Premier League

ဒေးဗစ် လူးဝစ်ဇ်နဲ့ စီဘာယော့စ်တို့ သွေးထွက်သံယိုအထိ ထိုးကြိတ်ရန်ဖြစ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်း

နိုင်ငံတကာပွဲစဥ်တွေ​ကြောင့် နစ်နာခဲ့ရတဲ့ ကလပ်အသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ပြေးမလွတ်ခဲ့ဘဲ အယ်လ်နန်နီ နဲ့ ကိုလာစီနက်ချ်တို့မှာ ကိုဗစ်ရောဂါခံစားခဲ့ရသလို တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းဟာ လေဆိပ်တခုရဲ့ကြမ်းပြင်မှာ အိပ်စက်ခဲ့ရသလို ဝီလီယံဟာလည်း ဒူဘိုင်းခရီးစဥ်မှာ လော့ဒေါင်းအခြေအနေကြောင့် ပြဿနာတက်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အက်စတန် ဗီလာအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ဖိအားဟာ အာဆင်နယ်အသင်းသားတွေပေါ်မှာ သက်ရောက်မှုကြီးမားခဲ့ပြီး နိုင်ငံတကာပွဲစဥ်တွေထံ မပူးပေါင်းရဘဲ ကလပ်အသင်းမှာ ကျန်ရှိနေခဲ့တဲ့ အာဆင်နယ်အသင်းသားတွေဟာ ပြီးခဲ့တဲ့တပတ် သောကြာနေ့က အသင်းလေ့ကျင့်ရေးအစီအစဥ်မှာ နှစ်ဖက်အသင်းခွဲပြီး ဘောလုံးကစားရာကနေ ဒေးဗစ် လူးဝစ်ဇ်နဲ့ စီဘာယော့စ်တို့ဟာ အပြန်အလှန် ခိုက်ရန်ဒေါသဖြစ်ခဲ့ကြပြီး ထိုးကြိတ်ရန်ဖြစ်ခဲ့ကြတယ်လို့ The Athletic သတင်းမှာ ဖော်ပြခဲ့ပါတယ်။

အကြောင်းရင်းကတော့ စီဘာယော့စ်ရဲ့ မလိုအပ်ဘဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကစားပုံကြောင့်ဖြစ်ပြီး ဒါကို ပေါက်ကွဲခဲ့တဲ့ ​ဒေးဗစ် လူးဝစ်ဇ်ဟာ စီဘာယော့စ်ရဲ့ မျက်နှာတည့်တည့်ကို ခေါင်းနဲ့ တိုက်ချပစ်ခဲ့ပြီး စီဘာယော့စ်ဟာ နှာခေါင်းသွေးထွက်ကာ မြေပေါ်လဲကျသွားခဲ့တယ်လို့သတင်းက ဆိုပါတယ်။

အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေဟာ ရန်ပွဲမရှည်အောင် နှစ်ဦးစလုံးကို ဝင်ရောက်ဖျန်ဖြေ ထိန်းသိမ်းပေးခဲ့ရပြီး နည်းပြ အာတီတာက သူတို့နှစ်ဦးစလုံးကို အိမ်ပြန်စေခဲ့သလို လေ့ကျင့်ရေးအစီအစဥ်ကို ၃ ရက်အထိနားခဲ့ကာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ ဟတ်ဖို့ဒ်ရှိုင်းယား လေ့ကျင့်ရေးကွင်း London Colney မှာ အသင်းသားတွေ ပြည်လည်ပူးပေါင်းခဲ့ကြကြောင်း သိရပါတယ်။

အာတီတာဟာ အဲဒီနေ့က အဝတ်လဲခန်းထဲမှာ အသင်းသားတွေရှေ့မှောက် သူတို့နှစ်ဦးလုံးကို တောင်းပန်စေခဲ့ပြီး သတိပေးအရေးယူခဲ့ကြောင်း သိရသလို ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ပြန်လည်ဆွေးနွေး သုံးသပ်စေခဲဲ့တဲ့နည်းလမ်းနဲ့ ပြဿနာကို ကိုင်တွယ်သွားခဲ့ပြီး အသင်းသားတွေအားလုံး စိတ်ကျေနပ်သွားချိန်မှ လေ့ကျင့်ရေးလုပ်ငန်းစဥ်တွေကို ပြန်လည်စတင်စေခဲ့တယ်လို့ ဆ်ိုပါတယ်။

