Premier League Transfer News

22 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အက်စ်တန်ဗီလာနဲ့ပွဲက ပေါင်ကြွက်သားဒဏ်ရာကြောင့် ဂါနာအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ အချိန်မီ ကြံ့ခိုင်မှု မပြည့်ဝခဲ့လို့ လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့် ယော့ရှိုင်းယားသွားလူစာရင်းကနေ ချန်လှပ်ခံခဲ့ရ။

– တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့နဲ့ ဆက်ဆံရေးကောင်းကို အက်ဒီ နကီးတီးယား ထုတ်ဖော်ပြောကြားလိုက်ပြီး အခွင့်အရေးရခဲ့ရင်တော့ သူတို့နှစ်ဦးရဲ့ ကျောနံပါတ်တစ်ခုခုကို ဆက်ခံသွားလိုတယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အလန် စမစ်က နည်းပြ အာတီတာအနေနဲ့ အူဘာမီယန်းအပေါ် တရားလွန် မှီခိုနေတာတွေကို လျှော့သင့်ပြီး ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူနိုင်မယ့် ကစားသမားတွေကို တာဝန်ပေးသင့်ကြောင်းနဲ့ ဒါမှသာ ဂါဘွန်တိုက်စစ်မှူးအနေနဲ့ ခြေစွမ်းပြန်ပြနိုင်မယ်လို့ဆို။

– ချဲလ်ဆီးအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတွေမှာ ခြေစွမ်းပြဂိုးသွင်းနိုင်ဆဲဖြစ်တဲ့ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကို ပြန်လည်ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေ ဆန္ဒပြုခဲ့ကြပြီး အူဘာမီယန်းနဲ့ အကောင်းဆုံးအတွဲအဖက်ဖြစ်လာမယ်လို့ ဆိုနေကြ။

– ဇန်နဝါရီမှာ ဟူဆင်းမ် အောဝါ၊ ဒေါမနစ် ဆိုဘော့ဆ်လိုင်းနဲ့ ခရစ္စတီယန် အဲရစ်ဆန်တို့ထဲက တစ်ဦးကို မဖြစ်မနေ အားဖြည့်သွားဖို့ ကျွမ်းကျင်သူတွေက အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးကို တိုက်တွန်းခဲ့ကြပြီး အာတီတာကို ထောက်ပံ့ပေးဖို့ အကြံပြုထား။

– အင်တာမီလန်အသင်းက အလဲအထပ်ပြုလုပ်ဖို့ အလိုရှိနေခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး အီတလီမြေကို ပြောင်းရွှေ့အခြေချဖို့ တုံ့ဆိုင်းနေသလို လစာငွေ လျှော့ယူရဖွယ်လည်းရှိနေတာကြောင့် သဘောတူညီဖို့ ခက်ခဲနေ။

– အယ်လန်ရုတ်ဒ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်မတိုင်ခင် အာဆင်နယ်နည်းပြ အာတီတာက ပြိုင်ဘက်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာရဲ့ လျှို့ဝှက်ချက်တွေကို အတွင်းလူတစ်ဦးဆီကနေ လေ့လာထားတယ်လို့ ပွဲကြိုစိတ်ဓာတ်စစ်ဆင်ရေးစကား ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္စ္တန္ဗီလာနဲ႔ပြဲက ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ ဂါနာအသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ထားခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ အခ်ိန္မီ ႀကံ့ခိုင္မႈ မျပည့္ဝခဲ့လို႔ လိဒ္စ္ယူႏိုက္တက္နဲ႔ ကစားမယ့္ ေယာ့ရႈိင္းယားသြားလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရ။

– တိုက္စစ္မႉးႏွစ္ဦးျဖစ္တဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔နဲ႔ ဆက္ဆံေရးေကာင္းကို အက္ဒီ နကီးတီးယား ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အခြင့္အေရးရခဲ့ရင္ေတာ့ သူတို႔ႏွစ္ဦးရဲ႕ ေက်ာနံပါတ္တစ္ခုခုကို ဆက္ခံသြားလိုတယ္လို႔ဆို။

– အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ အလန္ စမစ္က နည္းျပ အာတီတာအေနနဲ႔ အူဘာမီယန္းအေပၚ တရားလြန္ မွီခိုေနတာေတြကို ေလွ်ာ့သင့္ၿပီး ဝန္ထုပ္ဝန္ပိုးေတြကို ခြဲေဝယူႏိုင္မယ့္ ကစားသမားေတြကို တာဝန္ေပးသင့္ေၾကာင္းနဲ႔ ဒါမွသာ ဂါဘြန္တုိက္စစ္မွဴးအေနနဲ႔ ေျခစြမ္းျပန္ျပႏုိင္မယ္လို႔ဆို။

– ခ်ဲလ္ဆီးအသင္းနဲ႔ ျပင္သစ္လက္ေ႐ြးစင္အသင္းေတြမွာ ေျခစြမ္းျပဂိုးသြင္းႏိုင္ဆဲျဖစ္တဲ့ တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးကို ျပန္လည္ေခၚယူဖို႔ အာဆင္နယ္ပရိသတ္ေတြ ဆႏၵျပဳခဲ့ၾကၿပီး အူဘာမီယန္းနဲ႔ အေကာင္းဆုံးအတြဲအဖက္ျဖစ္လာမယ္လို႔ ဆိုေနၾက။

– ဇန္နဝါရီမွာ ဟူဆင္းမ္ ေအာဝါ၊ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းနဲ႔ ခရစၥတီယန္ အဲရစ္ဆန္တို႔ထဲက တစ္ဦးကို မျဖစ္မေန အားျဖည့္သြားဖို႔ ကြၽမ္းက်င္သူေတြက အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို တိုက္တြန္းခဲ့ၾကၿပီး အာတီတာကို ေထာက္ပံ့ေပးဖို႔ အႀကံျပဳထား။

– အင္တာမီလန္အသင္းက အလဲအထပ္ျပဳလုပ္ဖို႔ အလိုရွိေနခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအေနနဲ႔ အာဆင္နယ္အသင္းကေန ထြက္ခြာၿပီး အီတလီေျမကို ေျပာင္းေ႐ႊ႕အေျခခ်ဖို႔ တုံ႔ဆိုင္းေနသလို လစာေငြ ေလွ်ာ့ယူရဖြယ္လည္းရွိေနတာေၾကာင့္ သေဘာတူညီဖို႔ ခက္ခဲေန။

– အယ္လန္႐ုတ္ဒ္မွာ လိဒ္စ္ယူႏိုက္တက္နဲ႔ ကစားရမယ့္ အေဝးကြင္းပြဲစဥ္မတိုင္ခင္ အာဆင္နယ္နည္းျပ အာတီတာက ၿပိဳင္ဘက္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို အတြင္းလူတစ္ဦးဆီကေန ေလ့လာထားတယ္လို႔ ပြဲႀကိဳစိတ္ဓာတ္စစ္ဆင္ေရးစကား ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.