UCL&UEL

အိမ္ကြင္းမွာ လမ္းပတ္ မ်က္ႏွာပ်က္ခဲ့ရၿပီး ေနပယ္လ္မွာ သေရရလဒ္ထြက္ခဲ့တဲ့ အဂၤါေန႔ည ခ်န္ပီယံလိဂ္

အဂၤါေန႔ညမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရွဳံးထြက္ၿပဳိင္ပြဲေတြမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ အိမ္ကြင္းမွာ ဒုတိယပုိင္းေပးဂိုး ၃ ဂိုးနဲ႔အတူ ဧည့္သည္ ဘုိင္ယန္ျမဴးနစ္ကို ရွဳံးနိမ့္ခဲ့ရၿပီး ေနာက္တစ္ဆင့္အတြက္ ဖိအားဝင္ခဲ့ရသလို ဘာစီလိုနာကေတာ့ နာပိုလီကို အေဝးကြင္းမွာ သေရကစားၿပီး စပိန္မွာ အႏုိင္ယူဖို႔ ေမွ်ာ္လင့္ခ်က္ရွိသြားခဲ့ပါတယ္။

လန္ဒန္က ခ်ဲလ္ဆီးနဲ႔ ဘုိင္ယန္တုိ႔ ပြဲစဥ္ကေတာ့ ပထမပုိင္းမွာ ႏွစ္သင္းစလုံး အျပန္အလွန္ထိုးေဖာက္ေနခဲ့ၾကေပမယ့္ ဧည့္သည္အသင္းရဲ႕ ၿခိမ္းေျခာက္မွဳေတြကို ဂိုးသမား ကာဘယ္လာ႐ို ေတာ္ေတာ္ေလး ကာကြယ္ေနခဲ့ရသလို အိမ္ရွင္တုိ႔ကေတာ့ ဂိုးေပါက္မတည့္ဘဲ Final Touch ေတြမွာ အားနည္းရင္း အခ်ိန္ကုန္ေနတာမ်ားခဲ့ၿပီး ပထမပုိင္းကို သေရနဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးေနာက္တန္းနဲ႔ ဂိုးသမားက အနည္းငယ္က်ဆင္းလာခဲ့ၿပီး ပထမပုိင္းကေလာက္ ကာကြယ္မွဳေတြ မေကာင္းေတာ့တာမို႔ ပြဲခ်ိန္ ၅၁ မိနစ္နဲ႔ ၅၄ မိနစ္မွာ ေတာင္ပံကစားသမား ဆာ့ဂ်္ ဂနာဘရီနဲ႔ ၇၆ မိနစ္မွာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးတုိ႔က ၃ ဂိုးသြင္းယူသြားခဲ့ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးေနာက္ခံလူ မားကို႔စ္ အလြန္ဆုိ တုိက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

