Match Report Premier League

အနိုင်မပြတ်သားခဲ့ပေမယ့် သုံးမှတ်ကိုတော့ ယူနိုက်တက်တို့ အမှားအယွင်းမရှိရယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာတော့ မာစီယယ်လ်ကို ရက်ရှ်ဖို့ဒ်နဲ့ တွဲပေးခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ မာတာတို့က အလျဉ်းသင့်သလို ဘယ်ညာထွက်ပြီး သူတို့နှစ်ဦးကို ရံကစားတဲ့ ပုံစံကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ပေါ့ဘာကို ချန်လှပ်ထားဆဲဖြစ်ပြီး ဖရက်ဒ်နဲ့ မာတစ်ချ်ကိုပဲ ပွဲထုတ်ခဲ့ပါတယ်။

အဲလက်စ် တဲလက်စ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်မှာတော့ တောင်ပံကနေ တိုက်စစ်လိုက်ပါမှုတွေ ကောင်းခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဘာကြိုက်လဲဆိုတာ သိပ်မသိသေးတဲ့ ဖြတ်တင်ဘောတွေကြောင့် ထိရောက်မှု အားနည်းခဲ့သလို ဝက်စ်ဘရွန်းရဲ့ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ပိတ်ဆို့ ကစားခဲ့တဲ့ ပုံစံကလည်း ယူနိုက်တက်တို့ကို ဖီဆန်လာခဲ့တာပါ။

တိုက်စစ်က မာစီယယ်လ်ကတော့ တော်တော်လေး ပုံပျက်နေတယ်လို့ ဆိုရမှာဖြစ်ပြီး တွဲလုံးတွေကို ဖျက်ဆီးပစ်ခဲ့သလို မလိုအပ်ဘဲ ဘောလုံး ကိုင်တာများနေတဲ့အပြင် ဂိုးရှေ့မှာ Killer Instinct မျိုး မရှိတာကြောင့် အခွင့်အရေးတွေကို ကောင်းကောင်းအသုံးမချနိုင်ခဲ့ဘဲ အလဟဿဖြစ်နေခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း စစချင်းမှာတော့ ယူနိုက်တက်တို့ ပင်နယ်တီပေးရဖို့ ကြုံခဲ့ပြီး ဒိုင်ကို လှည့်စားနိုင်ခဲ့တဲ့ ချဲလ်ဆီးအငှားကစားသမား ကွန်နာ ဂယ်လက်ဂါရဲ့ အချိန်ကိုက်အက်ရှင်ကို VAR ကြည့်ပြီးမှ ပြန်ပယ်ဖျက်ခဲ့ရပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာ နောက်တန်းညာခြမ်းရဲ့အမှားကနေ ဝက်စ်ဘရွန်းတို့ အပိုင် ကန်ခွင့်ရခဲ့ပေမယ့် ဒဟေးယား လက်စွမ်းပြနိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ မာတာရဲ့ ဖြတ်တင်မှုကို ဖားလောင်းလက်နဲ့ တားမိခဲ့လို့ ပယ်နယ်တီပေးခဲ့ရပြီး ဖာနန်ဒက်စ်ရဲ့ ကန်ချက်ကို ဂိုးသမား ဂျွန်စတုန်း ပထမအကြိမ်မှာ ကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးစည်းရှေ့ထွက်ခဲ့လို့ ထပ်မံကန်သွင်းခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ ပေါ်တူဂီသားက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး အားနည်းဆဲ ယူနိုက်တက်ညာခြမ်းခံစစ်ကို လူစားဝင်ကစားသမား ရော်ဘင်ဆန်က ဂိုးဧရိယာအပြင်ကနေ ဘောလုံးကိုင်ပြီးမှ စိတ်ကြိုက်ကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းထိထွက်ခဲ့လို့ သက်သာခဲ့ရသလို ရက်ရှ်ဖို့ဒ်ရဲ့ အနီးကပ်ကန်သွင်းချက် ကိုလည်း ဂျွန်စတုန်းက ကာကွယ်သွားခဲ့တာပါ။

