Premier League

ညာေနာက္ခံမွာ ဒီဘ႐ိုင္းနား ရွိေနတဲ့အတိုင္းပဲလို႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ကၽြမ္းက်င္သူေတြ ခ်ီးက်ဴး

လီဗာပူးလ္အသင္းက ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အထူးေျခစြမ္းျပသသြားခဲ့တဲ့ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ပရီးမီးယားလိဂ္ရဲ႕ ဝါရင့္သမာၻရင့္ေနာက္ခံလူေဟာင္းေတြျဖစ္ၾကတဲ့ ဂယ္ရီ နဗီးလ္နဲ႔ ေဂ်မီ ကာေရဂါတို႔က ခ်ီးက်ဴးေျပာၾကားသြားခဲ့ၾကပါတယ္။

၂၀၁၈-၁၉ ရာသီကေန စတင္တြက္ခ်က္ၾကည့္ရင္ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးေပးပို႔မွဳ စုစုေပါင္း ၂၄ ဂိုးအထိ ရွိလာခဲ့တဲ့ အသက္ ၂၁ႏွစ္အရြယ္ ညာေနာက္ခံလူဟာ ပြဲခ်ိန္ ၉ မိနစ္မွာတင္ ေဂ်ာ္ဂ်ီနီယို ဗိန္နယ္လ္ဒြမ္အတြက္ ေခါင္းတိုက္သြင္းႏိုင္ဖို႔ ျဖတ္တင္ေဘာနဲ႔ ဖန္တီးေပးႏိုင္ခဲ့တဲ့အျပင္ လီဗာပူးလ္အသင္းအတြက္ မာေနးသြင္းခဲ့တဲ့ အႏိုင္ဂိုးကိုလည္း သူကပဲ ခက္ခဲတဲ့ အေနအထားက ဖန္တီးေပးခဲ့တာပါ။

လီဗာပူးေနာက္ခံလူေဟာင္း ေဂ်မီကာေရဂါကေတာ့ သူ႔အသင္းေဟာင္းအတြက္ ညာေနာက္ခံလူေနရာမွာမွာ ဖန္တီးမွဳျမင့္မားတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ကယ္ဗင္ ဒီဘရိုင္းနား ရွိေနတဲ့အတိုင္းပဲလို႔ေတာင္ စကိုင္းစပုိ႔စ္နဲ႔ စီစဥ္တင္ဆက္စဥ္မွာ ႏွဳိင္းယွဥ္ခ်ီးက်ဴးသြားခဲ့ပါတယ္။

“ညာေနာက္ခံမွာ ဒီဘရိုင္းလို ကစားသမားတစ္ေယာက္ ရွိေနတာက နည္းျပအတြက္ အရမ္းထူးျခားေကာင္းမြန္ပါတယ္။ ညာေနာက္ခံေနရာမွာ ကြင္းလယ္ကစားသမားတစ္ေယာက္ကို ပိုင္ဆိုင္ထားသလိုပါပဲ။ လူေတြက သူ႔ရဲ႕ခံစစ္စြမ္းေဆာင္ရည္ကိုေျပာၾကေပမယ့္ သူဘာေတြလုပ္ျပေနသလဲဆိုတာကို ၾကည့္ပါဦး။ ဂလင္း ေဟာ္ဒယ္ရဲ႕ လက္ေအာက္မွာတုန္းက ဘက္ခမ္းကို wing-backမွာ ထားကစားသလိုပါပဲ။ အခု အလက္ဇန္းဒါး-အားႏိုးလ္ဒ္ကလည္း သူ႔ကစားပံုအရ ေတာင္ပံကစားသမားတစ္ေယာက္လို႔ေတာင္ ေျပာရမလိုျဖစ္ေနပါၿပီ”လို႔ ကာေရဂါက ဆုိပါတယ္။

