကာင္းမြန္ခဲ့တယ္လို႔ ခ်ီးက်ဴးေနၾက။

– အသင္းဂႏၴဝင္ကြင္းလယ္လူေဟာင္း ေပါလ္ စခိုးလ္က မန္ခ်က္စတာယူႏိုက္တက္အသင္းသားေတြအေနနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို တရားလြန္ မွီခိုေနတာကို ရပ္သင့္ၿပီျဖစ္ၿပီး သူတို႔ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္က ႏိုင္ပြဲက ႐ုပ္ဆိုးတဲ့ပြဲတစ္ပြဲသာျဖစ္ခဲ့တယ္လို႔ ေဝဖန္။

– မိနစ္ ၉၀ အျပည့္ ကစားႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ပထမဦးဆုံး ပရီးမီးယားလိဂ္ပြဲထြက္မွာ Clean Sheet နဲ႔ အဖြင့္လွခဲ့တဲ့ အဲလက္စ္ တဲလက္စ္ဟာ ခံစစ္မွာ ဖ်က္ထုတ္မႈစုစုေပါင္း ၈ ႀကိမ္နဲ႔ ကစားပုံေကာင္းခဲ့သလို တိုက္စစ္မွာ နားလည္မႈ တည္ေဆာက္ဆဲျဖစ္လို႔ ဖန္တီးမေပးႏိုင္ခဲ့ေပမယ့္ တိက်တဲ့ ေပးပို႔မႈ ၈၄ ရာခိုင္ႏႈန္းအထိ ရွိခဲ့ေၾကာင္း မွတ္တမ္းေတြ ေဖာ္ျပ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီထက္ပိုေကာင္းေအာင္ ႀကိဳးစားသင့္တယ္လို႔ အသင္းေဖာ္ေတြကို ဘ႐ူႏို ဖာနန္ဒက္စ္က တိုက္တြန္းခဲ့ၿပီး အႏိုင္ဂိုးရွင္ ေပၚတူဂီသားအေနနဲ႔ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္ရဲ႕ အဆုံးသတ္ပိုင္းကို ရည္႐ြယ္ခဲ့တယ္လို႔ ယူဆရ။

– ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ သူ႔ရဲ႕ ပင္နယ္တီသြင္းဂိုးေၾကာင့္ အသင္းဂႏၴဝင္ေနာက္ခံလူ ဒင္းနစ္ အာဝင္ရဲ႕ ပင္နယ္တီမွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ကို ေရာက္ကတည္းက ၈ ႀကိမ္ ကန္သြင္းရာမွာ ၇ ႀကိမ္ဝင္ခဲ့ၿပီး ၿပိဳင္ပြဲစုံမွာ ၁၂ ႀကိမ္ ကန္သြင္းၿပီး အိုင္ယာလန္ေနာက္ခံလူေဟာင္းရဲ႕ ၁၁ ႀကိမ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ႏိုင္ပြဲမွာ ကြင္းလယ္က ေဘာလုံးမထြက္ခဲ့တာကို ေထာက္ျပခဲ့ၾကတဲ့ ရီယို ဖာဒီနန္နဲ႔ ေပါလ္စခိုးလ္တို႔က မလိုအပ္ဘဲ ကြင္းလယ္အဖ်က္ႏွစ္ေယာက္ကို တစ္ၿပိဳင္တည္း မသုံးစြဲဖို႔ ကန႔္ကြက္သြားခဲ့ၾက။

– အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ကတည္းက အရန္ခုံမွာသာ အခ်ိန္ကုန္ခဲ့ရတဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ပရီးမီးယားလိဂ္ ကလပ္အသင္းႏွစ္သင္းက စိတ္ဝင္စားေနတယ္လို႔ သိရၿပီး လိဒ္စ္ယူႏိုက္တက္နဲ႔ ဘ႐ိုက္တန္တို႔ျဖစ္တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ယူႏိုက္တက္တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ရဲ႕ ဘဝင္ျမင့္တဲ့ ပုံစံနဲ႔ ကစားေနၿပီး အသင္းေဖာ္ေတြနဲ႔ နားလည္မႈ မရွိတဲ့ ဂိုးေရွ႕က ပုံစံကို စိုးရိမ္မိတယ္လို႔ ခ်ဲလ္ဆီးကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ဖရန႔္ခ္ လူးဘတ္ဖ္နဲ႔ ခရိတ္ ဘာလီတို႔ ေဝဖန္သြားခဲ့ၾကၿပီး သူဟာ ဆိုးလ္ရွားရဲ႕ အဓိက ျပႆနာလို႔ ေထာက္ျပခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.