Match Report Premier League

အယ်လန်ရုတ်ဒ်မှာ အဖြေမပေါ်ခဲ့တဲ့ လိဒ်စ်နဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ သူတို့အတွက် ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ၄-၃-၃ ပြောင်းကစားခဲ့ပြီး အူဘာမီယန်းကို ဝီလီယန်နဲ့ ပေပေတို့က ဘယ်ညာရံကစားခဲ့ပြီး ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ စီဘာယော့စ်နဲ့ ချာကာကို ဝီလော့ခ်နဲ့တွဲပြီး အိမ်ကွင်းကောင်းတဲ့ လိဒ်စ်ရဲ့ လုပ်အားနှုန်းကို ယှဉ်ပြိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

စီဘာယော့စ်နဲ့ ချာကာတို့ရဲ့ ကွင်းလယ်က ဘောလုံးဖြန့်ဝေမှုမှာ နှောင့်နှေးမှုတွေ များခဲ့သလို ပေပေကလည်း ထုံးစံအတိုင်း အကောင်းဆုံးအချိန်မှာတောင် သာမန်အဆင့်မှာပဲ ရှိတဲ့ခြေစွမ်းနဲ့ အသားမကျသေးတဲ့ တွဲလုံးတွေမှာ လိဒ်စ်နောက်တန်းကို ကြီးကြီးမားမား အန္တရာယ်မပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမှာ အိမ်ရှင် လိဒ်စ်က ပိုသာခဲ့သလို တိုက်စစ်မှူး ပက်ထရစ် ဘမ်ဖို့ဒ်ရဲ့ ကန်ချက်တွေကို အာဆင်နယ်ဂိုးသမား လီနို ကာကွယ်ခဲ့ရပြီး အူဘာမီယန်းကတော့ သူ့ကို ဝန်းရံသူတွေကြားမှာ အသားမကျသလို ဖြစ်နေခဲ့ပါတယ်။

လိဒ်စ်ဘက်က အဆုံးသတ် မသေချာလို့သာ အာဆင်နယ်နောက်တန်း ဒီထက်ပိုပြီး အလုပ်မများခဲ့ရတာဖြစ်ပြီး အဓိကအားဖြင့် ဘမ်ဖို့ဒ်ကလွဲလို့ ကွင်းလယ်နဲ့ တောင်ပံကစားသမားတွေရဲ့ ကန်ချက်တွေက ပြီးပြီးရောလိုဖြစ်နေတဲ့အတွက် အိမ်ရှင်တို့ ဂိုးပေါက်နှစ်ကြိမ်ထက် မတည့်ခဲ့ဘဲ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ လိဒ်စ်ရဲ့ အာလီယော့စကီးကို ခေါင်းနဲ့ မထိတထိဆောင့်ခဲ့တဲ့ ပေပေ အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ၁၀ ယောက်ကျန် အာဆင်နယ်တို့ ကစားပုံ ကျဆင်းသွားခဲ့ပြီး ဝီလော့ခ်အစား ဆာကာကို လူစားသွင်းခဲ့ရသလို တန်ပြန်တိုက်စစ်ကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အူဘာမီယန်းရဲ့ ကန်ချက်ကို လိဒ်စ်အသင်းခေါင်းဆောင် ကူးပါး လက်နဲ့ ထိခဲ့တာကို VAR အဖွဲ့က ပင်နယ်တီပေးဖို့ ပယ်ချသွားခဲ့ပြီး ဆာကာရဲ့ တန်ပြန်တိုက်စစ်က အခွင့်အရေးကိုလည်း ဂိုးသမား မယ်လီယေး ကာကွယ်သွားနိုင်ခဲ့ပြီး ဘမ်ဖို့ဒ်ရဲ့ ခေါင်းတိုက်ချက်ကတော့ တိုင်ထိခဲ့သလို ပွဲပြီးခါနီး ၁၀ မိနစ်မှာ အပြန်အလှန် Action တွေ များပြားလာခဲ့ပါတယ်။

ဒါပေမယ့် ဒီထက်ပိုပြီး နှစ်ဖက်စလုံးက ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း မရှိတော့တာကြောင့် နာကျင်အချိန်ပို ၅ မိနစ်အပြီးမှာ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဘီယယ်လ်ဆာနဲ့ အာတီတာတို့ တစ်ဦးကို တစ်ဦး အသာမရခဲ့ဘဲ တစ်မှတ်စီနဲ့သာ ကျေနပ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ သူတို႔အတြက္ ဒီရာသီမွာ ပထမဆုံးအႀကိမ္အျဖစ္ ၄-၃-၃ ေျပာင္းကစားခဲ့ၿပီး အူဘာမီယန္းကို ဝီလီယန္နဲ႔ ေပေပတို႔က ဘယ္ညာရံကစားခဲ့ၿပီး ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ စီဘာေယာ့စ္နဲ႔ ခ်ာကာကို ဝီေလာ့ခ္နဲ႔တြဲၿပီး အိမ္ကြင္းေကာင္းတဲ့ လိဒ္စ္ရဲ႕ လုပ္အားႏႈန္းကို ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

