Premier League

21 Nov နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

အောက်တိုဘာလကတည်းက ပွဲကစားထားခြင်း မရှိသေးတဲ့ သီယာဂို အယ်လ်ကန်တာရာ နဲ့ ဖာဘင်ညိုတို့ရဲ့ အခြေအနေကို နည်းပြကလော့ပ်ထုတ်ဖော်ခဲ့ပြီး လာမယ့် လက်စတာနဲ့ပွဲမှာ အယ်လ်ကန်တာရာကို အလောတကြီး အသုံးပြုသွားဦးမှာ မဟုတ်ဘဲ ဖာဘင်ညိုပါဝင်လာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောခဲ့။

ငါးကြိမ် လူစားလဲခွင့်စနစ်ကို ပရီးမီးယားလိဂ်မှာ အမြန်ဆုံးကျင့်သုံးသင့်တယ်လို့ ကလော့ပ်က ယုံကြည်နေပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ ကျန်းမာရေးအတွက် ပွဲကျပ်ကာလနဲ့ သုံးကြိမ်သာ လူစားခွင့်ဟာ တာဝန်ရှိသူတွေ ဆင်ခြေမပေးဘဲ ဖြေရှင်းရမယ့်ကိစ္စလို့ ခံယူထား။

မိုဆာလား မပါဝင်နိုင်တဲ့ လက်စတာနဲ့ပွဲမှာ နည်းပြကလော့ပ်ဟာ ပြိုင်ဘက်ကို ရှော့ခ်ရသွားစေမယ့် လူရွေးချယ်မှုနဲ့ နည်းဗျူဟာပိုင်းကို ထုတ်သုံးလာဖွယ် ရှိနေပြီး အဓိကဝှက်ဖဲမှာ အရန်ခုံကထလာပြီး အသင်းကို အကြိမ်ကြိမ်အကျိုးပြုခဲ့ဖူးတဲ့ ရှာကျီရီ ဖြစ်လာဖွယ်ရှိနေ။

အဓိက ကစားသမားတွေ တန်းစီပြီးဒဏ်ရာရခဲ့တာကြောင့် လုပ်ငန်းစဥ်တွေ အထိနာခဲ့တဲ့ ကလော့ပ်က လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဟာ ဒဏ်ရာပြဿနာ အကျပ်အတည်းကို ဖြေရှင်းပေးသွားနိုင်ဖွယ် ရှိကြောင်း နဲ့ လက်ရှိမှာ လူငယ်ကစားသမားတွေကို ပွဲထုတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့။

လီဗာပူးလ်အသင်းသာ အလိုမရှိပါက တိုက်စစ်မှူး မိုဆာလားကို လာမယ့် နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ခေါ်ယူသွားတော့မှာ မဟုတ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေငြာခဲ့ပြီး ကစားသမားကို ကလပ်အသင်းလက်ထဲ၌သာ အပ်ထားတော့မှာဖြစ်ကြောင်း ဝန်ခံခဲ့။

ညီဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့လို့ အီဂျစ်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ မိုဆာလားရဲ့ ဖြစ်ရပ်ကို လူသိရှင်ကြား ဝေဖန်မှတ်ချက်ပြုဖို့ နည်းပြကလော့ပ်က ငြင်းဆန်သွားခဲ့ပြီး နှစ်ကိုယ်ကြား လူကြီးလူကောင်းဆန်ဆန် ဖြေရှင်းသွားမှာဖြစ်ကြောင်း ​ပြောကြားခဲ့။

လီဗာပူးလ်အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ အေဂျက်စ်အသင်းရဲ့ ဗဟိုခံစစ်မှူး ပါးရှူးစ်ကို အနည်းဆုံး ပေါင်သန်း ၃၀ တန်ကြေး သတ်မှတ်ထားကြောင်း သိရပြီး ဒီထက်ပိုနည်းတဲ့စျေးကို လက်ခံသွားမှာမဟုတ်ဘဲ အေစီမီလန်အသင်းကလည်း အပြိုင်ကြိုးပမ်းနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေအာက္တိုဘာလကတည္းက ပြဲကစားထားျခင္း မရွိေသးတဲ့ သီယာဂို အယ္လ္ကန္တာရာ နဲ႕ ဖာဘင္ညိုတို႔ရဲ႕ အေျခအေနကို နည္းျပကေလာ့ပ္ထုတ္ေဖာ္ခဲ့ၿပီး လာမယ့္ လက္စတာနဲ႕ပြဲမွာ အယ္လ္ကန္တာရာကို အေလာတႀကီး အသုံးျပဳသြားဦးမွာ မဟုတ္ဘဲ ဖာဘင္ညိုပါဝင္လာနိုင္ဖြယ္ရွိေၾကာင္း အရိပ္အႁမြက္ေျပာခဲ့။

