La Liga Premier League

ေအာ္ဒီဂတ္ကို ေႏြရာသီမွာ ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ယူႏုိက္တက္ကင္းေထာက္ခ်ဳပ္ကို ေစလႊတ္ထား

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အေျခအေနေတြ အသံအမ်ဳိးမ်ဳိးထြက္ေနေပမယ့္လည္း ေႏြရာသီမွာ အားျဖည့္ဖို႔ကေတာ့ မျဖစ္မေန လုပ္ေဆာင္သြားမယ့္ အရာအျဖစ္မွန္း သိသာေနခဲ့ၿပီး အသင္းတာဝန္ရွိသူေတြဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ မာတင္ ေအာ္ဒီဂတ္ကို ေခၚယူဖို႔ ကင္းေထာက္ေတြ ေစလႊတ္ေစာင့္ၾကည့္ထားတယ္လို႔ ဆုိပါတယ္။

ဒီခရီးစဥ္ကို မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကင္းေထာက္ခ်ဳပ္ မာဆယ္လ္ ေဘာက္ထ္ဦးေဆာင္တယ္လို႔ သိရၿပီး ရီးရဲလ္ဆုိစီဒက္မွာ ေျခစြမ္းျပသေနတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ေနာ္ေဝကြင္းလယ္လူကို ဗလင္စီယာအသင္းကို အႏုိင္ရတဲ့ ပြဲစဥ္မွာ တစ္ပြဲလုံးေစာင့္ၾကည့္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ ေအာ္ဒီဂတ္ဟာ ဒီရာသီမွာ ဆုိစီဒက္အတြက္ ၂၆ ပြဲကစား၊ ၇ ဂိုး သြင္းယူေပးထားၿပီး ေျခစြမ္းျပေနခဲ့ေပမယ့္ မိခင္အသင္းအတြက္ေတာ့ စိတ္ဝင္စားစရာမျဖစ္ခဲ့ဘဲ ဘရာဇီးလ္သားေတြကို ပုိႀကဳိက္တဲ့ စပိန္အင္အားႀကီးအသင္းအတြက္ေတာ့ လက္ရွိအခ်ိန္ထိ ႏွစ္ပြဲသာ ကစားခြင့္ရထားသူလည္းျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္က ဥေရာပအသင္းႀကီးေတြ အမ်ားႀကီးက အလိုရွိေနခဲ့ၾကေပမယ့္ အသင္းနာမည္တစ္ခုတည္းကို ၾကည့္ၿပီး ေရြးခ်ယ္မွဳမွားခဲ့တဲ့ ေအာ္ဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္ကို ေရာက္ကတည္းက အငွားနဲ႔သာ အခ်ိန္ကုန္ေနခဲ့ရၿပီး ဒီႏွစ္မွာမွ လာလီဂါမွာ ျပန္ကစားခြင့္ရသူလည္းျဖစ္ပါတယ္။

အသင္းမွာ အစၥကိုနဲ႔ ဟားမက္စ္ ႐ိုဒရီဂက္ဇ္တုိ႔ေတာင္ ေနရာမရခ်ိန္မွာ ဒီေနာ္ေဝသားအတြက္ ေနရာတစ္ခုေပးဖို႔ကလည္း ျဖစ္ႏိုင္ေျခနည္းေနၿပီး မန္ခ်က္စတာယူႏိုက္တက္လိုအသင္းမ်ဳိးအေနနဲ႔ အလြယ္တကူ ေခၚယူႏုိင္ဖြယ္ရွိေနသလို ထည့္သြင္းစဥ္းစားစရာ အခ်က္တစ္ခ်က္ကေတာ့ သူနဲ႔ ဂရီလစ္ရွ္၊ မက္ဒီဆန္တို႔ထဲက ႏွစ္ဦးေလာက္ကိုသာ ေရြးခ်ယ္ႏုိင္မွာျဖစ္လို႔ ယူ႐ို ၂၀၂၀ မတုိင္ခင္ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခြေအနေတွေ အသံအမျိုးမျိုးထွက်နေပေမယ့်လည်း နွေရာသီမှာ အားဖြည့်ဖို့ကတော့ မဖြစ်မနေ လုပ်ဆောင်သွားမယ့် အရာအဖြစ်မှန်း သိသာနေခဲ့ပြီး အသင်းတာဝန်ရှိသူတွေဟာ ရီးရဲလ်မက်ဒရစ်ရဲ့ မာတင် အော်ဒီဂတ်ကို ခေါ်ယူဖို့ ကင်းထောက်တွေ စေလွှတ်စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ ကင်းထောက်ချုပ် မာဆယ်လ် ဘောက်ထ်ဦးဆောင်တယ်လို့ သိရပြီး ရီးရဲလ်ဆိုစီဒက်မှာ ခြေစွမ်းပြသနေတဲ့ အသက် ၂၁ နှစ်အရွယ် နော်ဝေကွင်းလယ်လူကို ဗလင်စီယာအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ တစ်ပွဲလုံးစောင့်ကြည့်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အော်ဒီဂတ်ဟာ ဒီရာသီမှာ ဆိုစီဒက်အတွက် ၂၆ ပွဲကစား၊ ၇ ဂိုး သွင်းယူပေးထားပြီး ခြေစွမ်းပြနေခဲ့ပေမယ့် မိခင်အသင်းအတွက်တော့ စိတ်ဝင်စားစရာမဖြစ်ခဲ့ဘဲ ဘရာဇီးလ်သားတွေကို ပိုကြိုက်တဲ့ စပိန်အင်အားကြီးအသင်းအတွက်တော့ လက်ရှိအချိန်ထိ နှစ်ပွဲသာ ကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ဥရောပအသင်းကြီးတွေ အများကြီးက အလိုရှိနေခဲ့ကြပေမယ့် အသင်းနာမည်တစ်ခုတည်းကို ကြည့်ပြီး ရွေးချယ်မှုမှားခဲ့တဲ့ အော်ဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရောက်ကတည်းက အငှားနဲ့သာ အချိန်ကုန်နေခဲ့ရပြီး ဒီနှစ်မှာမှ လာလီဂါမှာ ပြန်ကစားခွင့်ရသူလည်းဖြစ်ပါတယ်။

အသင်းမှာ အစ္စကိုနဲ့ ဟားမက်စ် ရိုဒရီဂက်ဇ်တို့တောင် နေရာမရချိန်မှာ ဒီနော်ဝေသားအတွက် နေရာတစ်ခုပေးဖို့ကလည်း ဖြစ်နိုင်ခြေနည်းနေပြီး မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးအနေနဲ့ အလွယ်တကူ ခေါ်ယူနိုင်ဖွယ်ရှိနေသလို ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်ကတော့ သူနဲ့ ဂရီလစ်ရှ်၊ မက်ဒီဆန်တို့ထဲက နှစ်ဦးလောက်ကိုသာ ရွေးချယ်နိုင်မှာဖြစ်လို့ ယူရို ၂၀၂၀ မတိုင်ခင် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.