လေ့ကျင့်ရေးကွင်းမှာ အားလုံး အဆင်ပြေပြေရှိခဲ့ကြပြီး နောက်ဆက်တွဲ ရန်စောင်မှုတွေ ထပ်မံ မဖြစ်ပွားခဲ့ကြောင်း သိရသလို ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အကြောင်းအရင်းကို လေ့လာကြည့်တဲ့အခါ ပြိုင်ဆိုင်မှုပြင်းထန်ပြီး နိုင်ပွဲရလိုစိတ် ပြင်းပြနေတဲ့ အာဆင်နယ်အသင်းသားတွေရဲ့ ပေါက်ကွဲအားကို တွေ့မြင်ခဲ့ရတာပါ။

ဒီလိုစိတ်ဓာတ်ပြင်းပြမှုမျိုးဟာ အသင်းရဲ့ ကွင်းတွင်းအခြေအနေကို အကောင်းဘက်ကနေ ဦးတည်ရာလမ်းကြောင်း ဖြစ်လာစေနိုင်ပြီး နိုင်ပွဲတွေကို ပြန်လည်ရယူမယ့် အာဆင်နယ်အသင်းကို မြင်တွေ့ရတော့မယ့် အလားအလာလို့ ဆိုရင်လည်း မမှားသလို စီဘယ်ယော့စ်ဟာ ဒီဖြစ်ရပ်မှာ ကြီးကြီးမားမား ဒဏ်ရာမရခဲ့သလို သူဟာ ဒီရာသီအဖွင့်ပွဲစဥ် ဖူလ်ဟမ်အသင်းနဲ့ မကစားမီ သွေးပူလေ့ကျင့်ခန်းအစီအစဥ်မှာ အက်ဒီ နကီးတီးယားနဲ့ အော်ဟစ်စကားများခဲ့ဖူးကြောင်းလည်း တပါတည်းသိရှိရပါတယ်။

REF: THE ATHELETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နိုင္ငံတကာပြဲစဥ္ေတြ​ေၾကာင့္ နစ္နာခဲ့ရတဲ့ ကလပ္အသင္းေတြထဲမွာ အာဆင္နယ္အသင္းလည္း ေျပးမလြတ္ခဲ့ဘဲ အယ္လ္နန္နီ နဲ႕ ကိုလာစီနက္ခ်္တို႔မွာ ကိုဗစ္ေရာဂါခံစားခဲ့ရသလို တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းဟာ ေလဆိပ္တခုရဲ႕ၾကမ္းျပင္မွာ အိပ္စက္ခဲ့ရသလို ဝီလီယံဟာလည္း ဒူဘိုင္းခရီးစဥ္မွာ ေလာ့ေဒါင္းအေျခအေနေၾကာင့္ ျပႆနာတက္ခဲ့ရတယ္လို႔ သိရွိရပါတယ္။

ဒါ့အျပင္ အက္စတန္ ဗီလာအသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ဖိအားဟာ အာဆင္နယ္အသင္းသားေတြေပၚမွာ သက္ေရာက္မႈႀကီးမားခဲ့ၿပီး နိုင္ငံတကာပြဲစဥ္ေတြထံ မပူးေပါင္းရဘဲ ကလပ္အသင္းမွာ က်န္ရွိေနခဲ့တဲ့ အာဆင္နယ္အသင္းသားေတြဟာ ၿပီးခဲ့တဲ့တပတ္ ေသာၾကာေန႕က အသင္းေလ့က်င့္ေရးအစီအစဥ္မွာ ႏွစ္ဖက္အသင္းခြဲၿပီး ေဘာလုံးကစားရာကေန ေဒးဗစ္ လူးဝစ္ဇ္နဲ႕ စီဘာေယာ့စ္တို႔ဟာ အျပန္အလွန္ ခိုက္ရန္ေဒါသျဖစ္ခဲ့ၾကၿပီး ထိုးႀကိတ္ရန္ျဖစ္ခဲ့ၾကတယ္လို႔ The Athletic သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

အေၾကာင္းရင္းကေတာ့ စီဘာေယာ့စ္ရဲ႕ မလိုအပ္ဘဲ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ကစားပုံေၾကာင့္ျဖစ္ၿပီး ဒါကို ေပါက္ကြဲခဲ့တဲ့ ​ေဒးဗစ္ လူးဝစ္ဇ္ဟာ စီဘာေယာ့စ္ရဲ႕ မ်က္ႏွာတည့္တည့္ကို ေခါင္းနဲ႕ တိုက္ခ်ပစ္ခဲ့ၿပီး စီဘာေယာ့စ္ဟာ ႏွာေခါင္းေသြးထြက္ကာ ေျမေပၚလဲက်သြားခဲ့တယ္လို႔သတင္းက ဆိုပါတယ္။

