Premier League Transfer News

21 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ယူရိုပါလိဂ်မှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂျိုး ဝီလော့ခ်ဟာ သူ့ကို ထရိန်နင်မှာ အမြဲတမ်း အရည်အသွေးကောင်းတွေနဲ့ မင်သက်မိစေသူဖြစ်ကြောင်း နည်းပြ မီခယ်လ် အာတီတာ ထုတ်ဖော်ပြောကြားလိုက်ပြီး လိဒ်စ်နဲ့ပွဲမှာ အခွင့်အရေးပေးဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအတွက် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ဘက်က တောင်းဆိုမယ့် စာချုပ်လျော်ကြေး ပေါင် ၂၃ သန်းကို တစ်လုံးတစ်ခဲတည်း ပေးချေနိုင်ဖို့ မရှိဘဲ သုံးရစ်ခွဲပေးချေမှုကို လက်ခံအောင် ညှိနှိုင်းရဖွယ်ရှိနေ။

– ယူ-၂၃ အသင်းနဲ့ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး နီကိုလိုင် မိုးလာဟာ အနည်းဆုံးတော့ စီနီယာအသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ထက် ကောင်းတယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပြီး ပြင်သစ်သားအစား ထည့်သွင်းစေဖို့ ဆန္ဒရှိနေကြ။

– ခရိုယန်ကီဆီကနေ အာဆင်နယ်အသင်းကို ရင်းနှီးမြှုပ်နှံသွားမယ်လို့ သတင်းထွက်နေခဲ့တဲ့ နိုင်ဂျီးရီးယားလုပ်ငန်းရှင် ဘီလီယံနာ အော်ဂျီ ကာလုအနေနဲ့ အသင်းကို အလုံးစုံ လွှဲပြောင်းရယူဖို့တော့ တတ်နိုင်မှာမဟုတ်ဘဲ ၁၀၀ ရာခိုင်နှုန်းအတွက် ကျသင့်နိုင်တဲ့ ပေါင် ၂ ဘီလီယံက သူ့ပိုင်ဆိုင်မှုရဲ့ နှစ်ဆနီးပါးဖြစ်နေ။

– အော်ဂျီ ကာလုရဲ့ ကမ်းလှမ်းမှု ပြုလုပ်တော့မယ့်သတင်း ရောက်ရှိလာချိန်မှာ အာဆင်နယ်ကို ၂၀၂၁ မှာ ကမ်းလှမ်းနိုင်ဖွယ်ရှိတယ်လို့ ပြောကြားထားခဲ့ဖူးတဲ့ အာဖရိကရဲ့ အချမ်းသာဆုံး သူဌေး အာလီကို ဒန်ဂိုတေးက သူ့အနေနဲ့ ယှဉ်ပြိုင်သွားဖို့ရှိကြောင်းဆို။

– အာဆင်နယ်အသင်းရဲ့ ရန်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်နဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်တို့ရဲ့ ကြားမှာ ပြဿနာ တစ်စုံတစ်ရာ မရှိတော့ကြောင်းနဲ့ အသင်းအနေနဲ့ ပုံမှန်အတိုင်း စုစည်းလေ့ကျင့်နေကြောင်း သတင်းတွေ ဖော်ပြ။