ေနပယ္လ္မွာ ကစားခဲ့တဲ့ နာပုိလီနဲ႔ ဘာစီလိုနာတုိ႔ပြဲမွာေတာ့ အိမ္ရွင္နာပိုလီတို႔ ဖိကစားခဲ့ၿပီး ကြင္းတြင္းမွာေတာ့ အီတလီႏုိင္ငံရဲ႕ စိုးရိမ္စရာျဖစ္လာတဲ့ ကို႐ိုးနားဗိုင္းရပ္စ္ရဲ႕ အေျခအေနေၾကာင့္ ခုံလြတ္ေတြ ပုံမွန္ထက္ မ်ားေနခဲ့တာကို ေတြ႕ခဲ့ရၿပီး ပထမပုိင္းမွာ တုိက္စစ္မွဴး ဒရီးစ္ မာတန္းစ္ရဲ႕ လွပတဲ့ သြင္းဂိုးနဲ႔ အိမ္ရွင္ေတြ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဘာစီလိုနာတုိ႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ေနာက္ခံလူ နယ္လ္ဆင္ ဆီမီဒိုက လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ျပန္ခ်ဳိးေပးတာကို တိုက္စစ္မွဴး အြန္ထြာ ဂရစ္ဇ္မန္းက လြတ္လြတ္ကၽြတ္ကၽြတ္ ပိတ္သြင္းယူသြားႏုိင္ခဲ့တာျဖစ္ၿပီး ဒုတိယအေက်ာ့အတြက္ အေျခအေနေကာင္းသြားခဲ့တယ္ဆိုတာကို အဂၤါေန႔ည ခ်န္ပီယံလိဂ္ပြဲအက်ဥ္းခ်ဳပ္အျဖစ္ ေရးသားတင္္ဆက္လုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အင်္ဂါနေ့ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲတွေမှာတော့ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဒုတိယပိုင်းပေးဂိုး ၃ ဂိုးနဲ့အတူ ဧည့်သည် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ရပြီး နောက်တစ်ဆင့်အတွက် ဖိအားဝင်ခဲ့ရသလို ဘာစီလိုနာကတော့ နာပိုလီကို အဝေးကွင်းမှာ သရေကစားပြီး စပိန်မှာ အနိုင်ယူဖို့ မျှော်လင့်ချက်ရှိသွားခဲ့ပါတယ်။

လန်ဒန်က ချဲလ်ဆီးနဲ့ ဘိုင်ယန်တို့ ပွဲစဉ်ကတော့ ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်နေခဲ့ကြပေမယ့် ဧည့်သည်အသင်းရဲ့ ခြိမ်းခြောက်မှုတွေကို ဂိုးသမား ကာဘယ်လာရို တော်တော်လေး ကာကွယ်နေခဲ့ရသလို အိမ်ရှင်တို့ကတော့ ဂိုးပေါက်မတည့်ဘဲ Final Touch တွေမှာ အားနည်းရင်း အချိန်ကုန်နေတာများခဲ့ပြီး ပထမပိုင်းကို သရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးနောက်တန်းနဲ့ ဂိုးသမားက အနည်းငယ်ကျဆင်းလာခဲ့ပြီး ပထမပိုင်းကလောက် ကာကွယ်မှုတွေ မကောင်းတော့တာမို့ ပွဲချိန် ၅၁ မိနစ်နဲ့ ၅၄ မိနစ်မှာ တောင်ပံကစားသမား ဆာ့ဂျ် ဂနာဘရီနဲ့ ၇၆ မိနစ်မှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးတို့က ၃ ဂိုးသွင်းယူသွားခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ ချဲလ်ဆီးနောက်ခံလူ မားကို့စ် အလွန်ဆို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

နေပယ်လ်မှာ ကစားခဲ့တဲ့ နာပိုလီနဲ့ ဘာစီလိုနာတို့ပွဲမှာတော့ အိမ်ရှင်နာပိုလီတို့ ဖိကစားခဲ့ပြီး ကွင်းတွင်းမှာတော့ အီတလီနိုင်ငံရဲ့ စိုးရိမ်စရာဖြစ်လာတဲ့ ကိုရိုးနားဗိုင်းရပ်စ်ရဲ့ အခြေအနေကြောင့် ခုံလွတ်တွေ ပုံမှန်ထက် များနေခဲ့တာကို တွေ့ခဲ့ရပြီး ပထမပိုင်းမှာ တိုက်စစ်မှူး ဒရီးစ် မာတန်းစ်ရဲ့ လှပတဲ့ သွင်းဂိုးနဲ့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာတို့ ချေပဂိုးပြန်ရခဲ့ပြီး နောက်ခံလူ နယ်လ်ဆင် ဆီမီဒိုက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ပြန်ချိုးပေးတာကို တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယအကျော့အတွက် အခြေအနေကောင်းသွားခဲ့တယ်ဆိုတာကို အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲအကျဉ်းချုပ်အဖြစ် ရေးသားတင်ဆက်လိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.