Premier League

ဂွာဒီယိုလာ ဘာကြောင့် မန်စီးတီးမှာ စာချုပ်သစ် ချုပ်ဆိုခဲ့တာလဲ

မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းသစ် တိုးပြီး အသင်းမှာ ဆက်ရှိနေမယ်ဆိုတဲ့နောက်မှာတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ကောလဟလသတင်းတွေ ငြိမ်သွားခဲ့သလို သူ့နေရာမှာ RB လိုက်ပ်ဇစ်နည်းပြ နာဂျယ်စ်မန်း ရောက်ရှိလာမယ်ဆိုတဲ့ သုံးသပ်သံတွေလည်း တိတ်သွားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းမှည ၂၀၂၂-၂၃ ရာသီကုန်အထိ ဆက်ရှိနေမှာဖြစ်ပြီး ” ကျွန်တော်တို့အနေနဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းစဥ်တွေကို အပြီးသတ်ရပါဦးမယ်” လို့ ဆိုခဲ့တဲ့ ဂွာဒီယိုလာက စကားတခွန်းတည်းဟာ အသင်းရဲ့ အနာဂတ်စီမံကိန်းနဲ့အတူ ပြည်တွင်း၊ ဥရောပ အောင်မြင်မှု ခြေလှမ်းတွေအထိပါ မီးမောင်းထိုးပြသွားခဲ့ပြီး မန်စီးတီးကို အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်လာတဲ့အထိ ကိုင်တွယ်သွားဖို့ ရှိနေတာပါ။

မန်စီးတီးအသင်းရဲ့ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းဟာ လက်ရှိလက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ကို လေးစားအားကျသူ ဖြစ်တဲ့အပြင် နာမည်ကျော် စပါးစ်နည်းပြဟောင်း ပိုချက်တီနိုလည်း အသင်းလက်မဲ့ဖြစ်နေတာကြောင့် ရွေးချယ်စရာတွေ ရှိခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ စိတ်ဝင်စားမှုကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး သူ့ဘက်က မီးစိမ်းပြနေတာနဲ့ တပြိုင်နက် သူ့လို ကမ္ဘာ့အဆင့် ဘောလုံးဒဿနပိုင်ရှင်၊ ကမ္ဘာ့အဆင့်နည်းပြလက်ထဲမှာ အသင်းကို နောက်ထပ်သုံးရာသီ တာဝန်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

မန်စီးတီးအသင်းမှာ ဂွာဒီယိုလာ ဆက်ရှိနေခဲ့ရတဲ့ အဓိကအကြောင်းရင်းတခုက အသင်းဥက္ကဌ အယ်လ်မူဘာရက်ပါ။ ဒီအချက်ကို ဂွာဒီယိုလာကိုယ်တိုင် ထုတ်ပြောခဲ့တာဖြစ်ပြီး ဒါဟာ အသင်းပိုင်ရှင်ကို မျက်နှာလို မျက်နှာရ ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အသင်းလည်ပတ်ပုံကို အရာရာစိတ်တိုင်းကျနေတဲ့ အချက်ကြောင့်လို့ သိရပြီး သူတို့နှစ်ဦးကြားမှာ လေးစားယုံကြည်မှုကို အပြည့်အဝ တည်ဆောက်ထားနိုင်ခဲ့တာပါ။

ဒါ့အပြင် ဂွာဒီယိုလာဟာ ဘီဂီရီစတိန်းနဲ့ အရင်းနှီးဆုံးဆက်ဆံရေး ရှိနေပြီး ဂွာဒီယိုလာသာ မန်စီးတီးမှာ ဆက်ရှိနေမယ်ဆိုရင် ဘာစီလိုနာနဲ့ တင်းမာမှုတွေ ရှိနေတဲ့ မက်ဆီဟာ ဆရာဟောင်းနဲ့ အနှေးနဲ့အမြန် လာရောက်ပူး​ပေါင်းမယ်လို့ သူတို့က ယုံကြည်နေတာဖြစ်ပါတယ်။ သူတို့ရဲ့ ဘုံရည်မှန်းချက်အရ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ကိုင်မြှောက်မယ့် ချန်ပီယံအသင်းကို စိတ်သစ်လူသစ်နဲ့ တည်ဆောက်ချင်ကြတဲ့အချက်မှာ သဘောထားတူညီမှုများစွာ ရှိနေခဲ့ပါတယ်။

