Premier League Transfer News

21 Nov နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ နစ်ကလတ်စ် ဆူးလားအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်ချိန်ချိန်မှာ ကစားပေးနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိနေတယ်လို့ ဂျာမန်ဂျာနယ်လစ် ခရစ္စတီယန် ဖော့လ်ခ်ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ခေါ်ယူရမယ့် ပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာအနေနဲ့ အလွတ်ပြောင်းရွှေ့မှုအတွက် တစ်နှစ်လုပ်ခ ယူရို ၁၅ သန်း၊ တစ်ပတ်လုပ်ခ ယူရို ၂၉၀၀၀ နီးပါး ပေးချေရဖွယ်ရှိနေ။

– အာလင်း ဟားလန်းအတွက် မန်ချက်စတာမြို့ခံနှစ်သင်းရဲ့ ချဉ်းကပ်မှုတွေကို ဖခင်ဖြစ်သူ အဲ့လ်ဖင်းက တုံ့ပြန်လိုက်ပြီး သူ့သားအနေနဲ့ ဂျာမနီမှာ အောင်မြင်မှုတွေ ရယူနိုင်စရာ အမြောက်အမြားရှိသေးကြောင်းနဲ့ ပရီးမီးယားလိဂ်ကို စိတ်ဝင်စားပေမယ့် ပြောင်းရွှေ့ဖို့ အလျင်မလိုကြောင်းဆို။

– အသင်းအတွက် ခြေစွမ်းမပြနိုင်သလို ဒဏ်ရာပြဿနာတွေနဲ့ အခါခါရင်ဆိုင်နေကြရတဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်နဲ့ အဲရစ် ဘိုင်လီတို့ကို ဒီထက်ပိုပြီး အသင်းရဲ့ လစာကို လိမ်ညာယူနေတာကို ခွင့်မပြုဖို့နဲ့ အမြန်ဆုံးရောင်းချဖို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ တိုက်တွန်း။

– မန်ချက်စတာယူနိုက်တက်ရဲ့ ကွန်ပျူတာစစ္စတမ်တွေထဲကို ဟက်ကာတွေက ထိုးဖောက်တိုက်ခိုက်ခဲ့တာကို ခံခဲ့ရကြောင်း အသင်းဘက်က အတည်ပြုသွားခဲ့ပြီး ဘာပဲဖြစ်ဖြစ် ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းပွဲစဉ်ကို မူလအစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ ထုတ်ပြန်။

– ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီကလိုမျိုး အမြန်ဆုံး ပြန်လည်ခြေစွမ်းပြလိမ့်မယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ထောက်ခံပြောကြားသွားခဲ့ပြီး ဒီအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ဆို။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပြီး ပြင်သစ်နည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ရဲ့ စွဲချက်တွေကို ပယ်ချသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိကေနာက္ခံလူတစ္ဦးျဖစ္တဲ့ နစ္ကလတ္စ္ ဆူးလားအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ တစ္ခ်ိန္ခ်ိန္မွာ ကစားေပးႏိုင္ဖို႔ စိတ္အားထက္သန္လ်က္ရွိေနတယ္လို႔ ဂ်ာမန္ဂ်ာနယ္လစ္ ခရစၥတီယန္ ေဖာ့လ္ခ္ေဖာ္ျပ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ေခၚယူရမယ့္ ပစ္မွတ္ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာအေနနဲ႔ အလြတ္ေျပာင္းေ႐ႊ႕မႈအတြက္ တစ္ႏွစ္လုပ္ခ ယူ႐ို ၁၅ သန္း၊ တစ္ပတ္လုပ္ခ ယူ႐ို ၂၉၀၀၀ နီးပါး ေပးေခ်ရဖြယ္ရွိေန။

– အာလင္း ဟားလန္းအတြက္ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းရဲ႕ ခ်ဥ္းကပ္မႈေတြကို ဖခင္ျဖစ္သူ အဲ့လ္ဖင္းက တုံ႔ျပန္လိုက္ၿပီး သူ႔သားအေနနဲ႔ ဂ်ာမနီမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္စရာ အေျမာက္အျမားရွိေသးေၾကာင္းနဲ႔ ပရီးမီးယားလိဂ္ကို စိတ္ဝင္စားေပမယ့္ ေျပာင္းေ႐ႊ႕ဖို႔ အလ်င္မလိုေၾကာင္းဆို။

– အသင္းအတြက္ ေျခစြမ္းမျပႏိုင္သလို ဒဏ္ရာျပႆနာေတြနဲ႔ အခါခါရင္ဆိုင္ေနၾကရတဲ့ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္နဲ႔ အဲရစ္ ဘိုင္လီတို႔ကို ဒီထက္ပိုၿပီး အသင္းရဲ႕ လစာကို လိမ္ညာယူေနတာကို ခြင့္မျပဳဖို႔နဲ႔ အျမန္ဆုံးေရာင္းခ်ဖို႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ တိုက္တြန္း။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြန္ပ်ဴတာစစၥတမ္ေတြထဲကို ဟက္ကာေတြက ထိုးေဖာက္တိုက္ခိုက္ခဲ့တာကို ခံခဲ့ရေၾကာင္း အသင္းဘက္က အတည္ျပဳသြားခဲ့ၿပီး ဘာပဲျဖစ္ျဖစ္ ဝက္စ္ဘ႐ြန္းနဲ႔ အိမ္ကြင္းပြဲစဥ္ကို မူလအစီအစဥ္အတိုင္း ဆက္လက္က်င္းပသြားမယ္လို႔ ထုတ္ျပန္။

– ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကလိုမ်ိဳး အျမန္ဆုံး ျပန္လည္ေျခစြမ္းျပလိမ့္မယ္လို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွား ေထာက္ခံေျပာၾကားသြားခဲ့ၿပီး ဒီအတြက္ စိုးရိမ္ပူပန္ျခင္းမရွိဘူးလို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ေတာ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာဟာ အလြန္အေရးပါတဲ့ ကစားသမားတစ္ဦးအျဖစ္ ရွိေနတယ္လို႔ နည္းျပ ဆိုးလ္ရွားက ေျပာၾကားလိုက္ၿပီး ျပင္သစ္နည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္ရဲ႕ စြဲခ်က္ေတြကို ပယ္ခ်သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.