Premier League

ဆာလားေနရာကို လူငယ္ေတြနဲ႔ အစားထိုးႏိုင္ရင္ ေရာင္းခ်ဖို႔ အႀကဳံျပဳခဲ့တဲ့ ဒါရင္းဘန္႔

လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး မိုဟာမက္ ဆာလားအေနနဲ႔ အသင္းရဲ႕ ရွဳံးပြဲမရွိ ခရီးစဥ္မွာ အဓိကေနရာက ပါဝင္ေနၿပီး ၿပဳိင္ပြဲစုံ စုစုေပါင္း ၁၈ ဂိုးအထိ သြင္းယူေပးထားခဲ့ေပမယ့္ အဂၤလန္တုိက္စစ္မွဴးေဟာင္း ဒါရင္းဘန္႔က သူ႕ကို လူငယ္ေတြျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ဳိ၊ ကိုင္လ်န္ အမ္ဘက္ေပတုိ႔နဲ႔ အစားထိုးႏုိင္မယ္ဆုိရင္ ေရာင္းခ်ဖို႔ အႀကံျပဳခဲ့ပါတယ္။

လီဗာပူးလ္အသင္းအတြက္ ေနာက္ဆုံး ၂ ပြဲမွာ ၃ ဂိုးသြင္းယူေပးခဲ့ၿပီး ႏုိင္ပြဲေတြမွာ အေရးပါခဲ့ေပမယ့္ ဆာလားထက္ အသင္းကို ပိုၿပီးအက်ဳိးျပဳသူေတြဟာ တြဲဖက္တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ ေရာဘတ္တို ဖာမီႏိုနဲ႔ ဆာဒီယို မာေနးတုိ႔သာျဖစ္ၾကတယ္လို႔လည္း ဒါရင္းဘန္႔က သုံးသပ္ခဲ့ပါတယ္။

“ဒီလိုဗ်… ဆာလားဟာ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ၿပီး ဂိုးေတြလည္း အမ်ားႀကီးသြင္းယူႏုိင္တဲ့သူမ်ဳိးပါ။ ေရႊဖိနပ္ဆု၊ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆု၊ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုေတြကို ဆြတ္ခူးဖူးသလို ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ပါ မွတ္တမ္းထိုးႏုိင္မယ့္သူမ်ဳိးလည္းျဖစ္ပါတယ္။ မာေနးကေတာ့ သူ႕ေလာက္ ဂိုးေတြ မသြင္းႏုိင္ေပမယ့္ တစ္ကိုယ္ေကာင္းမဆန္ဘဲ အခြင့္အေရးပုိေကာင္းတဲ့သူဆီ သြင္းဂိုးေတြ ဖန္တီးေပးတတ္သူပါ။ ဒါေၾကာင့္ မာေနးဟာ ဆာလားထက္ အသင္းမွာ ပုိအေရးပါတယ္လို႔ ထင္ပါတယ္”လို႔ အဂၤလန္တုိက္စစ္မွဴးေဟာင္းက Talk Sport ကို ေျပာပါတယ္။

“ဒါ့အျပင္ ဖာမီႏိုကလည္း ဂိုးေတြ အမ်ားႀကီးမသြင္းႏုိင္ေပမယ့္ အသင္းေဖာ္ေတြကို ေကာ္နဲ႔ ကပ္သလိုမ်ဳိး တြဲစပ္ခ်ိတ္ဆက္ေပးႏုိင္တဲ့သူပါ။ သူ႕ရဲ႕ ေဘာလုံးကိုင္ကစားပုံနဲ႔ အကြက္ျမင္မွဳေတြက ပရီးမီးယားလိဂ္မွာ ထိပ္တန္းအဆင့္ျဖစ္လို႔ အသင္းအတြက္ ထူးခၽြန္ေျပာင္ေျမာက္တဲ့သူတစ္ဦးလည္း ျဖစ္ေနပါတယ္။ ဒီအတြက္ မာေနးနဲ႔ ဖာမီႏိုကို ေရာင္းဖို႔ကေတာ့ သိပ္မလြယ္ဘူးထင္ပါတယ္”လုိ႔လည္း ဘန္႔က ဆုိပါတယ္။

