Match Report Premier League

စပါးစ်ရဲ့ ဗျူဟာက အပြတ်အသတ်အသာစီးရခဲ့ပြီး လေလုံးဆက်ထွားနိုင်ခဲ့တဲ့ မော်ရင်ညို

တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နည်းပြ ဂျိုဆေး မော်ရင်ညိုရဲ့ ရလဒ်ကို ဦးတည်တဲ့ နည်းဗျူဟာက ဂွါဒီယိုလာရဲ့ ဘောလုံးကိုင်ပြီး ဖိကစားတဲ့အသင်းကို ထိုးနှက်သွားခဲ့ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။

စောစောစီးစီးမှာပဲ ခံစစ်ပိုင်း Transition တွေမှာ လိုအပ်ချက်ရှိနေသေးတဲ့ မန်စီးတီးနောက်တန်းကို ဟာရီကိန်းက အာရုံများစေခဲ့တုန်းမှာပဲ အန်ဒွမ်ဘီလီက ကျော်ပြီး ချပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဂိုးသမား အီဒါဆန်နဲ့အတွေ့မှာ အောက်ကနေ မြေလှိမ့်ဘော ကန်သွင်းခဲ့ရာမှာ ပေါင်ကြားက ဝင်သွားခဲ့လို့ စပါးစ်တို့ အိမ်ကွင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ကစားကောင်းတဲ့ စပါးစ်လိုအသင်းမျိုးကို ရိုဒရီလို ခပ်လေးလေးကစားသမားမျိုးကို ကူပေးမယ့် ဂွန်ဒိုးဝမ် မပါဘဲ ကွင်းလယ်အထိုင်ချခဲ့တာက ဂွါဒီယိုလာရဲ့ ကြီးမားတဲ့ အမှားလည်းဖြစ်ပြီး စပိန်သားကွင်းလယ်အဖျက်ကစားသမားဟာ ခံစစ်မှာ ခေါင်းတိုက်ဖျက်တာကလွဲရင် နှေးကွေးတတ်လို့ သူ့ကြောင့် စီးတီးတို့ အထိနာခဲ့တဲ့ အကြိမ်တွေ များလာပေမယ့် အမှတ်မရှိသေးတာကိုတော့ အံ့သြစရာပါ။

ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်ကစားတဲ့ စပါးစ်ကြောင့် အပိုင်အခွင့်အရေး သိပ်မရဘဲ အဝေးက ကန်သွင်းမှုတွေ ပိုများခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ပွဲချိန် ၂၇ မိနစ်မှာ လှပတဲ့ အကွက်ကျကျ ချိတ်ဆက်မှုကနေ လာပေါ့တ်က ဂိုးပြန်သွင်းနိုင်ပေမယ့် ဒီဘောလုံးကို ထိန်းပြီး ပြန်ချပေးတဲ့ ဂျေဆူးစ်ရဲ့ ထိန်းသိမ်းမှုက လက်ထိခဲ့လို့ ပယ်ဖျက်ခံခဲ့ရပြီး ပထမပိုင်းမှာ စပါးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း High Line ယူပြီး Full Back တွေ တရားလွန်ရှေ့တက်ကစားတဲ့ ပက်ပ်ရဲ့ Inverted ဗျူဟာက တန်ပြန်ထိုးနှက်ခံရချိန်မှာ တောင်ပံအပေါက်တွေဖြစ်ခဲ့တာကို အမှတ်လျှော့ရမှာဖြစ်ပြီး သူ့ရဲ့ကစားကွက်ဟာ ကလော့ပ်ရဲ့ ရောဘတ်ဆန်နဲ့ အာနိုးလ်ဒ်တို့ ကစားသလိုမျိုး By Line မဆန်ဘဲ အထူးသဖြင့် ဝေါ်လ်ကာ တိုက်စစ်နဲ့ ခံစစ်ကို Diagonal Run ပြေးရချိန်မှာ နည်းစနစ်ပိုင်း ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ရှေ့တက်ပြီး မူလနေရာကို ပြန်မရောက်တဲ့ ဝေါ်လ်ကာရဲ့ နေရာမှာ လူမရှိချိန်မှာ ဘယ်တောင်ပံက ဘာ့ဂ်ဗိန်းက အတွင်းကို ပြန်ပြေးပြီး ရူဘင် ဒီယက်စ်ကို ဆွဲခေါ်သွားချိန်မှာ နောက်က တက်လာတဲ့ လိုဆဲလ်ဆိုက အနိမ့်ဘော ကန်သွင်းရာမှာ အီဒါဆန်ရဲ့ ပေါင်ကြားကပဲ ထပ်ဝင်သွားခဲ့ပါတယ်။ ဒီဂိုးမှာ ခံစစ်အတွက် ညာနောက်ခံမှာ လိုက်ပိတ်ဆို့ခဲ့ရတာဟာ ဒီဘရိုင်းနားဖြစ်နေခဲ့လို့ ဂွါဒီယိုလာရဲ့ ကစားကွက် ဘယ်လောက် ရှုပ်ထွေးနေခဲ့သလဲဆိုတာကလည်း သက်သေဖြစ်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စတာလင်နဲ့ ဖိုဒန်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဂိုးသမား လိုရစ်နဲ့ စပါးစ်နောက်တန်းတွေ ကာကွယ်မှု ကောင်းနေခဲ့တဲ့အပြင် မန်စီးတီးတိုက်စစ်ကလည်း ထိထိရောက်ရောက် မဖန်တီးနိုင်တော့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး မော်ရင်ညိုရဲ့ ရိုးရိုးကြီး ဗျူဟာအောက်မှာ ဂွါဒီယိုလာတို့ ရှုံးနိမ့်သွားခဲ့သလို စပါးစ်တို့ကတော့ ရမှတ် ၂၀ နဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးကို တက်ရောက်လာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ရလဒ္ကို ဦးတည္တဲ့ နည္းဗ်ဴဟာက ဂြါဒီယိုလာရဲ႕ ေဘာလုံးကိုင္ၿပီး ဖိကစားတဲ့အသင္းကို ထိုးႏွက္သြားခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ေစာေစာစီးစီးမွာပဲ ခံစစ္ပိုင္း Transition ေတြမွာ လိုအပ္ခ်က္ရွိေနေသးတဲ့ မန္စီးတီးေနာက္တန္းကို ဟာရီကိန္းက အာ႐ုံမ်ားေစခဲ့တုန္းမွာပဲ အန္ဒြမ္ဘီလီက ေက်ာ္ၿပီး ခ်ေပးတဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ဂိုးသမား အီဒါဆန္နဲ႔အေတြ႕မွာ ေအာက္ကေန ေျမလွိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ေပါင္ၾကားက ဝင္သြားခဲ့လို႔ စပါးစ္တို႔ အိမ္ကြင္းမွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ကစားေကာင္းတဲ့ စပါးစ္လိုအသင္းမ်ိဳးကို ႐ိုဒရီလို ခပ္ေလးေလးကစားသမားမ်ိဳးကို ကူေပးမယ့္ ဂြန္ဒိုးဝမ္ မပါဘဲ ကြင္းလယ္အထိုင္ခ်ခဲ့တာက ဂြါဒီယိုလာရဲ႕ ႀကီးမားတဲ့ အမွားလည္းျဖစ္ၿပီး စပိန္သားကြင္းလယ္အဖ်က္ကစားသမားဟာ ခံစစ္မွာ ေခါင္းတိုက္ဖ်က္တာကလြဲရင္ ေႏွးေကြးတတ္လို႔ သူ႔ေၾကာင့္ စီးတီးတို႔ အထိနာခဲ့တဲ့ အႀကိမ္ေတြ မ်ားလာေပမယ့္ အမွတ္မရွိေသးတာကိုေတာ့ အံ့ၾသစရာပါ။

