Match Report Premier League

နယူးကာဆယ် ၀-၂ ချယ်လ်ဆီး ပွဲအပြီး မှတ်မှတ်ထင်ထင် ပြောစရာ အချက် ၅ ချက်

အဖွင့်ဂိုးမှာ ဘန်ချေးလ်ဝဲလ် Foul လုပ်ခဲ့သလား – အိမ်ရှင် နယူးကာဆယ်အသင်း ခွင့်ပြုခဲ့တဲ့ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးမှာ မေဆန် မောင့်ရဲ့ အနိမ့်ဘော ဖြတ်တင်ပေးပို့မှုကနေတဆင့် နယူးကာဆယ်ကစားသမား ဖာနန်ဒက်စ်ဟာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး Replay ပြန်ကြည့်တဲ့အခါမှာ ဘန်ချေးလ်ဝဲလ်ရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုလို့ ပြောလို့ရမယ့် အခြေအနေတခုဖြစ်ခဲ့ပေမယ့် VAR ပြန်လည်ကြည့်ရှုခြင်းမရှိလို့ နယူးကာဆယ်လ်ပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ပထမပိုင်းမှာ အဆိပ်မရှိခဲ့တဲ့ နယူးကာဆယ် – စတိဗ် ဘရုစ်ရဲ့ နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပထမပိုင်း ၃၅ မိနစ်အထိ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ စိတ်ကြိုက်ခြယ်လှယ်ခွင့် ပြုထားခဲ့ရပြီး ပွဲစတည်းက ဧည့်သည်ချယ်လ်ဆီးရဲ့ လွှမ်းမိုးမှုအောက်မှာပဲ အသက်မပါတဲ့ ကစားပုံနဲ့ လည်စင်းပေးနေခဲ့ရတာပါ။

တီမို ဗာနာနဲ့ အေဘရာဟမ်တို့ရဲ့ ပေါင်းစည်းမှု – အများထင်ခဲ့သလို ဗာနာရဲ့ ရောက်ရှိလာမှုဟာ အေဘရာဟမ်ကို ဒုက္ခမဖြစ်စေတဲ့အပြင် နှစ်ဦးသားပေါင်းစည်းမှုဟာ အသင်းကို ပိုလို့တောင် အကျိုးပြုခဲ့ပါသေးတယ်။ နည်းပြလမ်းပတ်က ဗာနာကို ဘယ်ခြမ်းကို ထွက်ကစားပြီး ထိုးဖောက်ခိုင်းခဲ့ကာ အေဘရာဟမ်ကို တိုက်စစ်မြှားဦးမှာ တည်ကစားခဲ့တာပါတယ်။ ဒါက အမှန်တကယ် အလုပ်ဖြစ်ခဲ့ပြီး ၆၅ မိနစ်က အေဘရာဟမ်ရဲ့ သွင်းဂိုးကို ဗာနာက ဖန်တီးပေးသွားခဲ့ပါတယ်။

အဆုံးသတ်ပိုင်း တိုးတက်ဖို့လိုသေးတဲ့ ချယ်လ်ဆီး – ဧည့်သည် ချယ်လ်ဆီးအသင်းက ဒီပွဲမှာ အခုထက်ပိုပြီး ဂိုးပြတ်သင့်တဲ့ ခြေစွမ်းထက်မြက်မှုမျိုးနဲ့ ပုံစံကောင်းကို ပြသခဲ့တာပါ။ ကစားပုံကောင်းကာ အခွင့်အရေးဖန်တီးမှု အများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးရှေ့မှာ ဖြုန်းတီးမှုတွေက မနည်းခဲ့လို့ နယူးကာဆယ်ဂိုးသမားရဲ့ လက်စွမ်းထက်ကို အဆုံးသတ်ပိုင်း တိုးတက်ဖို့လိုသေးတဲ့ တိုက်စစ်ပိုင်းက အဓိကပြောစရာဖြစ်ခဲ့တာကို လမ်းပတ်လည်း မြင်တွေ့ခဲ့မှာ အသေအချာပါ။

