Match Report Premier League

ခံစစ်ပိတ်ထားလည်း ဖိကစားပြီး သုံးမှတ်ရဖို့ ကျော်လွှားပြခဲ့တဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီး

ဒီနေ့ပွဲမှာ ချဲလ်ဆီးအသင်းဟာ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗား မပါဝင်နိုင်လို့ ခံစစ်မှာ ဇူးမားကို ရူဒီဂါနဲ့ ပြန်လည်တွဲဖက်ပေးခဲ့ပြီး တောင်ပံတွေမှာ ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ ကစားခဲ့ကြသလို ကွင်းလယ်မှာ ကွန်တေ+ကိုဗာချစ် အထိုင်နဲ့ တိုက်စစ်မှာတော့ တီမို ဗာနာကို အေဘရာဟမ်၊ ဇီးယက်ရှ်တို့ ပူးပေါင်းလာခဲ့ပါတယ်။

စတိဗ် ဘရုစ်ရဲ့ နယူးကာဆယ်လ်ကတော့ အိမ်ကွင်းပေမယ့် ခြေစွမ်းချင်း ကွာဟမှုကို ကြိုတွက်ထားခဲ့လို့ ပိတ်ကစားလာခဲ့ပေမယ့် ချဲလ်ဆီးရဲ့ မေဆန်မောင့်ရဲ့ မွှေနှောက်မှုတွေကို တီမို ဗာနာက နေရာလွတ် စောင့်ကစားပြီး ဇီးယက်ရှ်ကလည်း ချိန်သားကိုက် ထည့်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ကားလ် ဒါလိုး ကာကွယ်မှုတချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၁၀ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး မေဆန်မောင့် အနိမ့်ဘော ချိုးပေးတာကို နယူးကာဆယ်လ်ရဲ ဖာနန်ဒက်ဇ် ဖျက်ထုတ်ဖို့ ကြိုးစားချိန်မှာ ချေးလ်ဝဲလ်က နောက်ကနေ ဖိအားပေးခဲ့လို့ အာဂျင်တီးနားနောက်ခံလူ ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့ပြီး ချဲလ်ဆီးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တီမို ဗာနာချိုးပေးတာကို ပြေးဝင်ပိတ်သွင်းဖို့ တွဲဖက်တိုက်စစ်မှူး အေဘရာဟမ် နောက်ကျနေခဲ့လို့ တစ်ဂိုးနစ်နာခဲ့ရသလို နောက်တစ်ကြိမ်မှာလည်း ဗာနာကပဲ လွတ်လွတ်ကျွတ်ကျွတ်ရတာကို မကန်သင့်တဲ့ဘက်ကို ချိုးကန်ရာမှာ တိုင်ဘေးထွက်ခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ တီမို ဗာနာရဲ့ ဖန်တီးမှု မကောင်းတာရယ်၊ နောက်တန်းတွေထဲက ၃ ဂိုးသွင်းယူထားနိုင်တဲ့ ဇူးမားရဲ့ ခေါင်းတိုက်ချက် ဘေးထွက်တာရယ်ကြောင့် ရလဒ်က မပြောင်းခဲ့သေးဘဲ ပွဲချိန် ၅၈ မိနစ်မှာ နယူးကာဆယ်လ်ရဲ့ ဟေဒန်က အခွင့်အရေးကို မယုံနိုင်စရာ လွဲချော်ခဲ့လို့ ချေပဂိုးပြန်မပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ ချဲလ်ဆီးတို့ ဒုတိယဂိုးရခဲ့ပြီး တစ်ချိန်လုံး ကံမကောင်းဘဲဖြစ်နေခဲ့တဲ့ တီမို ဗာနာက တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော် ဆွဲပြေးပြီး ဂိုးဧရိယာထိပ်အရောက်မှာ အေဘရာဟမ်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးတာကို အင်္ဂလန်တိုက်စစ်မှူးက အနိမ့်ဘောကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့ အခွင့်အရေးတချို့ရခဲ့ပေမယ့် ဂိုးသမား မန်ဒီနဲ့ နောက်တန်းတွေ စုစည်းဖျက်ထုတ်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ Clean Sheet နိုင်ပွဲတစ်ပွဲနဲ့အတူ ဖရန့် လမ်းပတ်တို့ မျက်နှာပန်းလှခဲ့ပြီး သွင်းဂိုးနှစ်ဂိုးနဲ့ ရမှတ်သုံးမှတ်ကို စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်ရောက်လာနိုင်ခဲ့ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးအသင္းဟာ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗား မပါဝင္ႏိုင္လို႔ ခံစစ္မွာ ဇူးမားကို ႐ူဒီဂါနဲ႔ ျပန္လည္တြဲဖက္ေပးခဲ့ၿပီး ေတာင္ပံေတြမွာ ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ ကစားခဲ့ၾကသလို ကြင္းလယ္မွာ ကြန္ေတ+ကိုဗာခ်စ္ အထိုင္နဲ႔ တိုက္စစ္မွာေတာ့ တီမို ဗာနာကို ေအဘရာဟမ္၊ ဇီးယက္ရွ္တို႔ ပူးေပါင္းလာခဲ့ပါတယ္။

