Premier League

20 Nov – နေ့လည်ခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ကိုဗစ်ရောဂါပိုးကူးစက်မှုကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ခိုင်ဟာဗတ်ဇ်ဟာ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်ခန်းဆင်းနေသလို ပူလီရှစ်ချ်ရဲ့ ဒဏ်ရာအခြေအနေဟာလည်း တိုးတက်မှုတွေ ရှိနေကြောင်း ချယ်လ်ဆီးနည်းပြ လမ်းပတ် အတည်ပြုခဲ့။

နယူးကာဆယ် ခရီးစဥ်မှာ မလိုက်ပါနိုင်ခဲ့တဲ့ သီယာဂို ဆေးလ်ဗားကို ဘရာဇီးလ်ကနေ ပြန်ရောက်ရောက်ချင်း အနားပေးထားခြင်းဖြစ်ကြောင်း လမ်းပတ်က ပြောကြားခဲ့ပြီး နယူးကာဆယ်နဲ့ပွဲကို နိုင်ငံတကာပွဲစဥ်က ပြန်လာတဲ့ ကစားသမားများစွာ လွဲချော်ဖွယ်ရှိ။

ဘန်ချေးလ်ဝဲလ်ဟာ အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပေမယ့် ဒဏ်ရာရထားတဲ့ အခြေအနေမှာ ပွဲမကစားစေခဲ့တဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ လုပ်ရပ်ကို ကျေနပ်မိကြောင်း လမ်းပတ်ပြောကြားခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာ ကစားနိုင်ခြင်းရှိမရှိ စောင့်ကြည့်နေကြောင်း သိရ။

နည်းပြက အခွင့်အရေးပေးလာတိုင်း အသင့်ဖြစ်နေအောင် အမြဲပြင်ဆင်ထားပြီး ၁၀၀ ရာခိုင်နှုန်း ပေးဆပ်သွားမှာဖြစ်ကြောင်း ဟဒ်ဆန်-အိုဒွိုင်းက ဖွင့်ဟခဲ့ပြီး များမကြာမီမှာပဲ အသင်းမှာ ပွဲထွက်နေရာ တနေရာ ရရှိလာတော့မယ်လို့ အသက် ၂၀ သားက အခိုင်အမာယုံကြည်နေ။

အင်္ဂလန်အသင်းမှာ အတူတွဲဖက်ပြီး ပြိုင်တူဂိုးသွင်းယူခဲ့ကြတဲ့ မေဆန် မောင့် နဲ့ ဒက်ကလန် ရိုက်စ်တို့ရဲ့ ‘မောင့်ရိုက်စ်’ အတွဲကို အနာဂတ် ချယ်လ်ဆီးကွင်းလယ် အတွဲအဖက်အဖြစ် ချယ်လ်ဆီးပရိသတ်တွေ မြင်ယောင်ထားပြီး အထူးစိတ်လှုပ်ရှားနေကြောင်း ဖော်ပြခဲ့။

ချယ်လ်ဆီးအသင်းဟာ စိတ်ဝင်တစားနဲ့ အချိန်ယူစောင့်ကြည့်နေတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်အတွက် အမြန်ဆုံးလှုပ်ရှားသွားဖို့ လိုအပ်နေတယ်လို့ အသိပေးခံထားရပြီး ယူနိုက်တက်-ဆန်ချိုဇာတ်လမ်းက အကောင်းဆုံးသတိပေးချက်တခု ဖြစ်ကာ အချိန်ကြာကြာဆွဲလေ စျေးပိုမြင့်လေ ဖြစ်ခဲ့တဲ့ သင်ခန်းစာကို သတိပြုမိဖို့လို။

ပွဲထွက်ခွင့် မရပါက တိုက်စစ်မှူးဂျီရူးဟာ သေချာပေါက် ထွက်ခွာမှာဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့်က ဝန်ခံသွားခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းမှာ ရွေးချယ်ခံရဖို့ ရည်ရွယ်ထားတဲ့ ဂျီရူးဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် လာမယ့် ဇန်နဝါရီမှာ အသင်းသစ် ရှာဖွေနေပြီဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကိုဗစ္ေရာဂါပိုးကူးစက္မႈကေန ျပန္လည္သက္သာလာၿပီျဖစ္တဲ့ ခိုင္ဟာဗတ္ဇ္ဟာ အသင္းနဲ႕အတူ ျပန္လည္ေလ့က်င့္ခန္းဆင္းေနသလို ပူလီရွစ္ခ်္ရဲ႕ ဒဏ္ရာအေျခအေနဟာလည္း တိုးတက္မႈေတြ ရွိေနေၾကာင္း ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ အတည္ျပဳခဲ့။

