Premier League

မန်ချက်စတာယူနိုက်တက် ၁-၀ ဝက်စ်ဘရွမ်း ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်စရာ အချက် ၅ ချက်

ဒေးဗစ်ကူတီ သို့ VAR ယူနိုက်တက်ကို ကယ်တင်ခဲ့လေသလား
ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ဒီရာသီရဲ့ ပရီးမီးယားလိဂ် ပထမဆုံးအိမ်ကွင်းနိုင်ပွဲရဖို့ VAR ဆီက အကူအညီယူခဲ့ရတယ်ဆိုတာ ငြင်းလို့မရတဲ့ ခါးသီးတဲ့ အမှန်တရားဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အစဥ်အလာဆိုတာ VAR နဲ့ အသက်ဆက်ဖို့လားဆိုတဲ့ မေးခွန်းကို ပရိသတ်ကိုယ်တိုင်က နာနာကျင်ကျင် မေးနေကြပါပြီ။ ဒေးဗစ်ကူတီဟာ ဒီတခါလည်း ယူနိုက်တက်စ်ရဲ့ထုံးစံတခုဖြစ်လာတဲ့ VAR ဆုံးဖြတ်ချက်နဲ့ ကယ်တင်ပေးခဲ့ပြန်ပြီး ရရှိလာတဲ့ ပင်နယ်တီကို ဖာနန်ဒက်စ်က နှစ်ကြိမ်ပြန်ကန်ခဲ့ရပြီး ဒုတိယအကြိမ်မှာ အမှားအယွင်းမရှိ ကန်သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးကပဲ ပွဲသိမ်းခရာမှုတ်တဲ့အထိ ယူနိုက်တက်ရဲ့တလုံးတည်းသော အနိုင်ဂိုးဖြစ်လာခဲ့တယ်ဆိုတာ ပြောစရာလိုတော့မယ် မထင်ပါဘူး။

ဆိုးလ်ရှားပွဲထုတ်လာတဲ့ ကွင်းလယ်ထောက်တိုင် နှစ်ဦး
ဆိုးလ်ရှား ဘာတွေစဥ်းစားနေတယ်ဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဒီရာသီ နိုင်ပွဲတပွဲမှ မရရှိသေးတဲ့ အဆင့် ၁၈ က ဝက်စ်ဘရွမ်းလို အသင်းမျိုးဟာ အိုးထရက်ဖို့ဒ်မြေမှာ Low Block ခံစစ်အသေထိုင်ပြီး ပိတ်ဆို့ကစားမယ်ဆိုတာ ပြေးကြည့်စရာ မလိုပါဘူး။ ဒီလိုအနေအထားမှာ မာတစ်ချ်နဲ့ ဖရက်ဒ်တို့ အတွဲကို ကွင်းလယ်ထောက်တိုင်တွေအဖြစ် ပွဲထွက်စေခဲ့ပြီး ဘောလုံးတွေအိုင်ပြီး ကစားကွက်လေးသွားစေခဲ့ပါတယ်။ ယူနိုက်တက် တိုက်စစ်ကို ခပ်သွက်သွက်နဲ့ ဝက်စ်ဘရွမ်းဘက်ခြမ်းမှာ တရစပ် ဖိအားပေးနိုင်မယ့် လူထုတ်ပုံကို ဆိုးလ်ရှားဆီက မမြင်ခဲ့ရဘဲ ဝက်စ်ဘရွမ်းအသင်းကသာ ပျော်ပျော်ကြီး ခံစစ်ကစားသွားခဲ့တာပါ။

စိတ်ပျက်စရာခြေစွမ်းနဲ့ မာစီယယ်လ်
အတော်လေးဆိုးတဲ့ အခွင့်အရေးဖြုန်းတီးမှုတွေကို မာစီယယ်လ်က ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလို တည်ငြိမ်မှုပျောက်ဆုံးပြီး အဆုံးသတ်ပိုင်းမှာ ဆုံးဖြတ်ချက်အားနည်းနေခဲ့ပါတယ်။ ပထမပိုင်းမှာ ဒုတိယအကြိမ် ရရှိခဲ့တဲ့ အခွင့်အရေးမျိုးမှာ လုပ်အားနှုန်းအားနည်းချက်ကိုပါ ထပ်တွေ့ခဲ့ရပြန်လို့ စိတ်ပျက်စရာကောင်းနေဆဲ မာစီယယ်လ်လို့သာ ဆိုရမှာဖြစ်ပါတယ်။