ယူနိုက်တက်ဘက်က မာတာအစား ကာဗာနီ၊ ရက်ရှ်ဖို့ဒ်အစား ဗန်ဒဘိခ်၊ ဖရက်ဒ်အစား မက်တော်မီနေးတို့ လူစားဝင်ရောက်ကစားခဲ့ပြီး ဝက်စ်ဘရွန်းဘက်ကို ဖိကစားခဲ့ပေမယ့် ရှေ့မှာ အချည်းနှီးဖြစ်နေခဲ့တဲ့ မာစီယယ်လ်ကို မထုတ်တာကြောင့် ဘာမှဖြစ်မလာခဲ့ဘဲ ရလဒ်က မပြောင်းမလဲဘဲရှိခဲ့ပြီး အိမ်ကွင်းမှာ ပင်နယ်တီကြောင့်သာ နိုင်ခဲ့တယ်ဆိုတဲ့ နာမည်ကို မရှောင်လွှဲနိုင်ခဲ့ဘဲဖြစ်ခဲ့ရပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၉ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ပရိသတ်တွေ စိတ်သက်သာစရာဖြစ်ခဲ့ပေမယ့် ကျေနပ်စရာတော့ မကောင်းသေးဘဲ တိုက်စစ်ပြဿနာကို အမြန်ဆုံးအဖြေရှာနိုင်ဖို့ လိုအပ်နေသလို ဇန်နဝါရီမှာ အားဖြည့်မှုတွေကို မဖြစ်မနေ လုပ်ဆောင်သွားရမှာလည်းဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔မွာေတာ့ မာစီယယ္လ္ကို ရက္ရွ္ဖို႔ဒ္နဲ႔ တြဲေပးခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မာတာတို႔က အလ်ဥ္းသင့္သလို ဘယ္ညာထြက္ၿပီး သူတို႔ႏွစ္ဦးကို ရံကစားတဲ့ ပုံစံကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ေပါ့ဘာကို ခ်န္လွပ္ထားဆဲျဖစ္ၿပီး ဖရက္ဒ္နဲ႔ မာတစ္ခ်္ကိုပဲ ပြဲထုတ္ခဲ့ပါတယ္။

အဲလက္စ္ တဲလက္စ္ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္မွာေတာ့ ေတာင္ပံကေန တိုက္စစ္လိုက္ပါမႈေတြ ေကာင္းခဲ့ေပမယ့္ တိုက္စစ္မႉးေတြ ဘာႀကိဳက္လဲဆိုတာ သိပ္မသိေသးတဲ့ ျဖတ္တင္ေဘာေတြေၾကာင့္ ထိေရာက္မႈ အားနည္းခဲ့သလို ဝက္စ္ဘ႐ြန္းရဲ႕ ႀကံ့ခိုင္မႈေကာင္းေကာင္းနဲ႔ ပိတ္ဆို႔ ကစားခဲ့တဲ့ ပုံစံကလည္း ယူႏိုက္တက္တို႔ကို ဖီဆန္လာခဲ့တာပါ။