စတိဗ္ ဘ႐ုစ္ရဲ႕ နယူးကာဆယ္လ္ကေတာ့ အိမ္ကြင္းေပမယ့္ ေျခစြမ္းခ်င္း ကြာဟမႈကို ႀကိဳတြက္ထားခဲ့လို႔ ပိတ္ကစားလာခဲ့ေပမယ့္ ခ်ဲလ္ဆီးရဲ႕ ေမဆန္ေမာင့္ရဲ႕ ေမႊေႏွာက္မႈေတြကို တီမို ဗာနာက ေနရာလြတ္ ေစာင့္ကစားၿပီး ဇီးယက္ရွ္ကလည္း ခ်ိန္သားကိုက္ ထည့္ေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။

ကားလ္ ဒါလိုး ကာကြယ္မႈတခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ေမဆန္ေမာင့္ အနိမ့္ေဘာ ခ်ိဳးေပးတာကို နယူးကာဆယ္လ္ရဲ ဖာနန္ဒက္ဇ္ ဖ်က္ထုတ္ဖို႔ ႀကိဳးစားခ်ိန္မွာ ေခ်းလ္ဝဲလ္က ေနာက္ကေန ဖိအားေပးခဲ့လို႔ အာဂ်င္တီးနားေနာက္ခံလူ ကိုယ့္ဂိုး ကိုယ္သြင္းမိခဲ့ၿပီး ခ်ဲလ္ဆီးတို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တီမို ဗာနာခ်ိဳးေပးတာကို ေျပးဝင္ပိတ္သြင္းဖို႔ တြဲဖက္တိုက္စစ္မႉး ေအဘရာဟမ္ ေနာက္က်ေနခဲ့လို႔ တစ္ဂိုးနစ္နာခဲ့ရသလို ေနာက္တစ္ႀကိမ္မွာလည္း ဗာနာကပဲ လြတ္လြတ္ကြၽတ္ကြၽတ္ရတာကို မကန္သင့္တဲ့ဘက္ကို ခ်ိဳးကန္ရာမွာ တိုင္ေဘးထြက္ခဲ့လို႔ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွာ တီမို ဗာနာရဲ႕ ဖန္တီးမႈ မေကာင္းတာရယ္၊ ေနာက္တန္းေတြထဲက ၃ ဂိုးသြင္းယူထားႏိုင္တဲ့ ဇူးမားရဲ႕ ေခါင္းတိုက္ခ်က္ ေဘးထြက္တာရယ္ေၾကာင့္ ရလဒ္က မေျပာင္းခဲ့ေသးဘဲ ပြဲခ်ိန္ ၅၈ မိနစ္မွာ နယူးကာဆယ္လ္ရဲ႕ ေဟဒန္က အခြင့္အေရးကို မယုံႏိုင္စရာ လြဲေခ်ာ္ခဲ့လို႔ ေခ်ပဂိုးျပန္မေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ဒုတိယဂိုးရခဲ့ၿပီး တစ္ခ်ိန္လုံး ကံမေကာင္းဘဲျဖစ္ေနခဲ့တဲ့ တီမို ဗာနာက တန္ျပန္တိုက္စစ္ကေန တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး ဂိုးဧရိယာထိပ္အေရာက္မွာ ေအဘရာဟမ္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးတာကို အဂၤလန္တိုက္စစ္မႉးက အနိမ့္ေဘာကန္သြင္းၿပီး အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔ အခြင့္အေရးတခ်ိဳ႕ရခဲ့ေပမယ့္ ဂိုးသမား မန္ဒီနဲ႔ ေနာက္တန္းေတြ စုစည္းဖ်က္ထုတ္ႏိုင္ခဲ့တာေၾကာင့္ အေဝးကြင္းမွာ Clean Sheet ႏိုင္ပြဲတစ္ပြဲနဲ႔အတူ ဖရန႔္ လမ္းပတ္တို႔ မ်က္ႏွာပန္းလွခဲ့ၿပီး သြင္းဂိုးႏွစ္ဂိုးနဲ႔ ရမွတ္သုံးမွတ္ကို စုေဆာင္းႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးကို တက္ေရာက္လာႏိုင္ခဲ့ေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.