ဂျိုလင်တန်ကို စတိဗ် ဘရုစ် ဘယ်လိုဆက်ကိုင်တွယ်မလဲ – နယူးကာဆယ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့မှုဖြစ်ခဲ့တဲ့ ဘရာဇီးလ်သား ဂျိုလင်တန်ဟာ နယူးကာဆယ်အသင်းနဲ့ တနှစ်ခွဲသက်တမ်းမှာ ထူးခြားလောက်စရာ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဒီပွဲမှာလည်း ထူးမခြားနားစွာပဲ အသင်းနဲ့ သူနဲ့ သက်သက်စီ၊ သီးခြားတကွဲစီဖြစ်နေခဲ့တဲ့ အသက် ၂၄ နှစ်သားဟာ အလွယ်တကူ ဘောလုံးဆုံးရှုံးမှုတွေ များနေခဲ့တာကို တွေ့ရခဲ့ပြီး ဒါကို စတိဗ် ဘရုစ် ဘယ်လောက်ထိ ဆက်သည်းခံလို့ ဘယ်လိုဆက်လက်ကိုင်တွယ်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဖြင့္ဂိုးမွာ ဘန္ေခ်းလ္ဝဲလ္ Foul လုပ္ခဲ့သလား – အိမ္ရွင္ နယူးကာဆယ္အသင္း ခြင့္ျပဳခဲ့တဲ့ရတဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ အဖြင့္ဂိုးမွာ ေမဆန္ ေမာင့္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ နယူးကာဆယ္ကစားသမား ဖာနန္ဒက္စ္ဟာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ၿပီး Replay ျပန္ၾကည့္တဲ့အခါမွာ ဘန္ေခ်းလ္ဝဲလ္ရဲ႕ ျပစ္ဒဏ္ေဘာက်ဴးလြန္မႈလို႔ ေျပာလို႔ရမယ့္ အ​ေျခအေနတခုျဖစ္ခဲ့ေပမယ့္ VAR ျပန္လည္ၾကည့္ရႈျခင္းမရွိလို႔ နယူးကာဆယ္လ္ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ပထမပိုင္းမွာ အဆိပ္မရွိခဲ့တဲ့ နယူးကာဆယ္ – စတိဗ္ ဘ႐ုစ္ရဲ႕ နယူးကာဆယ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းကို ပထမပိုင္း ၃၅ မိနစ္အထိ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႕ စိတ္ႀကိဳက္ျခယ္လွယ္ခြင့္ ျပဳထားခဲ့ရၿပီး ပြဲစတည္းက ဧည့္သည္ခ်ယ္လ္ဆီးရဲ႕ လႊမ္းမိုးမႈေအာက္မွာပဲ အသက္မပါတဲ့ ကစားပုံနဲ႕ လည္စင္းေပးေနခဲ့ရတာပါ။

တီမို ဗာနာနဲ႕ ေအဘရာဟမ္တို႔ရဲ႕ ေပါင္းစည္းမႈ – အမ်ားထင္ခဲ့သလို ဗာနာရဲ႕ ေရာက္ရွိလာမႈဟာ ေအဘရာဟမ္ကို ဒုကၡမျဖစ္ေစတဲ့အျပင္ ႏွစ္ဦးသားေပါင္းစည္းမႈဟာ အသင္းကို ပိုလို႔ေတာင္ အက်ိိုးျပဳခဲ့ပါေသးတယ္။ နည္းျပလမ္းပတ္က ဗာနာကို ဘယ္ျခမ္းကို ထြက္ကစားၿပီး ထိုးေဖာက္ခိုင္းခဲ့ကာ ေအဘရာဟမ္ကို တိုက္စစ္ျမႇားဦးမွာ တည္ကစားခဲ့တာပါတယ္။ ဒါက အမွန္တကယ္ အလုပ္ျဖစ္ခဲ့ၿပီး ၆၅ မိနစ္က ေအဘရာဟမ္ရဲ႕ သြင္းဂိုးကို ဗာနာက ဖန္တီးေပးသြားခဲ့ပါတယ္။

အဆုံးသတ္ပိုင္း တိုးတက္ဖို႔လိုေသးတဲ့ ခ်ယ္လ္ဆီး – ဧည့္သည္ ခ်ယ္လ္ဆီးအသင္းက ဒီပြဲမွာ အခုထက္ပိုၿပီး ဂိုးျပတ္သင့္တဲ့ ​ေျခစြမ္းထက္ျမက္မႈမ်ိဳးနဲ႕ ပုံစံေကာင္းကို ျပသခဲ့တာပါ။ ကစားပုံေကာင္းကာ အခြင့္အေရးဖန္တီးမႈ အမ်ားအျပားျပဳလုပ္နိုင္ခဲ့ေပမယ့္ ဂိုးေရွ႕မွာ ျဖဳန္းတီးမႈေတြက မနည္းခဲ့လို႔ နယူးကာဆယ္ဂိုးသမားရဲ႕ လက္စြမ္းထက္ကို အဆုံးသတ္ပိုင္း တိုးတက္ဖို႔လိုေသးတဲ့ တိုက္စစ္ပိုင္းက အဓိကေျပာစရာျဖစ္ခဲ့တာကို လမ္းပတ္လည္း ျမင္ေတြ႕ခဲ့မွာ အေသအခ်ာပါ။

ဂ်ဳိလင္တန္ကို စတိဗ္ ဘ႐ုစ္ ဘယ္လိုဆက္ကိုင္တြယ္မလဲ – နယူးကာဆယ္အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕မႈျဖစ္ခဲ့တဲ့ ဘရာဇီးလ္သား ဂ်ဳိလင္တန္ဟာ နယူးကာဆယ္အသင္းနဲ႕ တႏွစ္ခြဲသက္တမ္းမွာ ထူးျခားေလာက္စရာ ေျခစြမ္းမ်ိဳးကို ျပသနိုင္ခဲ့ျခင္း မရွိေသးပါဘူး။ ဒီပြဲမွာလည္း ထူးမျခားနားစြာပဲ အသင္းနဲ႕ သူ​နဲ႕ သက္သက္စီ၊ သီးျခားတကြဲစီျဖစ္ေနခဲ့တဲ့ အသက္ ၂၄ ႏွစ္သားဟာ အလြယ္တကူ ေဘာလုံးဆုံးရႈံးမႈေတြ မ်ားေနခဲ့တာကို ေတြ႕ရခဲ့ၿပီး ဒါကို စတိဗ္ ဘ႐ုစ္ ဘယ္ေလာက္ထိ ဆက္သည္းခံလို႔ ဘယ္လိုဆက္လက္ကိုင္တြယ္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.