စီဘာေယာ့စ္နဲ႔ ခ်ာကာတို႔ရဲ႕ ကြင္းလယ္က ေဘာလုံးျဖန႔္ေဝမႈမွာ ေႏွာင့္ေႏွးမႈေတြ မ်ားခဲ့သလို ေပေပကလည္း ထုံးစံအတိုင္း အေကာင္းဆုံးအခ်ိန္မွာေတာင္ သာမန္အဆင့္မွာပဲ ရွိတဲ့ေျခစြမ္းနဲ႔ အသားမက်ေသးတဲ့ တြဲလုံးေတြမွာ လိဒ္စ္ေနာက္တန္းကို ႀကီးႀကီးမားမား အႏၲရာယ္မေပးႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ပထမပိုင္းမွာ ႏွစ္သင္းစလုံး အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈမွာ အိမ္ရွင္ လိဒ္စ္က ပိုသာခဲ့သလို တိုက္စစ္မႉး ပက္ထရစ္ ဘမ္ဖို႔ဒ္ရဲ႕ ကန္ခ်က္ေတြကို အာဆင္နယ္ဂိုးသမား လီႏို ကာကြယ္ခဲ့ရၿပီး အူဘာမီယန္းကေတာ့ သူ႔ကို ဝန္းရံသူေတြၾကားမွာ အသားမက်သလို ျဖစ္ေနခဲ့ပါတယ္။

လိဒ္စ္ဘက္က အဆုံးသတ္ မေသခ်ာလို႔သာ အာဆင္နယ္ေနာက္တန္း ဒီထက္ပိုၿပီး အလုပ္မမ်ားခဲ့ရတာျဖစ္ၿပီး အဓိကအားျဖင့္ ဘမ္ဖို႔ဒ္ကလြဲလို႔ ကြင္းလယ္နဲ႔ ေတာင္ပံကစားသမားေတြရဲ႕ ကန္ခ်က္ေတြက ၿပီးၿပီးေရာလိုျဖစ္ေနတဲ့အတြက္ အိမ္ရွင္တို႔ ဂိုးေပါက္ႏွစ္ႀကိမ္ထက္ မတည့္ခဲ့ဘဲ ပထမပိုင္းမွာ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ လိဒ္စ္ရဲ႕ အာလီေယာ့စကီးကို ေခါင္းနဲ႔ မထိတထိေဆာင့္ခဲ့တဲ့ ေပေပ အနီကတ္နဲ႔ အထုတ္ခံခဲ့ရလို႔ ၁၀ ေယာက္က်န္ အာဆင္နယ္တို႔ ကစားပုံ က်ဆင္းသြားခဲ့ၿပီး ဝီေလာ့ခ္အစား ဆာကာကို လူစားသြင္းခဲ့ရသလို တန္ျပန္တိုက္စစ္ကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

အူဘာမီယန္းရဲ႕ ကန္ခ်က္ကို လိဒ္စ္အသင္းေခါင္းေဆာင္ ကူးပါး လက္နဲ႔ ထိခဲ့တာကို VAR အဖြဲ႕က ပင္နယ္တီေပးဖို႔ ပယ္ခ်သြားခဲ့ၿပီး ဆာကာရဲ႕ တန္ျပန္တိုက္စစ္က အခြင့္အေရးကိုလည္း ဂိုးသမား မယ္လီေယး ကာကြယ္သြားႏိုင္ခဲ့ၿပီး ဘမ္ဖို႔ဒ္ရဲ႕ ေခါင္းတိုက္ခ်က္ကေတာ့ တိုင္ထိခဲ့သလို ပြဲၿပီးခါနီး ၁၀ မိနစ္မွာ အျပန္အလွန္ Action ေတြ မ်ားျပားလာခဲ့ပါတယ္။

ဒါေပမယ့္ ဒီထက္ပိုၿပီး ႏွစ္ဖက္စလုံးက ေကာင္းမြန္တဲ့ အခြင့္အေရးေတြ ဖန္တီးႏိုင္စြမ္း မရွိေတာ့တာေၾကာင့္ နာက်င္အခ်ိန္ပို ၅ မိနစ္အၿပီးမွာ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ဘီယယ္လ္ဆာနဲ႔ အာတီတာတို႔ တစ္ဦးကို တစ္ဦး အသာမရခဲ့ဘဲ တစ္မွတ္စီနဲ႔သာ ေက်နပ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.