Premier League

21 Nov နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဒီနေ့ညကစားမယ့် နယူးကာဆယ်အသင်းနဲ့ပွဲမတိုင်မီ လေ့ကျင့်ရေးအစီအစဥ်မှာ သီယာဂို ဆေးလ်ဗား၊ ဂျော်ဂျင်ဟို၊ ဂျီရူး၊ အီမာဆန်တို့ကို မြင်တွေ့ခဲ့ရခြင်း မရှိဘဲ ပူလီရှစ်ချ်ဟာ တကိုယ်တော်သီးသန့် လေ့ကျင့်နေသလို တီမိုဗာနာ ပြန်လည်ပါဝင်လာခဲ့ပြီး ဘန်ချေးလ်ဝဲလ်ကိုလည်း အဆင်ပြေစွာ တွေ့မြင်ခဲ့ရ။

ဂျီရူးကို ကျော်လွန်ပြီး တန်မီ အေဘရာဟမ်ကို တိုက်စစ်နေရာ ပုံအပ်ခဲ့တာဟာ နည်းပြလမ်းပတ်ရဲ့ မမျှတတဲ့လုပ်ရပ်ဖြစ်ပြီး ဂျီရူးဟာ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကအခန်းကဏ္ဍအနေနဲ့ လုပ်ဆောင်ပေးထားတာကို မေ့မထားသင့်ကြောင်း ဂျီရူးရဲ့ အေးဂျင့်သတိပေး။

ကစားဟန်အနေနဲ့ ပရိသတ်တွေ သဘောမကျတဲ့ မေဆန်မောင့်ဟာ Pressing Game အမျိုးအစားမှာ အဓိက အားထားရသူဖြစ်လို့ နည်းပြတွေအတွက် သဘောကျရတဲ့ ကစားသမားမျိုးဖြစ်ကာ အသင်းအတွက်လိုအပ်ကြောင်း နည်းပြလမ်းပတ် ကာကွယ်သွားခဲ့။

အသင်းပရိသတ်တွေအနေနဲ့ “CHO” လို့ နာမည်ပြောင်ပေးထားတဲ့ အချစ်တော် ဟဒ်ဆန် အိုဒွိုင်းကို နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်ကစားစေဖို့ စိတ်အားထက်သန်လျက်ရှိပြီး ယူ-၂၁ ပြိုင်ပွဲကလို အထူးခြေစွမ်းပြ ဂိုးသွင်းလိမ့်လို့ ယုံကြည်နေကြ။

စပါးစ်နည်းပြဟောင်း တင်မ်ရှားဝုဒ်က ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်​ခြေအရ လန်ဒန်အသင်းတွေဘက်က ရပ်တည်သွားခဲ့ပြီး လီဗာပူးလ် နဲ့ မန်စီးတီးတို့ပြီးရင် ချယ်လ်ဆီးနဲ့ စပါးစ်တို့ဟာ အဓိက ချန်ပီယံစိန်ခေါ်သူတွေ ဖြစ်လာမယ်လို့ ထုတ်ဖော်ခဲ့။

တီမို ​ဗာနာဟာ နယူးကာဆယ်နဲ့ပွဲမှာသာ ဂိုးသွင်းယူနိုင်ခဲ့ရင် ၂၀၀၉ ခုနှစ်က ဒီဒီယာ ဒရော့ဂ်ဘာပြီးနောက် ချယ်လ်ဆီအသင်းအတွက် ငါးပွဲဆက် ဂိုးသွင်းယူပေးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာဖွယ်ရှိနေပြီး ၁၁ နှစ်ကြာစံချိန်ကို လိုက်မီသွားမှာဖြစ်။

စတုတ်စီးတီးနည်းပြ မိုက်ကယ် အိုနေးလ်က ဒီရာသီ အသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်ဖြစ်တဲ့ ပေးဂိုးမရှိ Clean Sheet ၉ ပွဲအထိ ရရှိခဲ့တာဟာ ချယ်လ်ဆီးရဲ့ အိုင်ကွန်ကစားသမားဟောင်း အိုဘီ မီခေးလ်ကြောင့်ဖြစ်တယ်လို့ ကျေးဇူးစကားဆိုခဲ့ပြီး မီခေးလ်ဟာ စတုတ်အသင်းအတွက် ကွင်းလယ်ထိန်းကျောင်းသူအဖြစ် အထူးခြေစွမ်းပြကစားပေးနေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီေန႕ညကစားမယ့္ နယူးကာဆယ္အသင္းနဲ႕ပြဲမတိုင္မီ ေလ့က်င့္ေရးအစီအစဥ္မွာ သီယာဂို ေဆးလ္ဗား၊ ေဂ်ာ္ဂ်င္ဟို၊ ဂ်ီ႐ူး၊ အီမာဆန္တို႔ကို ျမင္ေတြ႕ခဲ့ရျခင္း မရွိဘဲ ပူလီရွစ္ခ်္ဟာ တကိုယ္ေတာ္သီးသန့္ ေလ့က်င့္ေနသလို တီမိုဗာနာ ျပန္လည္ပါဝင္လာခဲ့ၿပီး ဘန္ေခ်းလ္ဝဲလ္ကိုလည္း အဆင္ေျပစြာ ေတြ႕ျမင္ခဲ့ရ။