အသင်းဟောင်းမို့ ပိုကာကွယ်ခဲ့သလား ဂျွန်စတုန်း
ဝက်စ်ဘရွမ်းဂိုးသမား ဂျွန်စတုန်းဟာ အသင်းဟောင်း ယူနိုက်တက်နဲ့ ပြန်လည်ထိပ်တိုက်တွေ့ခဲ့ချိန်မှာ လက်စားချေလိုစိတ်အပြည့်နဲ့ လက်စွမ်းပြကာကွယ်ပြီး သူ့တန်ဖိုးကို ပြသသွားခဲ့ပါတယ်။ မာရှယ်ရဲ့ အခွင့်အရေးနှစ်ကြိမ်ကို အချည်းနှီးဖြစ်စေခဲ့သလို ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက်ကိုလည်း စပါယ်ရှယ်လက်စွမ်းနဲ့ တားဆီးသွားခဲ့တာပါ။

ဗန်ဒဘိခ် နဲ့ အပယ်ခံဘဝ
ယူနိုက်တက်က ဒီရာသီ ပရီးမီယားလိဂ် ကစားလာတာ ၈ ပွဲတိတိ ရှိပါပြီ။ သန်း ၄၀ တန်ကစားသမားဟာ တကြိမ်မှ ပထမပွဲထွက်ခွင့်မရဘဲ ဆိုးလ်ရှားရဲ့ အပယ်ခံဘဝနဲ့ အရန်ခုံမှာ ထိုင်ရင်း သူ့ရဲ့ ပရီးမီးယားလိဂ် တာထွက်ခွင့်ကို စောင့်ဆိုင်းနေတုန်းပါပဒ။ ဒီလိုပွဲမျိုးမှာလည်း သက်ကြီးကစားသမား မာတာက သူ့ကိုကျော်လွန်ပြီး ပွဲထွက်ခွင့်ရခဲ့တာကို အတော်လေး ခံရခက်ခဲ့မှာ သေချာပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒးဗစ္ကူတီ သို႔ VAR ယူႏိုက္တက္ကို ကယ္တင္ခဲ့ေလသလား
ယူႏိုက္တက္ဟာ ဒီေန႔ပြဲမွာ ဒီရာသီရဲ႕ ပရီးမီးယားလိဂ္ ပထမဆုံးအိမ္ကြင္းႏိုင္ပြဲရဖို႔ VAR ဆီက အကူအညီယူခဲ့ရတယ္ဆိုတာ ျငင္းလို႔မရတဲ့ ခါးသီးတဲ့ အမွန္တရားျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ အစဥ္အလာဆိုတာ VAR နဲ႔ အသက္ဆက္ဖို႔လားဆိုတဲ့ ေမးခြန္းကို ပရိသတ္ကိုယ္တိုင္က နာနာက်င္က်င္ ေမးေနၾကပါၿပီ။ ေဒးဗစ္ကူတီဟာ ဒီတခါလည္း ယူႏိုက္တက္စ္ရဲ႕ထုံးစံတခုျဖစ္လာတဲ့ VAR ဆုံးျဖတ္ခ်က္နဲ႔ ကယ္တင္ေပးခဲ့ျပန္ၿပီး ရရွိလာတဲ့ ပင္နယ္တီကို ဖာနန္ဒက္စ္က ႏွစ္ႀကိမ္ျပန္ကန္ခဲ့ရၿပီး ဒုတိယအႀကိမ္မွာ အမွားအယြင္းမရွိ ကန္သြင္းယူသြားႏိုင္ခဲ့ပါတယ္။ ဒီဂိုးကပဲ ပြဲသိမ္းခရာမႈတ္တဲ့အထိ ယူႏိုက္တက္ရဲ႕တလုံးတည္းေသာ အႏိုင္ဂိုးျဖစ္လာခဲ့တယ္ဆိုတာ ေျပာစရာလိုေတာ့မယ္ မထင္ပါဘူး။