ဒါ့အ​ပြင် မန်စီးတီးအသင်းပရိသတ်တွေ ကိုယ်တိုင်ကိုက ဂွာဒီယိုလာကို တခြားနည်းပြနဲ့ အစားထိုးခြင်းဟာ အသင်းကို တဆင့်နိမ့်ကျသွားစေတယ်လို့ ခံယူထားတာဖြစ်ပြီး ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ထည်ဝါတဲ့သမိုင်းကြောင်းတွေနဲ့ ဆွဲဆောင်လိုတာဆိုရင်၊ တော်ဝင် ရီးယဲလ်မက်ဒရစ်အသင်းက ၁၃ လုံးအပြည့်ရှိတဲ့ ဥရောပဆုဖလားအောင်မြင်မှုပြတိုက်နဲ့ ဆွဲဆောင်လိုတာဆိုရင်၊ ဘာစီလိုနာအသင်းလို့ ဆိုလိုက်တိုင်း ”မက်ဆီ” ကိုမြင်ယောင်ကြတဲ့ လွှမ်းမိုးမှုနဲ့ ဆွဲဆောင်လိုတာဆိုရင်၊ မန်စီးတီးအသင်းအတွက်ကတော့ ဂွာဒီယိုလာရဲ့ ကမ္ဘာ့ပုံရိပ်နဲ့ ကစားသမားသစ်တွေကို အသင်းထံ အမိအရ ဆွဲဆောင်သွားလိုနေတာဖြစ်ပါတယ်။

ဒါဟာ ဘာကြောင့် မန်စီးတီးမှာ ဂွာဒီယိုလာ စာချုပ်သစ် ချုပ်ဆိုခဲ့တာလဲ ဆိုတဲ့အချက်မှာ တဖက်နဲ့ တဖက်မှာ Win-Win အခြေအနေဖြစ်နေပြီး နှစ်ဖက်စလုံးအတွက် မက်လုံးတခုဖြစ်စရာ အကြောင်းအနေနဲ့ ရှိသလို ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာခေတ်လွန်မှာ ပထမဆုံးဦးဆုံး ချန်ပီယံလိဂ်ဖလားကို မန်စီးတီးအသင်းနဲ့ ကိုင်မြှောက်သွားလိုနေတာကို လည်း အခိုင်အမာရည်မှန်းချက်အနေနဲ့ တွေ့ရှိထားရပါတယ်။

REF: THE ATHELETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္းသစ္ တိုးၿပီး အသင္းမွာ ဆက္ရွိေနမယ္ဆိုတဲ့ေနာက္မွာေတာ့ သူ႕ရဲ႕အနာဂတ္နဲ႕ ပတ္သက္လို႔ ေကာလဟလသတင္းေတြ ၿငိမ္သြားခဲ့သလို သူ႕ေနရာမွာ RB လိုက္ပ္ဇစ္နည္းျပ နာဂ်ယ္စ္မန္း ေရာက္ရွိလာမယ္ဆိုတဲ့ သုံးသပ္သံေတြလည္း တိတ္သြားခဲ့ပါတယ္။

ဂြာဒီယိုလာဟာ မန္စီးတီးအသင္းမွည ၂၀၂၂-၂၃ ရာသီကုန္အထိ ဆက္ရွိေနမွာျဖစ္ၿပီး ” ကြၽန္ေတာ္တို႔အေနနဲ႕ မၿပီးဆုံးေသးတဲ့ လုပ္ငန္းစဥ္ေတြကို အၿပီးသတ္ရပါဦးမယ္” လို႔ ဆိုခဲ့တဲ့ ဂြာဒီယိုလာက စကားတခြန္းတည္းဟာ အသင္းရဲ႕ အနာဂတ္စီမံကိန္းနဲ႕အတူ ျပည္တြင္း၊ ဥေရာပ ေအာင္ျမင္မႈ ေျခလွမ္းေတြအထိပါ မီးေမာင္းထိုးျပသြားခဲ့ၿပီး မန္စီးတီးကို အဂၤလန္မွာ အေကာင္းဆုံးအသင္းျဖစ္လာတဲ့အထိ ကိုင္တြယ္သြားဖို႔ ရွိေနတာပါ။

မန္စီးတီးအသင္းရဲ႕ အားကစားဒါရိုက္တာ ဘီဂီရီစတိန္းဟာ လက္ရွိလက္စတာနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ကို ေလးစားအားက်သဴ ျဖစ္တဲ့အျပင္ နာမည္ေက်ာ္ စပါးစ္နည္းျပေဟာင္း ပိုခ်က္တီနိုလည္း အသင္းလက္မဲ့ျဖစ္ေနတာေၾကာင့္ ေ႐ြးခ်ယ္စရာေတြ ရွိခဲ့ေပမယ့္ ဂြာဒီယိုလာရဲ႕ စိတ္ဝင္စားမႈကို ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး သူ႕ဘက္က မီးစိမ္းျပေနတာနဲ႕ တၿပိဳင္နက္ သူ႕လို ကမၻာ့အဆင့္ ေဘာလုံးဒႆနပိုင္ရွင္၊ ကမၻာ့အဆင့္နည္းျပလက္ထဲမွာ အသင္းကို ေနာက္ထပ္သုံးရာသီ တာဝန္ဆက္ေပးဖို႔ ဆုံးျဖတ္ခဲ့တာပါ။