အသင္းေဖာ္ေတြနဲ႕ ဝန္ထမ္းေတြဟာ ရန္ပြဲမရွည္ေအာင္ ႏွစ္ဦးစလုံးကို ဝင္ေရာက္ဖ်န္ေျဖ ထိန္းသိမ္းေပးခဲ့ရၿပီး နည္းျပ အာတီတာက သူတို႔ႏွစ္ဦးစလုံးကို အိမ္ျပန္ေစခဲ့သလို ေလ့က်င့္ေရးအစီအစဥ္ကို ၃ ရက္အထိနားခဲ့ကာ ၿပီးခဲ့တဲ့ အဂၤါေန႕ကမွ ဟတ္ဖို႔ဒ္ရွိုင္းယား ေလ့က်င့္ေရးကြင္း London Colney မွာ အသင္းသားေတြ ျပည္လည္ပူးေပါင္းခဲ့ၾကေၾကာင္း သိရပါတယ္။

အာတီတာဟာ အဲဒီေန႕က အဝတ္လဲခန္းထဲမွာ အသင္းသားေတြေရွ႕ေမွာက္ သူတို႔ႏွစ္ဦးလုံးကို ေတာင္းပန္ေစခဲ့ၿပီး သတိေပးအေရးယူခဲ့ေၾကာင္း သိရသလို ျဖစ္ပြားခဲ့တဲ့ အေျခအေနေတြကို ျပန္လည္ေဆြးႏြေး သုံးသပ္ေစခဲဲ့တဲ့နည္းလမ္းနဲ႕ ျပႆနာကို ကိုင္တြယ္သြားခဲ့ၿပီး အသင္းသားေတြအားလုံး စိတ္ေက်နပ္သြားခ်ိန္မွ ေလ့က်င့္ေရးလုပ္ငန္းစဥ္ေတြကို ျပန္လည္စတင္ေစခဲ့တယ္လို႔ ဆ္ိုပါတယ္။

ေလ့က်င့္ေရးကြင္းမွာ အားလုံး အဆင္ေျပေျပရွိခဲ့ၾကၿပီး ေနာက္ဆက္တြဲ ရန္ေစာင္မႈေတြ ထပ္မံ မျဖစ္ပြားခဲ့ေၾကာင္း သိရသလို ဒီျဖစ္ရပ္ရဲ႕ ေနာက္ကြယ္က အေၾကာင္းအရင္းကို ေလ့လာၾကည့္တဲ့အခါ ၿပိဳင္ဆိုင္မႈျပင္းထန္ၿပီး နိုင္ပြဲရလိုစိတ္ ျပင္းျပေနတဲ့ အာဆင္နယ္အသင္းသားေတြရဲ႕ ေပါက္ကြဲအားကို ေတြ႕ျမင္ခဲ့ရတာပါ။

ဒီလိုစိတ္ဓာတ္ျပင္းျပမႈမ်ိဳးဟာ အသင္းရဲ႕ ကြင္းတြင္းအေျခအေနကို အေကာင္းဘက္ကေန ဦးတည္ရာလမ္းေၾကာင္း ျဖစ္လာေစနိုင္ၿပီး နိုင္ပြဲေတြကို ျပန္လည္ရယူမယ့္ အာဆင္နယ္အသင္းကို ျမင္ေတြ႕ရေတာ့မယ့္ အလားအလာလို႔ ဆိုရင္လည္း မမွားသလို စီဘယ္ေယာ့စ္ဟာ ဒီျဖစ္ရပ္မွာ ႀကီးႀကီးမားမား ဒဏ္ရာမရခဲ့သလို သူဟာ ဒီရာသီအဖြင့္ပြဲစဥ္ ဖူလ္ဟမ္အသင္းနဲ႕ မကစားမီ ေသြးပူေလ့က်င့္ခန္းအစီအစဥ္မွာ အက္ဒီ နကီးတီးယားနဲ႕ ေအာ္ဟစ္စကားမ်ားခဲ့ဖူးေၾကာင္းလည္း တပါတည္းသိရွိရပါတယ္။

REF: THE ATHELETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.