ဆိုးလ္ရွားပြဲထုတ္လာတဲ့ ကြင္းလယ္ေထာက္တိုင္ ႏွစ္ဦး
ဆိုးလ္ရွား ဘာေတြစဥ္းစားေနတယ္ဆိုတာ သူကိုယ္တိုင္ပဲ သိပါလိမ့္မယ္။ ဒီရာသီ ႏိုင္ပြဲတပြဲမွ မရရွိေသးတဲ့ အဆင့္ ၁၈ က ဝက္စ္ဘ႐ြမ္းလို အသင္းမ်ိဳးဟာ အိုးထရက္ဖို႔ဒ္ေျမမွာ Low Block ခံစစ္အေသထိုင္ၿပီး ပိတ္ဆို႔ကစားမယ္ဆိုတာ ေျပးၾကည့္စရာ မလိုပါဘူး။ ဒီလိုအေနအထားမွာ မာတစ္ခ်္နဲ႔ ဖရက္ဒ္တို႔ အတြဲကို ကြင္းလယ္ေထာက္တိုင္ေတြအျဖစ္ ပြဲထြက္ေစခဲ့ၿပီး ေဘာလုံးေတြအိုင္ၿပီး ကစားကြက္ေလးသြားေစခဲ့ပါတယ္။ ယူႏိုက္တက္ တိုက္စစ္ကို ခပ္သြက္သြက္နဲ႔ ဝက္စ္ဘ႐ြမ္းဘက္ျခမ္းမွာ တရစပ္ ဖိအားေပးႏိုင္မယ့္ လူထုတ္ပုံကို ဆိုးလ္ရွားဆီက မျမင္ခဲ့ရဘဲ ဝက္စ္ဘ႐ြမ္းအသင္းကသာ ေပ်ာ္ေပ်ာ္ႀကီး ခံစစ္ကစားသြားခဲ့တာပါ။

စိတ္ပ်က္စရာေျခစြမ္းနဲ႔ မာစီယယ္လ္
အေတာ္ေလးဆိုးတဲ့ အခြင့္အေရးျဖဳန္းတီးမႈေတြကို မာစီယယ္လ္က ဆက္လက္ျပဳလုပ္ေနဆဲ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကလို တည္ၿငိမ္မႈေပ်ာက္ဆုံးၿပီး အဆုံးသတ္ပိုင္းမွာ ဆုံးျဖတ္ခ်က္အားနည္းေနခဲ့ပါတယ္။ ပထမပိုင္းမွာ ဒုတိယအႀကိမ္ ရရွိခဲ့တဲ့ အခြင့္အေရးမ်ိဳးမွာ လုပ္အားႏႈန္းအားနည္းခ်က္ကိုပါ ထပ္ေတြ႕ခဲ့ရျပန္လို႔ စိတ္ပ်က္စရာေကာင္းေနဆဲ မာစီယယ္လ္လို႔သာ ဆိုရမွာျဖစ္ပါတယ္။

အသင္းေဟာင္းမို႔ ပိုကာကြယ္ခဲ့သလား ဂြၽန္စတုန္း
ဝက္စ္ဘ႐ြမ္းဂိုးသမား ဂြၽန္စတုန္းဟာ အသင္းေဟာင္း ယူႏိုက္တက္နဲ႔ ျပန္လည္ထိပ္တိုက္ေတြ႕ခဲ့ခ်ိန္မွာ လက္စားေခ်လိုစိတ္အျပည့္နဲ႔ လက္စြမ္းျပကာကြယ္ၿပီး သူ႔တန္ဖိုးကို ျပသသြားခဲ့ပါတယ္။ မာရွယ္ရဲ႕ အခြင့္အေရးႏွစ္ႀကိမ္ကို အခ်ည္းႏွီးျဖစ္ေစခဲ့သလို ရက္ရွ္ဖို႔ဒ္ရဲ႕ ကန္ခ်က္ကိုလည္း စပါယ္ရွယ္လက္စြမ္းနဲ႔ တားဆီးသြားခဲ့တာပါ။

ဗန္ဒဘိခ္ နဲ႔ အပယ္ခံဘဝ
ယူႏိုက္တက္က ဒီရာသီ ပရီးမီယားလိဂ္ ကစားလာတာ ၈ ပြဲတိတိ ရွိပါၿပီ။ သန္း ၄၀ တန္ကစားသမားဟာ တႀကိမ္မွ ပထမပြဲထြက္ခြင့္မရဘဲ ဆိုးလ္ရွားရဲ႕ အပယ္ခံဘဝနဲ႔ အရန္ခုံမွာ ထိုင္ရင္း သူ႔ရဲ႕ ပရီးမီးယားလိဂ္ တာထြက္ခြင့္ကို ေစာင့္ဆိုင္းေနတုန္းပါပဒ။ ဒီလိုပြဲမ်ိဳးမွာလည္း သက္ႀကီးကစားသမား မာတာက သူ႔ကိုေက်ာ္လြန္ၿပီး ပြဲထြက္ခြင့္ရခဲ့တာကို အေတာ္ေလး ခံရခက္ခဲ့မွာ ေသခ်ာပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.