Premier League

22 Nov ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ

– ဖယ်ရန် တောရက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ကြိုးစားနေချိန်မှာ တစ်ကိုယ်ကောင်းဆန်ဆန်ကစားပြီး စပါးစ်ရဲ့ ရက်ဂီလွန်ကို မကျော်နိုင်ခဲ့တဲ့ ရီယက် မာရက်ဇ်ဟာ ရှုံးပွဲရဲ့ သားကောင်ဖြစ်ခဲ့ပြီး မန်ချက်စတာစီးတီးပရိသတ်တွေရဲ့ တွစ်တာမှာ ဝိုင်းဝန်းတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရ။

– စပါးစ်အသင်းကတော့ တကယ်ပဲ ချန်ပီယံခြေစွမ်းကို ပိုင်ဆိုင်ထားတယ်လို့ ဂွါဒီယိုလာက ချီးကျူးလိုက်ပြီး မိမိတို့အသင်းရဲ့ ဂိုးတွေ သွင်းယူဖို့ ခက်ခဲနေတဲ့ ပုံစံက လောလောဆယ်ကြီးမားတဲ့ အခက်အခဲဖြစ်ကြောင်းနဲ့ ၉ ပွဲကစားပြီး နောက်ပိုင်းမှာ ပိုမိုတိုးတက်မှုတွေ လိုအပ်နေကြောင်း ပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဂွါဒီယိုလာကို စာချုပ်သစ် ချုပ်ဆိုအပြီးမှာ တောင်ပံကစားသမား ရာဟင်းမ် စတာလင်ကိုလည်း သူ့ရဲ့ အကောင်းဆုံးအချိန်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လက်ရှိ ပေါင်သုံးသိန်းထက် လုပ်ခလစာတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ စီစဉ်နေ။

– လက်ထိဘောစည်းမျဉ်းကို နောက်ပိုင်းသုံးနှစ်မှာ လိုသလို ဆွဲသုံးနေတာအတွက် စိတ်ပျက်ရကြောင်း ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက ပြောကြားလိုက်ပြီး စည်းမျဉ်းရေးဆွဲသူတွေဟာ ဘောလုံးအကြောင်း နားမလည်သူတွေတော့ မဖြစ်သင့်ဘူးလို့ဆို။

– တိုက်စစ်မှူးတွေ ကြံ့ခိုင်လာရင်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ ဆက်သွားလို့ မရဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပြီး မိမိတို့အသင်းဟာ တိုက်စစ်နဲ့ တန်ပြန်တိုက်စစ်တွေကို အန္တရာယ်ပေးနိုင်တဲ့အထိ ကစားနိုင်ပေမယ့် အဆုံးသတ်ဖို့ ပေးပို့တဲ့ နောက်ဆုံး ဖန်တီးမှုမှာ လိုအပ်ချက်ကြီးမားနေတယ်လို့ စပါးစ်နဲ့ ရှုံးပွဲအပြီးမှာ ထောက်ပြသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းဟာ ဂိမ်းထဲမှာနဲ့ နှိုင်ယှဉ်ရမယ်ဆိုရင် သူတို့ရဲ့ ရနိုင်သမျှ အသက်တွေအားလုံးကို အသုံးပြုပြီးသွားပြီဖြစ်ပြီး ရှေ့လျှောက် လုံးဝအမှားခံလို့ မရတော့ဘူးလို့ Manchester Evening News ရေးသား။

– တိုက်စစ်မှူး ဂျေဆူးစ်ရဲ့ အစ်တီဟတ်မှာ နှစ်နှစ်ခွဲကျန်နေသေးတဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့ မန်စီးတီးတာဝန်ရှိသူတွေ လုပ်ဆောင် နေပြီး နည်းပြ ဂွါဒီယိုလာရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ ဘရာဇီးလ်သားကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဖယ္ရန္ ေတာရက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ ႀကိဳးစားေနခ်ိန္မွာ တစ္ကိုယ္ေကာင္းဆန္ဆန္ကစားၿပီး စပါးစ္ရဲ႕ ရက္ဂီလြန္ကို မေက်ာ္ႏိုင္ခဲ့တဲ့ ရီယက္ မာရက္ဇ္ဟာ ရႈံးပြဲရဲ႕ သားေကာင္ျဖစ္ခဲ့ၿပီး မန္ခ်က္စတာစီးတီးပရိသတ္ေတြရဲ႕ တြစ္တာမွာ ဝိုင္းဝန္းတိုက္ခိုက္မႈေတြနဲ႔ ႀကဳံေတြ႕ေနရ။