ဂ်ီ႐ူးကို ေက်ာ္လြန္ၿပီး တန္မီ ေအဘရာဟမ္ကို တိုက္စစ္ေနရာ ပုံအပ္ခဲ့တာဟာ နည္းျပလမ္းပတ္ရဲ႕ မမွ်တတဲ့လုပ္ရပ္ျဖစ္ၿပီး ဂ်ီ႐ူးဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဓိကအခန္းက႑အေနနဲ႕ လုပ္ေဆာင္ေပးထားတာကို ေမ့မထားသင့္ေၾကာင္း ဂ်ီ႐ူးရဲ႕ ေအးဂ်င့္သတိေပး။

ကစားဟန္အေနနဲ႕ ပရိသတ္ေတြ သေဘာမက်တဲ့ ေမဆန္ေမာင့္ဟာ Pressing Game အမ်ိဳးအစားမွာ အဓိက အားထားရသူျဖစ္လို႔ နည္းျပေတြအတြက္ သေဘာက်ရတဲ့ ကစားသမားမ်ိဳးျဖစ္ကာ အသင္းအတြက္လိုအပ္ေၾကာင္း နည္းျပလမ္းပတ္ ကာကြယ္သြားခဲ့။

အသင္းပရိသတ္ေတြအေနနဲ႕ “CHO” လို႔ နာမည္ေျပာင္ေပးထားတဲ့ အခ်စ္ေတာ္ ဟဒ္ဆန္ အိုဒြိုင္းကို နယူးကာဆယ္နဲ႕ပြဲမွာ ပြဲထြက္ကစားေစဖို႔ စိတ္အားထက္သန္လ်က္ရွိၿပီး ယူ-၂၁ ၿပိဳင္ပြဲကလို အထူးေျခစြမ္းျပ ဂိုးသြင္းလိမ့္လို႔ ယုံၾကည္ေနၾက။

စပါးစ္နည္းျပေဟာင္း တင္မ္ရွားဝုဒ္က ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္နိုင္​ေျခအရ လန္ဒန္အသင္းေတြဘက္က ရပ္တည္သြားခဲ့ၿပီး လီဗာပူးလ္ နဲ႕ မန္စီးတီးတို႔ၿပီးရင္ ခ်ယ္လ္ဆီးနဲ႕ စပါးစ္တို႔ဟာ အဓိက ခ်န္ပီယံစိန္ေခၚသူေတြ ျဖစ္လာမယ္လို႔ ထုတ္ေဖာ္ခဲ့။

တီမို ​ဗာနာဟာ နယူးကာဆယ္နဲ႕ပြဲမွာသာ ဂိုးသြင္းယူနိုင္ခဲ့ရင္ ၂၀၀၉ ခုႏွစ္က ဒီဒီယာ ဒေရာ့ဂ္ဘာၿပီးေနာက္ ခ်ယ္လ္ဆီအသင္းအတြက္ ငါးပြဲဆက္ ဂိုးသြင္းယူေပးနိုင္တဲ့ ပထမဆုံး ကစားသမားျဖစ္လာဖြယ္ရွိေနၿပီး ၁၁ ႏွစ္ၾကာစံခ်ိန္ကို လိုက္မီသြားမွာျဖစ္။

စတုတ္စီးတီးနည္းျပ မိုက္ကယ္ အိုေနးလ္က ဒီရာသီ အသင္းရဲ႕ လက္ရွိစြမ္းေဆာင္ရည္ျဖစ္တဲ့ ေပးဂိုးမရွိ Clean Sheet ၉ ပြဲအထိ ရရွိခဲ့တာဟာ ခ်ယ္လ္ဆီးရဲ႕ အိုင္ကြန္ကစားသမားေဟာင္း အိုဘီ မီေခးလ္ေၾကာင့္ျဖစ္တယ္လို႔ ေက်းဇူးစကားဆိုခဲ့ၿပီး မီေခးလ္ဟာ စတုတ္အသင္းအတြက္ ကြင္းလယ္ထိန္းေက်ာင္းသူအျဖစ္ အထူးေျခစြမ္းျပကစားေပးေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.