နယူးကာဆယ္ ခရီးစဥ္မွာ မလိုက္ပါနိုင္ခဲ့တဲ့ သီယာဂို ေဆးလ္ဗားကို ဘရာဇီးလ္ကေန ျပန္ေရာက္ေရာက္ခ်င္း အနားေပးထားျခင္းျဖစ္ေၾကာင္း လမ္းပတ္က ေျပာၾကားခဲ့ၿပီး နယူးကာဆယ္နဲ႕ပြဲကို နိုင္ငံတကာပြဲစဥ္က ျပန္လာတဲ့ ကစားသမားမ်ားစြာ လြဲေခ်ာ္ဖြယ္ရွိ။

ဘန္ေခ်းလ္ဝဲလ္ဟာ အဂၤလန္အသင္းနဲ႕အတူ ေလ့က်င့္ခဲ့ေပမယ့္ ဒဏ္ရာရထားတဲ့ အေျခအေနမွာ ပြဲမကစားေစခဲ့တဲ့ အဂၤလန္နည္းျပ ေဆာက္ဂိတ္ရဲ႕ လုပ္ရပ္ကို ေက်နပ္မိေၾကာင္း လမ္းပတ္ေျပာၾကားခဲ့ၿပီး နယူးကာဆယ္နဲ႕ပြဲမွာ ကစားနိုင္ျခင္းရွိမရွိ ေစာင့္ၾကည့္ေနေၾကာင္း သိရ။

နည္းျပက အခြင့္အေရးေပးလာတိုင္း အသင့္ျဖစ္ေနေအာင္ အၿမဲျပင္ဆင္ထားၿပီး ၁၀၀ ရာခိုင္ႏႈန္း ေပးဆပ္သြားမွာျဖစ္ေၾကာင္း ဟဒ္ဆန္-အိုဒြိုင္းက ဖြင့္ဟခဲ့ၿပီး မ်ားမၾကာမီမွာပဲ အသင္းမွာ ပြဲထြက္ေနရာ တေနရာ ရရွိလာေတာ့မယ္လို႔ အသက္ ၂၀ သားက အခိုင္အမာယုံၾကည္ေန။

အဂၤလန္အသင္းမွာ အတူတြဲဖက္ၿပီး ၿပိဳင္တူဂိုးသြင္းယူခဲ့ၾကတဲ့ ေမဆန္ ေမာင့္ နဲ႕ ဒက္ကလန္ ရိုက္စ္တို႔ရဲ႕ ‘ေမာင့္ရိုက္စ္’ အတြဲကို အနာဂတ္ ခ်ယ္လ္ဆီးကြင္းလယ္ အတြဲအဖက္အျဖစ္ ခ်ယ္လ္ဆီးပရိသတ္ေတြ ျမင္ေယာင္ထားၿပီး အထူးစိတ္လႈပ္ရွားေနေၾကာင္း ေဖာ္ျပခဲ့။

ခ်ယ္လ္ဆီးအသင္းဟာ စိတ္ဝင္တစားနဲ႕ အခ်ိန္ယူေစာင့္ၾကည့္ေနတဲ့ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဂမ္အတြက္ အျမန္ဆုံးလႈပ္ရွားသြားဖို႔ လိုအပ္ေနတယ္လို႔ အသိေပးခံထားရၿပီး ယူနိုက္တက္-ဆန္ခ်ိဳဇာတ္လမ္းက အေကာင္းဆုံးသတိေပးခ်က္တခု ျဖစ္ကာ အခ်ိန္ၾကာၾကာဆြဲေလ ေစ်းပိုျမင့္ေလ ျဖစ္ခဲ့တဲ့ သင္ခန္းစာကို သတိျပဳမိဖို႔လို။

ပြဲထြက္ခြင့္ မရပါက တိုက္စစ္မႉးဂ်ီ႐ူးဟာ ေသခ်ာေပါက္ ထြက္ခြာမွာျဖစ္တယ္လို႔ ကစားသမားရဲ႕ ေအးဂ်င့္က ဝန္ခံသြားခဲ့ၿပီး ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ျပင္သစ္အသင္းမွာ ေ႐ြးခ်ယ္ခံရဖို႔ ရည္႐ြယ္ထားတဲ့ ဂ်ီ႐ူးဟာ ပုံမွန္ပြဲထြက္ခြင့္အတြက္ လာမယ့္ ဇန္နဝါရီမွာ အသင္းသစ္ ရွာေဖြေနၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.