တိုက္စစ္က မာစီယယ္လ္ကေတာ့ ေတာ္ေတာ္ေလး ပုံပ်က္ေနတယ္လို႔ ဆိုရမွာျဖစ္ၿပီး တြဲလုံးေတြကို ဖ်က္ဆီးပစ္ခဲ့သလို မလိုအပ္ဘဲ ေဘာလုံး ကိုင္တာမ်ားေနတဲ့အျပင္ ဂိုးေရွ႕မွာ Killer Instinct မ်ိဳး မရွိတာေၾကာင့္ အခြင့္အေရးေတြကို ေကာင္းေကာင္းအသုံးမခ်ႏိုင္ခဲ့ဘဲ အလဟႆျဖစ္ေနခဲ့ၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း စစခ်င္းမွာေတာ့ ယူႏိုက္တက္တို႔ ပင္နယ္တီေပးရဖို႔ ႀကဳံခဲ့ၿပီး ဒိုင္ကို လွည့္စားႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးအငွားကစားသမား ကြန္နာ ဂယ္လက္ဂါရဲ႕ အခ်ိန္ကိုက္အက္ရွင္ကို VAR ၾကည့္ၿပီးမွ ျပန္ပယ္ဖ်က္ခဲ့ရပါတယ္။ ပြဲခ်ိန္ ၅၁ မိနစ္မွာ ေနာက္တန္းညာျခမ္းရဲ႕အမွားကေန ဝက္စ္ဘ႐ြန္းတို႔ အပိုင္ ကန္ခြင့္ရခဲ့ေပမယ့္ ဒေဟးယား လက္စြမ္းျပႏိုင္ခဲ့လို႔သာ ဂိုးမေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မာတာရဲ႕ ျဖတ္တင္မႈကို ဖားေလာင္းလက္နဲ႔ တားမိခဲ့လို႔ ပယ္နယ္တီေပးခဲ့ရၿပီး ဖာနန္ဒက္စ္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ဂြၽန္စတုန္း ပထမအႀကိမ္မွာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဂိုးစည္းေရွ႕ထြက္ခဲ့လို႔ ထပ္မံကန္သြင္းခဲ့ရၿပီး ဒီတစ္ႀကိမ္မွာေတာ့ ေပၚတူဂီသားက အမွားအယြင္းမရွိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အျပန္အလွန္တိုက္စစ္ဆင္ခဲ့ၾကၿပီး အားနည္းဆဲ ယူႏိုက္တက္ညာျခမ္းခံစစ္ကို လူစားဝင္ကစားသမား ေရာ္ဘင္ဆန္က ဂိုးဧရိယာအျပင္ကေန ေဘာလုံးကိုင္ၿပီးမွ စိတ္ႀကိဳက္ကန္သြင္းခဲ့ရာမွာ ဂိုးဘားတန္းထိထြက္ခဲ့လို႔ သက္သာခဲ့ရသလို ရက္ရွ္ဖို႔ဒ္ရဲ႕ အနီးကပ္ကန္သြင္းခ်က္ ကိုလည္း ဂြၽန္စတုန္းက ကာကြယ္သြားခဲ့တာပါ။

ယူႏိုက္တက္ဘက္က မာတာအစား ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္အစား ဗန္ဒဘိခ္၊ ဖရက္ဒ္အစား မက္ေတာ္မီေနးတို႔ လူစားဝင္ေရာက္ကစားခဲ့ၿပီး ဝက္စ္ဘ႐ြန္းဘက္ကို ဖိကစားခဲ့ေပမယ့္ ေရွ႕မွာ အခ်ည္းႏွီးျဖစ္ေနခဲ့တဲ့ မာစီယယ္လ္ကို မထုတ္တာေၾကာင့္ ဘာမွျဖစ္မလာခဲ့ဘဲ ရလဒ္က မေျပာင္းမလဲဘဲရွိခဲ့ၿပီး အိမ္ကြင္းမွာ ပင္နယ္တီေၾကာင့္သာ ႏိုင္ခဲ့တယ္ဆိုတဲ့ နာမည္ကို မေရွာင္လႊဲႏိုင္ခဲ့ဘဲျဖစ္ခဲ့ရပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့လို႔ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ရမွတ္ ၁၃ မွတ္နဲ႔ အဆင့္ ၉ ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီး ပရိသတ္ေတြ စိတ္သက္သာစရာျဖစ္ခဲ့ေပမယ့္ ေက်နပ္စရာေတာ့ မေကာင္းေသးဘဲ တိုက္စစ္ျပႆနာကို အျမန္ဆုံးအေျဖရွာႏိုင္ဖို႔ လိုအပ္ေနသလို ဇန္နဝါရီမွာ အားျဖည့္မႈေတြကို မျဖစ္မေန လုပ္ေဆာင္သြားရမွာလည္းျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.