– စပါးစ္အသင္းကေတာ့ တကယ္ပဲ ခ်န္ပီယံေျခစြမ္းကို ပိုင္ဆိုင္ထားတယ္လို႔ ဂြါဒီယိုလာက ခ်ီးက်ဴးလိုက္ၿပီး မိမိတို႔အသင္းရဲ႕ ဂိုးေတြ သြင္းယူဖို႔ ခက္ခဲေနတဲ့ ပုံစံက ေလာေလာဆယ္ႀကီးမားတဲ့ အခက္အခဲျဖစ္ေၾကာင္းနဲ႔ ၉ ပြဲကစားၿပီး ေနာက္ပိုင္းမွာ ပိုမိုတိုးတက္မႈေတြ လိုအပ္ေနေၾကာင္း ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဂြါဒီယိုလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုအၿပီးမွာ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ကိုလည္း သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္မွာ ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ လက္ရွိ ေပါင္သုံးသိန္းထက္ လုပ္ခလစာတိုးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖို႔ စီစဥ္ေန။

– လက္ထိေဘာစည္းမ်ဥ္းကို ေနာက္ပိုင္းသုံးႏွစ္မွာ လိုသလို ဆြဲသုံးေနတာအတြက္ စိတ္ပ်က္ရေၾကာင္း ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက ေျပာၾကားလိုက္ၿပီး စည္းမ်ဥ္းေရးဆြဲသူေတြဟာ ေဘာလုံးအေၾကာင္း နားမလည္သူေတြေတာ့ မျဖစ္သင့္ဘူးလို႔ဆို။

– တိုက္စစ္မႉးေတြ ႀကံ့ခိုင္လာရင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုတည္းနဲ႔ ဆက္သြားလို႔ မရဘူးလို႔ နည္းျပ ဂြါဒီယိုလာက ေျပာၾကားလိုက္ၿပီး မိမိတို႔အသင္းဟာ တိုက္စစ္နဲ႔ တန္ျပန္တိုက္စစ္ေတြကို အႏၲရာယ္ေပးႏိုင္တဲ့အထိ ကစားႏိုင္ေပမယ့္ အဆုံးသတ္ဖို႔ ေပးပို႔တဲ့ ေနာက္ဆုံး ဖန္တီးမႈမွာ လိုအပ္ခ်က္ႀကီးမားေနတယ္လို႔ စပါးစ္နဲ႔ ရႈံးပြဲအၿပီးမွာ ေထာက္ျပသြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းဟာ ဂိမ္းထဲမွာနဲ႔ ႏႈိင္ယွဥ္ရမယ္ဆိုရင္ သူတို႔ရဲ႕ ရႏိုင္သမွ် အသက္ေတြအားလုံးကို အသုံးျပဳၿပီးသြားၿပီျဖစ္ၿပီး ေရွ႕ေလွ်ာက္ လုံးဝအမွားခံလို႔ မရေတာ့ဘူးလို႔ Manchester Evening News ေရးသား။

– တိုက္စစ္မႉး ေဂ်ဆူးစ္ရဲ႕ အစ္တီဟတ္မွာ ႏွစ္ႏွစ္ခြဲက်န္ေနေသးတဲ့ စာခ်ဳပ္သက္တမ္းကို တိုးျမႇင့္ဖို႔ မန္စီးတီးတာဝန္ရွိသူေတြ လုပ္ေဆာင္ ေနၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ ယုံၾကည္မႈကို ရရွိထားတဲ့ ဘရာဇီးလ္သားကို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းခြဲနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.