ငါးႀကိမ္ လူစားလဲခြင့္စနစ္ကို ပရီးမီးယားလိဂ္မွာ အျမန္ဆုံးက်င့္သုံးသင့္တယ္လို႔ ကေလာ့ပ္က ယုံၾကည္ေနၿပီး ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈနဲ႕ က်န္းမာေရးအတြက္ ပြဲက်ပ္ကာလနဲ႕ သုံးႀကိမ္သာ လူစားခြင့္ဟာ တာဝန္ရွိသူေတြ ဆင္ေျခမေပးဘဲ ေျဖရွင္းရမယ့္ကိစၥလို႔ ခံယူထား။

မိုဆာလား မပါဝင္နိုင္တဲ့ လက္စတာနဲ႕ပြဲမွာ နည္းျပကေလာ့ပ္ဟာ ၿပိဳင္ဘက္ကို ေရွာ့ခ္ရသြားေစမယ့္ လူေ႐ြးခ်ယ္မႈနဲ႕ နည္းဗ်ဴဟာပိုင္းကို ထုတ္သုံးလာဖြယ္ ရွိေနၿပီး အဓိကဝွက္ဖဲမွာ အရန္ခုံကထလာၿပီး အသင္းကို အႀကိမ္ႀကိမ္အက်ိဳးျပဳခဲ့ဖူးတဲ့ ရွာက်ီရီ ျဖစ္လာဖြယ္ရွိေန။

အဓိက ကစားသမားေတြ တန္းစီၿပီးဒဏ္ရာရခဲ့တာေၾကာင့္ လုပ္ငန္းစဥ္ေတြ အထိနာခဲ့တဲ့ ကေလာ့ပ္က လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ဟာ ဒဏ္ရာျပႆနာ အက်ပ္အတည္းကို ေျဖရွင္းေပးသြားနိုင္ဖြယ္ ရွိေၾကာင္း နဲ႕ လက္ရွိမွာ လူငယ္ကစားသမားေတြကို ပြဲထုတ္သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့။

လီဗာပူးလ္အသင္းသာ အလိုမရွိပါက တိုက္စစ္မႉး မိုဆာလားကို လာမယ့္ ႏြေရာသီ အိုလံပစ္ၿပိဳင္ပြဲအတြက္ ေခၚယူသြားေတာ့မွာ မဟုတ္ေၾကာင္း အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳေၾကျငာခဲ့ၿပီး ကစားသမားကို ကလပ္အသင္းလက္ထဲ၌သာ အပ္ထားေတာ့မွာျဖစ္ေၾကာင္း ဝန္ခံခဲ့။

ညီျဖစ္သူရဲ႕ မဂၤလာေဆာင္ကို တက္ေရာက္ခဲ့လို႔ အီဂ်စ္မွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရတဲ့ မိုဆာလားရဲ႕ ျဖစ္ရပ္ကို လူသိရွင္ၾကား ေဝဖန္မွတ္ခ်က္ျပဳဖို႔ နည္းျပကေလာ့ပ္က ျငင္းဆန္သြားခဲ့ၿပီး ႏွစ္ကိုယ္ၾကား လူႀကီးလူေကာင္းဆန္ဆန္ ေျဖရွင္းသြားမွာျဖစ္ေၾကာင္း ​ေျပာၾကားခဲ့။

လီဗာပူးလ္အသင္းက ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတဲ့ ေအဂ်က္စ္အသင္းရဲ႕ ဗဟိုခံစစ္မႉး ပါးရွဴးစ္ကို အနည္းဆုံး ေပါင္သန္း ၃၀ တန္ေၾကး သတ္မွတ္ထားေၾကာင္း သိရၿပီး ဒီထက္ပိုနည္းတဲ့ေစ်းကို လက္ခံသြားမွာမဟုတ္ဘဲ ေအစီမီလန္အသင္းကလည္း အၿပိဳင္ႀကိဳးပမ္းေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.