UCL&UEL

စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းျပင္ပမွာ ဘိုင္ယန္ပရိသတ္ေတြနဲ႔ ရဲတပ္ဖြဲ႔တို႔ အခ်င္းမ်ား

ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ လန္ဒန္ၿမဳိ႕က ခ်န္ပီယံလိဂ္ရွဳံးထြက္ ၁၆ သင္းအဆင့္ ပြဲစဥ္မတိုင္ခင္ စတမ္းဖို႔ဒ္ရစ္ခ်္ကြင္းျပင္ပမွာ ဧည့္သည္ဂ်ာမန္သား ဘိုင္ယန္ျမဴးနစ္အသင္းပရိသတ္ေတြအေနနဲ႔ စည္းကမ္းမ့ဲလုပ္ရပ္ေတြ က်ဴးလြန္ခဲ့လို႔ ရဲတပ္ဖြဲ႔ဝင္ေတြက အင္အားသံုးထိန္းသိမ္းခဲ့ရပါတယ္။

ထြက္ေပၚလာတဲ့ ဗီဒီယိုကလစ္ေတြမွာ ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြဟာ အတားအဆီးေတြကို ဖ်က္ဆီးၿပီး တြန္းေ၀့၀င္ေရာက္လာတာကို ေတြ႔ရၿပီး မ်က္ျမင္သက္ေသတစ္ဦးရဲ႕ အဆိုအရ ဧည့္သည္ပရိသတ္ေတြဘက္ကို ရဲတပ္ဖြဲ႕ဝင္ေတြက လုံၿခဳံေရးအရ ရွာေဖြခဲ့တာကို ဆန္႔က်င္ကန္႔ကြက္ရာကေန အခ်င္းျဖစ္ပြားခဲ့တာလုိ႔လည္း သိရပါတယ္။

ပြဲစခါနီးမွာေတာ့ ဧည့္သည္ပရိသတ္ဘက္အျခမ္းကို ရဲတပ္ဖြဲ႔ေတြ အလ်င္အျမန္ အင္အားတိုးျမင့္ခဲ့ရၿပီး ဓါတ္ပံုတခ်ိဳ႕မွာေတာ့ အေျခအေနကို ထိန္းသိမ္းဖို႔အတြက္ ရဲတပ္ဖြဲ႔တစ္စုဟာ နံပါတ္တုတ္ေတြ ေ၀ွ႔ရမ္းၿပီး ထိန္းေနရတာကိုလည္း ေတြ႔ရပါတယ္။

ဒါ့အျပင္ လက္မွတ္မပါဘဲ အတင္း၀င္တိုးေ၀ွ႔ၾကတဲ့ ဧည့္သည္ပရိသတ္ေတြေၾကာင့္ ျမင္းစီးရဲတပ္ဖြဲ႕ေတြပါ ေရာက္လာၿပီး ထိန္းသိမ္းခဲ့ရၿပီး ဖမ္းဆီးထိန္းသိမ္းခံရသူ ႏွစ္ဦးလည္း ရွိခဲ့ၿပီး ဧည့္သည္ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။

ဒါေပမယ့္ ကြင္းထဲမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းက သံုးဂိုးျပတ္နဲ႔ႏိုင္ခဲ့လို႔ ေက်နပ္ခဲ့ၾကရၿပီး အသင္းအတြက္ အႏိုင္ဂိုးေတြကို အာဆင္နယ္လူငယ္ ကစားသမားေဟာင္း ဂနာဘရီက ၂ ဂိုးနဲ႔ လီဗန္ေဒါ့ဗ္စကီးက ၁ ဂိုး သြင္းေပးခဲ့ပါတယ္။ အဂၤလိပ္ရဲတပ္ဖြဲ႕ေတြရဲ႕ ကိုင္တြယ္ႀကီးၾကပ္ပံုေတြကိုေတာ့ ဂ်ာမန္မီဒီယာေတြက ေဝဖန္ကန္႔ကြက္ခဲ့ၾကတယ္လို႔လည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ လန်ဒန်မြို့က ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်ခင် စတမ်းဖို့ဒ်ရစ်ချ်ကွင်းပြင်ပမှာ ဧည့်သည်ဂျာမန်သား ဘိုင်ယန်မြူးနစ်အသင်းပရိသတ်တွေအနေနဲ့ စည်းကမ်းမဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးထိန်းသိမ်းခဲ့ရပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုကလစ်တွေမှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ အတားအဆီးတွေကို ဖျက်ဆီးပြီး တွန်းဝေ့၀င်ရောက်လာတာကို တွေ့ရပြီး မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရ ဧည့်သည်ပရိသတ်တွေဘက်ကို ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအရ ရှာဖွေခဲ့တာကို ဆန့်ကျင်ကန့်ကွက်ရာကနေ အချင်းဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

ပွဲစခါနီးမှာတော့ ဧည့်သည်ပရိသတ်ဘက်အခြမ်းကို ရဲတပ်ဖွဲ့တွေ အလျင်အမြန် အင်အားတိုးမြင့်ခဲ့ရပြီး ဓါတ်ပုံတချို့မှာတော့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့တစ်စုဟာ နံပါတ်တုတ်တွေ ဝှေ့ရမ်းပြီး ထိန်းနေရတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် လက်မှတ်မပါဘဲ အတင်းဝင်တိုးဝှေ့ကြတဲ့ ဧည့်သည်ပရိသတ်တွေကြောင့် မြင်းစီးရဲတပ်ဖွဲ့တွေပါ ရောက်လာပြီး ထိန်းသိမ်းခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးလည်း ရှိခဲ့ပြီး ဧည့်သည်ပရိသတ်တွေအတွက် စိတ်ပျက်စရာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒါပေမယ့် ကွင်းထဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုးပြတ်နဲ့နိုင်ခဲ့လို့ ကျေနပ်ခဲ့ကြရပြီး အသင်းအတွက် အနိုင်ဂိုးတွေကို အာဆင်နယ်လူငယ် ကစားသမားဟောင်း ဂနာဘရီက ၂ ဂိုးနဲ့ လီဗန်ဒေါ့ဗ်စကီးက ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ အင်္ဂလိပ်ရဲတပ်ဖွဲ့တွေရဲ့ ကိုင်တွယ်ကြီးကြပ်ပုံတွေကိုတော့ ဂျာမန်မီဒီယာတွေက ဝေဖန်ကန့်ကွက်ခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.