ခံစစ္ကို က်စ္က်စ္လ်စ္လ်စ္ကစားတဲ့ စပါးစ္ေၾကာင့္ အပိုင္အခြင့္အေရး သိပ္မရဘဲ အေဝးက ကန္သြင္းမႈေတြ ပိုမ်ားခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ပြဲခ်ိန္ ၂၇ မိနစ္မွာ လွပတဲ့ အကြက္က်က် ခ်ိတ္ဆက္မႈကေန လာေပါ့တ္က ဂိုးျပန္သြင္းႏိုင္ေပမယ့္ ဒီေဘာလုံးကို ထိန္းၿပီး ျပန္ခ်ေပးတဲ့ ေဂ်ဆူးစ္ရဲ႕ ထိန္းသိမ္းမႈက လက္ထိခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရၿပီး ပထမပိုင္းမွာ စပါးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း High Line ယူၿပီး Full Back ေတြ တရားလြန္ေရွ႕တက္ကစားတဲ့ ပက္ပ္ရဲ႕ Inverted ဗ်ဴဟာက တန္ျပန္ထိုးႏွက္ခံရခ်ိန္မွာ ေတာင္ပံအေပါက္ေတြျဖစ္ခဲ့တာကို အမွတ္ေလွ်ာ့ရမွာျဖစ္ၿပီး သူ႔ရဲ႕ကစားကြက္ဟာ ကေလာ့ပ္ရဲ႕ ေရာဘတ္ဆန္နဲ႔ အာႏိုးလ္ဒ္တို႔ ကစားသလိုမ်ိဳး By Line မဆန္ဘဲ အထူးသျဖင့္ ေဝၚလ္ကာ တိုက္စစ္နဲ႔ ခံစစ္ကို Diagonal Run ေျပးရခ်ိန္မွာ နည္းစနစ္ပိုင္း ရႈပ္ေထြးမႈေတြျဖစ္ေပၚလာခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေရွ႕တက္ၿပီး မူလေနရာကို ျပန္မေရာက္တဲ့ ေဝၚလ္ကာရဲ႕ ေနရာမွာ လူမရွိခ်ိန္မွာ ဘယ္ေတာင္ပံက ဘာ့ဂ္ဗိန္းက အတြင္းကို ျပန္ေျပးၿပီး ႐ူဘင္ ဒီယက္စ္ကို ဆြဲေခၚသြားခ်ိန္မွာ ေနာက္က တက္လာတဲ့ လိုဆဲလ္ဆိုက အနိမ့္ေဘာ ကန္သြင္းရာမွာ အီဒါဆန္ရဲ႕ ေပါင္ၾကားကပဲ ထပ္ဝင္သြားခဲ့ပါတယ္။ ဒီဂိုးမွာ ခံစစ္အတြက္ ညာေနာက္ခံမွာ လိုက္ပိတ္ဆို႔ခဲ့ရတာဟာ ဒီဘ႐ိုင္းနားျဖစ္ေနခဲ့လို႔ ဂြါဒီယိုလာရဲ႕ ကစားကြက္ ဘယ္ေလာက္ ရႈပ္ေထြးေနခဲ့သလဲဆိုတာကလည္း သက္ေသျဖစ္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စတာလင္နဲ႔ ဖိုဒန္တို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဂိုးသမား လိုရစ္နဲ႔ စပါးစ္ေနာက္တန္းေတြ ကာကြယ္မႈ ေကာင္းေနခဲ့တဲ့အျပင္ မန္စီးတီးတိုက္စစ္ကလည္း ထိထိေရာက္ေရာက္ မဖန္တီးႏိုင္ေတာ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ၿပီး ေမာ္ရင္ညိဳရဲ႕ ႐ိုး႐ိုးႀကီး ဗ်ဴဟာေအာက္မွာ ဂြါဒီယိုလာတို႔ ရႈံးနိမ့္သြားခဲ့သလို စပါးစ္တို႔ကေတာ့ ရမွတ္ ၂၀ နဲ႔ ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံးကို တက္ေရာက္လာႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.