– လက်ရှိအချိန်အထိ အင်္ဂလန်အသင်းကြီးကို ခေါ်ယူခြင်း မခံရသေးတဲ့ အာဆင်နယ်တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်အနေနဲ့ နိုင်ငံတကာအဆင့်မှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍကို ရရှိမယ့် ဇင်ဘာဘွေကို ပြောင်းလဲကစားဖို့ နော့တင်ဟမ်ဖောရက်စ်နောက်ခံလူ တန်ဒါယီ ဒါရီကွာက တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ယူ႐ိုပါလိဂ္မွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂ်ိဳး ဝီေလာ့ခ္ဟာ သူ႔ကို ထရိန္နင္မွာ အၿမဲတမ္း အရည္အေသြးေကာင္းေတြနဲ႔ မင္သက္မိေစသူျဖစ္ေၾကာင္း နည္းျပ မီခယ္လ္ အာတီတာ ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး လိဒ္စ္နဲ႔ပြဲမွာ အခြင့္အေရးေပးဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအတြက္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ဘက္က ေတာင္းဆိုမယ့္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၂၃ သန္းကို တစ္လုံးတစ္ခဲတည္း ေပးေခ်ႏိုင္ဖို႔ မရွိဘဲ သုံးရစ္ခြဲေပးေခ်မႈကို လက္ခံေအာင္ ညႇိႏႈိင္းရဖြယ္ရွိေန။

– ယူ-၂၃ အသင္းနဲ႔ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး နီကိုလိုင္ မိုးလာဟာ အနည္းဆုံးေတာ့ စီနီယာအသင္းရဲ႕ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ထက္ ေကာင္းတယ္လို႔ ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကၿပီး ျပင္သစ္သားအစား ထည့္သြင္းေစဖို႔ ဆႏၵရွိေနၾက။

– ခ႐ိုယန္ကီဆီကေန အာဆင္နယ္အသင္းကို ရင္းႏွီးျမႇဳပ္ႏွံသြားမယ္လို႔ သတင္းထြက္ေနခဲ့တဲ့ ႏိုင္ဂ်ီးရီးယားလုပ္ငန္းရွင္ ဘီလီယံနာ ေအာ္ဂ်ီ ကာလုအေနနဲ႔ အသင္းကို အလုံးစုံ လႊဲေျပာင္းရယူဖို႔ေတာ့ တတ္ႏိုင္မွာမဟုတ္ဘဲ ၁၀၀ ရာခိုင္ႏႈန္းအတြက္ က်သင့္ႏိုင္တဲ့ ေပါင္ ၂ ဘီလီယံက သူ႔ပိုင္ဆိုင္မႈရဲ႕ ႏွစ္ဆနီးပါးျဖစ္ေန။

– ေအာ္ဂ်ီ ကာလုရဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ေတာ့မယ့္သတင္း ေရာက္ရွိလာခ်ိန္မွာ အာဆင္နယ္ကို ၂၀၂၁ မွာ ကမ္းလွမ္းႏိုင္ဖြယ္ရွိတယ္လို႔ ေျပာၾကားထားခဲ့ဖူးတဲ့ အာဖရိကရဲ႕ အခ်မ္းသာဆုံး သူေဌး အာလီကို ဒန္ဂိုေတးက သူ႔အေနနဲ႔ ယွဥ္ၿပိဳင္သြားဖို႔ရွိေၾကာင္းဆို။

– အာဆင္နယ္အသင္းရဲ႕ ရန္ပြဲျဖစ္ပြားခဲ့တယ္လို႔ သတင္းထြက္ခဲ့တဲ့ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္တို႔ရဲ႕ ၾကားမွာ ျပႆနာ တစ္စုံတစ္ရာ မရွိေတာ့ေၾကာင္းနဲ႔ အသင္းအေနနဲ႔ ပုံမွန္အတိုင္း စုစည္းေလ့က်င့္ေနေၾကာင္း သတင္းေတြ ေဖာ္ျပ။

– လက္ရွိအခ်ိန္အထိ အဂၤလန္အသင္းႀကီးကို ေခၚယူျခင္း မခံရေသးတဲ့ အာဆင္နယ္ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္အေနနဲ႔ ႏိုင္ငံတကာအဆင့္မွာ ပိုမိုအေရးပါတဲ့ အခန္းက႑ကို ရရွိမယ့္ ဇင္ဘာေဘြကို ေျပာင္းလဲကစားဖို႔ ေနာ့တင္ဟမ္ေဖာရက္စ္ေနာက္ခံလူ တန္ဒါယီ ဒါရီကြာက တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.