Premier League

22 Nov – နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ နည်းပြ ဂွာဒီယိုလာကို ချန်ပီယံဆုဖလားအတွက် ကလော့ပ်က အထူးသတိပေးသွားခဲ့ပြီး ပရီးမီးယားလိဂ်ဟာ လီဗာပူးလ်နဲ့ မန်စီးတီး မြင်းနှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲမဟုတ်လို့ လွယ်လွယ်နဲ့ ချန်ပီယံဖြစ်မှာ မဟုတ်ကြောင်း အမှာပါးခဲ့။

ယာဂင် ကလော့ပ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လီဗာပူးလ်ပရိသတ်တွေ စိတ်လှုပ်ရှားရမယ့် မှတ်ချက်တခုကို ပေးသွားခဲ့ပြီး ကစားသမားသစ်တွေကို ခေါ်ယူသွားမယ့် မေးခွန်းနဲ့ပတ်သက်ပြီး “သေချာတယ်” ဆိုတဲ့ စကားသုံးလုံးနဲ့ အတည်ပြုခဲ့။

ရာသီ​ကြိုကစလို့ အသင်းလေ့ကျင့်ရေး အစီအစဥ်မှာ မြင်တွေ့ရခြင်း မရှိတော့တဲ့ ချိမ်ဘာလိန်ကို လက်စတာနဲ့ပွဲကြို လေ့ကျင့်ရေးမှာ ပြန်လည်မြင်တွေ့ခဲ့ရပြီး ကွင်းထဲကို ပြန်လာနိုင်တော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အရိပ်အမြွက်ပြောကြားခဲ့။

အန်ဒီ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှုအပြည့်ရှိနေကာ လက်စတာနဲ့ စူပါဆန်းဒေးပွဲစဥ်မှာ ပွဲထွက်ကစားဖို့ အဆင့်သင့်ဖြစ်နေကြောင်း ပြောကြားသွားခဲ့ပြီး နည်းပြကလော့ပ်ရဲ့ နည်းဗျူဟာအစီအမံအရ အားနည်းနေတဲ့ ဗဟိုခံစစ်မှာ ဆင်းကစားသွားဖွယ်ရှိနေ။

ယူနိုက်တက်နဲ့ပွဲမှာ ဝက်စ်ဘရွမ်းအသင်း ရရှိခဲ့တဲ့ ပင်နယ်တီကို အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်နဲ့ ပြန်လည်ပြင်ဆင်သွားခဲ့ပြီး ပင်နယ်တီမပေးခဲ့တဲ့ ဒေးဗစ် ကူတီရဲ့လုပ်ရပ်ကို လီဗာပူးလ်ပရိသတ်တွေ အကြီးအကျယ် လှောင်ပြောင်သွားခဲ့။

အန်ဖီးလ်မြေမှာ ကစားရမယ့် လာမယ့် လက်စတာနဲ့ပွဲမှာ ၆၄ ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်အဖြစ် အသင်းရဲ့ ထာဝရအကောင်းဆုံး မှတ်တမ်းကို စိုက်ထူသွားဖို့ လီဗာပူးလ်အသင်း ရည်မှန်းနေပြီး အန်ဖီးလ်မြေမှာ နောက်ဆုံးအနိုင်ရခဲ့သူဟာ ၂၀၁၈ ခုနှစ်က မန်စီးတီးဖြစ်ကြောင်း သိရ။

ဒီယိုဂို ဂျိုတာဟာ အခုည လက်စတာနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် ထူးခြားတဲ့ သမိုင်းမှတ်တမ်းတခုကို ရေးထိုးနိုင်မှာဖြစ်ပြီး လီဗာပူးလ်ရဲ့ ကလပ်သမိုင်းတလျှောက် အသင်းနဲ့တာထွက် အိမ်ကွင်း ၄ ပွဲဆက်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမားဖြစ်လာဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္စီးတီးအသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ နည္းျပ ဂြာဒီယိုလာကို ခ်န္ပီယံဆုဖလားအတြက္ ကေလာ့ပ္က အထူးသတိေပးသြားခဲ့ၿပီး ပရီးမီးယားလိဂ္ဟာ လီဗာပူးလ္နဲ႕ မန္စီးတီး ျမင္းႏွစ္ေကာင္တည္းေျပးတဲ့ ၿပိဳင္ပြဲမဟုတ္လို႔ လြယ္လြယ္နဲ႕ ခ်န္ပီယံျဖစ္မွာ မဟုတ္ေၾကာင္း အမွာပါးခဲ့။