ဒါ့အျပင္ တြဲဖက္တင္ဆက္သူျဖစ္တဲ့ ဂယ္ရီ နဗီးလ္ကလည္း အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္ေပးပို႔မွဳေတြဟာ နည္းစနစ္ပုိင္းအရလည္း တိက်ေကာင္းမြန္ၿပီး လိုအပ္တဲ့ ေနရာမွန္ကို ေရာက္ေနတတ္တာေၾကာင့္ ဒီေဘာလုံးေတြကို ေခါင္းတုိက္သြင္းယူဖို႔ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔ဟာ အရပ္ရွည္စရာမလိုဘဲ ဂိုးေတြ ရႏုိင္ခဲ့တယ္လုိ႔လည္း ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS & DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အထူးခြေစွမ်းပြသသွားခဲ့တဲ့ ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ပရီးမီးယားလိဂ်ရဲ့ ဝါရင့်သမ္ဘာရင့်နောက်ခံလူဟောင်းတွေဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ်နဲ့ ဂျေမီ ကာရေဂါတို့က ချီးကျူးပြောကြားသွားခဲ့ကြပါတယ်။

၂၀၁၈-၁၉ ရာသီကနေ စတင်တွက်ချက်ကြည့်ရင် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးပေးပို့မှု စုစုပေါင်း ၂၄ ဂိုးအထိ ရှိလာခဲ့တဲ့ အသက် ၂၁နှစ်အရွယ် ညာနောက်ခံလူဟာ ပွဲချိန် ၉ မိနစ်မှာတင် ဂျော်ဂျီနီယို ဗိန်နယ်လ်ဒွမ်အတွက် ခေါင်းတိုက်သွင်းနိုင်ဖို့ ဖြတ်တင်ဘောနဲ့ ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် လီဗာပူးလ်အသင်းအတွက် မာနေးသွင်းခဲ့တဲ့ အနိုင်ဂိုးကိုလည်း သူကပဲ ခက်ခဲတဲ့ အနေအထားက ဖန်တီးပေးခဲ့တာပါ။

လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါကတော့ သူ့အသင်းဟောင်းအတွက် ညာနောက်ခံလူနေရာမှာမှာ ဖန်တီးမှုမြင့်မားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်းနား ရှိနေတဲ့အတိုင်းပဲလို့တောင် စကိုင်းစပို့စ်နဲ့ စီစဉ်တင်ဆက်စဉ်မှာ နှိုင်းယှဉ်ချီးကျူးသွားခဲ့ပါတယ်။

“ညာနောက်ခံမှာ ဒီဘရိုင်းလို ကစားသမားတစ်ယောက် ရှိနေတာက နည်းပြအတွက် အရမ်းထူးခြားကောင်းမွန်ပါတယ်။ ညာနောက်ခံနေရာမှာ ကွင်းလယ်ကစားသမားတစ်ယောက်ကို ပိုင်ဆိုင်ထားသလိုပါပဲ။ လူတွေက သူ့ရဲ့ခံစစ်စွမ်းဆောင်ရည်ကိုပြောကြပေမယ့် သူဘာတွေလုပ်ပြနေသလဲဆိုတာကို ကြည့်ပါဦး။ ဂလင်း ဟော်ဒယ်ရဲ့ လက်အောက်မှာတုန်းက ဘက်ခမ်းကို wing-backမှာ ထားကစားသလိုပါပဲ။ အခု အလက်ဇန်းဒါး-အားနိုးလ်ဒ်ကလည်း သူ့ကစားပုံအရ တောင်ပံကစားသမားတစ်ယောက်လို့တောင် ပြောရမလိုဖြစ်နေပါပြီ”လို့ ကာရေဂါက ဆိုပါတယ်။

ဒါ့အပြင် တွဲဖက်တင်ဆက်သူဖြစ်တဲ့ ဂယ်ရီ နဗီးလ်ကလည်း အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ပေးပို့မှုတွေဟာ နည်းစနစ်ပိုင်းအရလည်း တိကျကောင်းမွန်ပြီး လိုအပ်တဲ့ နေရာမှန်ကို ရောက်နေတတ်တာကြောင့် ဒီဘောလုံးတွေကို ခေါင်းတိုက်သွင်းယူဖို့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ဟာ အရပ်ရှည်စရာမလိုဘဲ ဂိုးတွေ ရနိုင်ခဲ့တယ်လို့လည်း ချီးကျူးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS & DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.