ဒါရင္းဘန္႔က ဆာလားကို ေပါင္သန္းတစ္ရာေက်ာ္ေလာက္ရရင္ ေရာင္းခ်သင့္တယ္လို႔ တုိက္႐ိုက္ဆုိခ်င္တာ မဟုတ္ေပမယ့္ ဆန္ခ်ဳိနဲ႔ အမ္ဘာေပလို လူငယ္ေတြကို ဝယ္ယူဖို႔ဆုိရင္ ဒီနည္းလမ္းကို အသုံးျပဳႏုိင္တယ္လုိ႔ ဆုိခဲ့တာလည္းျဖစ္ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အခ်ိန္ရွိတုန္းမွာ ေျပာင္းလဲမွဳေတြကို လုပ္ေဆာင္ႏုိင္ဖို႔ တုိက္တြန္းသြားတာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ အသင်းရဲ့ ရှုံးပွဲမရှိ ခရီးစဉ်မှာ အဓိကနေရာက ပါဝင်နေပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၁၈ ဂိုးအထိ သွင်းယူပေးထားခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က သူ့ကို လူငယ်တွေဖြစ်တဲ့ ဂျေဒန် ဆန်ချို၊ ကိုင်လျန် အမ်ဘက်ပေတို့နဲ့ အစားထိုးနိုင်မယ်ဆိုရင် ရောင်းချဖို့ အကြံပြုခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးသွင်းယူပေးခဲ့ပြီး နိုင်ပွဲတွေမှာ အရေးပါခဲ့ပေမယ့် ဆာလားထက် အသင်းကို ပိုပြီးအကျိုးပြုသူတွေဟာ တွဲဖက်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ရောဘတ်တို ဖာမီနိုနဲ့ ဆာဒီယို မာနေးတို့သာဖြစ်ကြတယ်လို့လည်း ဒါရင်းဘန့်က သုံးသပ်ခဲ့ပါတယ်။

“ဒီလိုဗျ… ဆာလားဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ဂိုးတွေလည်း အများကြီးသွင်းယူနိုင်တဲ့သူမျိုးပါ။ ရွှေဖိနပ်ဆု၊ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု၊ ချန်ပီယံလိဂ်ချန်ပီယံဆုတွေကို ဆွတ်ခူးဖူးသလို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ်ပါ မှတ်တမ်းထိုးနိုင်မယ့်သူမျိုးလည်းဖြစ်ပါတယ်။ မာနေးကတော့ သူ့လောက် ဂိုးတွေ မသွင်းနိုင်ပေမယ့် တစ်ကိုယ်ကောင်းမဆန်ဘဲ အခွင့်အရေးပိုကောင်းတဲ့သူဆီ သွင်းဂိုးတွေ ဖန်တီးပေးတတ်သူပါ။ ဒါကြောင့် မာနေးဟာ ဆာလားထက် အသင်းမှာ ပိုအရေးပါတယ်လို့ ထင်ပါတယ်”လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်းက Talk Sport ကို ပြောပါတယ်။

“ဒါ့အပြင် ဖာမီနိုကလည်း ဂိုးတွေ အများကြီးမသွင်းနိုင်ပေမယ့် အသင်းဖော်တွေကို ကော်နဲ့ ကပ်သလိုမျိုး တွဲစပ်ချိတ်ဆက်ပေးနိုင်တဲ့သူပါ။ သူ့ရဲ့ ဘောလုံးကိုင်ကစားပုံနဲ့ အကွက်မြင်မှုတွေက ပရီးမီးယားလိဂ်မှာ ထိပ်တန်းအဆင့်ဖြစ်လို့ အသင်းအတွက် ထူးချွန်ပြောင်မြောက်တဲ့သူတစ်ဦးလည်း ဖြစ်နေပါတယ်။ ဒီအတွက် မာနေးနဲ့ ဖာမီနိုကို ရောင်းဖို့ကတော့ သိပ်မလွယ်ဘူးထင်ပါတယ်”လို့လည်း ဘန့်က ဆိုပါတယ်။

ဒါရင်းဘန့်က ဆာလားကို ပေါင်သန်းတစ်ရာကျော်လောက်ရရင် ရောင်းချသင့်တယ်လို့ တိုက်ရိုက်ဆိုချင်တာ မဟုတ်ပေမယ့် ဆန်ချိုနဲ့ အမ်ဘာပေလို လူငယ်တွေကို ဝယ်ယူဖို့ဆိုရင် ဒီနည်းလမ်းကို အသုံးပြုနိုင်တယ်လို့ ဆိုခဲ့တာလည်းဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အချိန်ရှိတုန်းမှာ ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ဖို့ တိုက်တွန်းသွားတာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.