မန္စီးတီးအသင္းမွာ ဂြာဒီယိုလာ ဆက္ရွိေနခဲ့ရတဲ့ အဓိကအေၾကာင္းရင္းတခုက အသင္းဥကၠဌ အယ္လ္မူဘာရက္ပါ။ ဒီအခ်က္ကို ဂြာဒီယိုလာကိုယ္တိုင္ ထုတ္ေျပာခဲ့တာျဖစ္ၿပီး ဒါဟာ အသင္းပိုင္ရွင္ကို မ်က္ႏွာလို မ်က္ႏွာရ ေျပာဆိုျခင္းမ်ိဳးမဟုတ္ဘဲ အသင္းလည္ပတ္ပုံကို အရာရာစိတ္တိုင္းက်ေနတဲ့ အခ်က္ေၾကာင့္လို႔ သိရၿပီး သူတို႔ႏွစ္ဦးၾကားမွာ ေလးစားယုံၾကည္မႈကို အျပည့္အဝ တည္ေဆာက္ထားနိုင္ခဲ့တာပါ။

ဒါ့အျပင္ ဂြာဒီယိုလာဟာ ဘီဂီရီစတိန္းနဲ႕ အရင္းႏွီးဆုံးဆက္ဆံေရး ရွိေနၿပီး ဂြာဒီယိုလာသာ မန္စီးတီးမွာ ဆက္ရွိေနမယ္ဆိုရင္ ဘာစီလိုနာနဲ႕ တင္းမာမႈေတြ ရွိေနတဲ့ မက္ဆီဟာ ဆရာေဟာင္းနဲ႕ အႏွေးနဲ႕အျမန္ လာေရာက္ပူး​ေပါင္းမယ္လို႔ သူတို႔က ယုံၾကည္ေနတာျဖစ္ပါတယ္။ သူတို႔ရဲ႕ ဘုံရည္မွန္းခ်က္အရ ခ်န္ပီယံလိဂ္ နဲ႕ ပရီးမီးယားလိဂ္ဖလားေတြကို ကိုင္ျမႇောက္မယ့္ ခ်န္ပီယံအသင္းကို စိတ္သစ္လူသစ္နဲ႕ တည္ေဆာက္ခ်င္ၾကတဲ့အခ်က္မွာ သေဘာထားတူညီမႈမ်ားစြာ ရွိေနခဲ့ပါတယ္။

ဒါ့အ​ျပင္ မန္စီးတီးအသင္းပရိသတ္ေတြ ကိုယ္တိုင္ကိုက ဂြာဒီယိုလာကို တျခားနည္းျပနဲ႕ အစားထိုးျခင္းဟာ အသင္းကို တဆင့္နိမ့္က်သြားေစတယ္လို႔ ခံယူထားတာျဖစ္ၿပီး ယူနိုက္တက္နဲ႕ လီဗာပူးလ္အသင္းတို႔ဟာ ထည္ဝါတဲ့သမိုင္းေၾကာင္းေတြနဲ႕ ဆြဲေဆာင္လိုတာဆိုရင္၊ ေတာ္ဝင္ ရီးယဲလ္မက္ဒရစ္အသင္းက ၁၃ လုံးအျပည့္ရွိတဲ့ ဥေရာပဆုဖလားေအာင္ျမင္မႈျပတိုက္နဲ႕ ဆြဲေဆာင္လိုတာဆိုရင္၊ ဘာစီလိုနာအသင္းလို႔ ဆိုလိုက္တိုင္း ”မက္ဆီ” ကိုျမင္ေယာင္ၾကတဲ့ လႊမ္းမိုးမႈနဲ႕ ဆြဲေဆာင္လိုတာဆိုရင္၊ မန္စီးတီးအသင္းအတြက္ကေတာ့ ဂြာဒီယိုလာရဲ႕ ကမၻာ့ပုံရိပ္နဲ႕ ကစားသမားသစ္ေတြကို အသင္းထံ အမိအရ ဆြဲေဆာင္သြားလိုေနတာျဖစ္ပါတယ္။

ဒါဟာ ဘာေၾကာင့္ မန္စီးတီးမွာ ဂြာဒီယိုလာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာလဲ ဆိုတဲ့အခ်က္မွာ တဖက္နဲ႕ တဖက္မွာ Win-Win အေျခအေနျဖစ္ေနၿပီး ႏွစ္ဖက္စလုံးအတြက္ မက္လုံးတခုျဖစ္စရာ အေၾကာင္းအေနနဲ႕ ရွိသလို ဂြာဒီယိုလာအေနနဲ႕ ဘာစီလိုနာေခတ္လြန္မွာ ပထမဆုံးဦးဆုံး ခ်န္ပီယံလိဂ္ဖလားကို မန္စီးတီးအသင္းနဲ႕ ကိုင္ျမႇောက္သြားလိုေနတာကို လည္း အခိုင္အမာရည္မွန္းခ်က္အေနနဲ႕ ေတြ႕ရွိထားရပါတယ္။

REF: THE ATHELETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.