ယာဂင္ ကေလာ့ပ္ဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ လီဗာပူးလ္ပရိသတ္ေတြ စိတ္လႈပ္ရွားရမယ့္ မွတ္ခ်က္တခုကို ေပးသြားခဲ့ၿပီး ကစားသမားသစ္ေတြကို ေခၚယူသြားမယ့္ ေမးခြန္းနဲ႕ပတ္သက္ၿပီး “ေသခ်ာတယ္” ဆိုတဲ့ စကားသုံးလုံးနဲ႕ အတည္ျပဳခဲ့။

ရာသီ​ႀကိဳကစလို႔ အသင္းေလ့က်င့္ေရး အစီအစဥ္မွာ ျမင္ေတြ႕ရျခင္း မရွိေတာ့တဲ့ ခ်ိမ္ဘာလိန္ကို လက္စတာနဲ႕ပြဲႀကိဳ ေလ့က်င့္ေရးမွာ ျပန္လည္ျမင္ေတြ႕ခဲ့ရၿပီး ကြင္းထဲကို ျပန္လာနိုင္ေတာ့မွာျဖစ္ေၾကာင္း ပရိသတ္ေတြကို အရိပ္အႁမြက္ေျပာၾကားခဲ့။

အန္ဒီ ေရာ္ဘတ္ဆန္ဟာ ႀကံ့ခိုင္မႈအျပည့္ရွိေနကာ လက္စတာနဲ႕ စူပါဆန္းေဒးပြဲစဥ္မွာ ပြဲထြက္ကစားဖို႔ အဆင့္သင့္ျဖစ္ေနေၾကာင္း ေျပာၾကားသြားခဲ့ၿပီး နည္းျပကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာအစီအမံအရ အားနည္းေနတဲ့ ဗဟိုခံစစ္မွာ ဆင္းကစားသြားဖြယ္ရွိေန။

ယူနိုက္တက္နဲ႕ပြဲမွာ ဝက္စ္ဘ႐ြမ္းအသင္း ရရွိခဲ့တဲ့ ပင္နယ္တီကို အျငင္းပြားဖြယ္ရာ VAR ဆုံးျဖတ္ခ်က္နဲ႕ ျပန္လည္ျပင္ဆင္သြားခဲ့ၿပီး ပင္နယ္တီမေပးခဲ့တဲ့ ေဒးဗစ္ ကူတီရဲ႕လုပ္ရပ္ကို လီဗာပူးလ္ပရိသတ္ေတြ အႀကီးအက်ယ္ ေလွာင္ေျပာင္သြားခဲ့။

အန္ဖီးလ္ေျမမွာ ကစားရမယ့္ လာမယ့္ လက္စတာနဲ႕ပြဲမွာ ၆၄ ပြဲဆက္ အိမ္ကြင္းရႈံးပြဲမရွိ စံခ်ိန္အျဖစ္ အသင္းရဲ႕ ထာဝရအေကာင္းဆုံး မွတ္တမ္းကို စိုက္ထူသြားဖို႔ လီဗာပူးလ္အသင္း ရည္မွန္းေနၿပီး အန္ဖီးလ္ေျမမွာ ေနာက္ဆုံးအနိုင္ရခဲ့သူဟာ ၂၀၁၈ ခုႏွစ္က မန္စီးတီးျဖစ္ေၾကာင္း သိရ။

ဒီယိုဂို ဂ်ိဳတာဟာ အခုည လက္စတာနဲ႕ပြဲမွာ ဂိုးသြင္းနိုင္ခဲ့ရင္ ထူးျခားတဲ့ သမိုင္းမွတ္တမ္းတခုကို ေရးထိုးနိုင္မွာျဖစ္ၿပီး လီဗာပူးလ္ရဲ႕ ကလပ္သမိုင္းတေလွ်ာက္ အသင္းနဲ႕တာထြက္ အိမ္ကြင္း ၄ ပြဲဆက္မွာ ဂိုးသြင္းယူနိုင္တဲ့ ပထမဦးဆုံး ကစားသမားျဖစ္လာဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.