Premier League

20 Nov – နံနက်ခင်းနောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လက်စတာနဲ့ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ ဂျော်ဒန် ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂို အယ်လ်ကန်တာရာ၊ ချိမ်ဘာလိန်တို့ကို AXA လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရပြီး ကြံ့ခိုင်မှုပြည့်ဝနေပါက ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရ။

မိုဆာလားဟာ ဒုတိယအကြိမ် ကိုဗစ်ရောဂါစစ်ဆေးမှုမှာ Positive ရလာဒ်ထွက်ခဲ့ပေမယ့် သောကြာနေ့မှာ ဆေးကုသစောင့်ရှောက်မှုအတွက် အပြည့်အစုံပါဝင်တဲ့ သီးသန့်လေယာဥ် နဲ့ ယူကေကို ပြန်ရောက်လာမှာဖြစ်တယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု။

လီဗာပူးလ်အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသနေပြီး ကမ္ဘာ့အဆင့်ကြယ်ပွင့်အဖြစ် တင်စားခံထားရတဲ့ ကစားသမား မာဗင် ပါ့ခ်ကို Tranmere Rovers အသင်းမှာ ရှိစဥ်ကတည်းက မျက်စိကျခဲ့ပြီး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရကာ ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်အသင်းတို့ အပြိုင်ကြိုးစားခဲ့ဖူးကြောင်းသိရ။

လီဗာပူး၊ ဘာစီလိုနာတို့ရဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ထားတဲ့ ဘိုင်ယန်မြူးနစ်ဗဟိုခံစစ်မှူး ဒေးဗစ် အလာဘာဟာ စပိန်ဘီလူးအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပြီး လာမယ့် ဇန်နဝါရီမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဦးစားပေး ခေါ်ယူမှု ဖြစ်လာဖွယ်ရှိနေ။

စပိန်အသင်းကို အရှက်ရဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးရဲ့ နေရာကို နည်းပြ ယာဂင်ကလော့ပ်နဲ့ အစားထိုးသွားဖွယ်ရှိနေပြီး ဂျာမနီနည်းပြဖြစ်လာဖို့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီ ဖလစ်ခ်ကိုလည်း ဂျာမန်ဘောလုံးအဖွဲ့ချုပ်က စောင့်ကြည့်နေကြောင်း သိရ။

လက်စတာနဲ့ပွဲမှာ ဗဟိုခံစစ်မှူးအဖြစ် ပွဲထွက်လာဖွယ် ရှိနေတဲ့ ရီးစ်ဝီလီယမ်းစ်နဲ့ နက်ဖီးလစ်တို့အနေနဲ့ လက်စတာ တိုက်စစ်မှူး ဂျေမီ ဗာဒီကို အဓိက အာရုံစိုက်ကာ သတိကြီးကြီးထားရဖွယ် ရှိနေပြီး အမှားသေးသေးလေးကအစ ပေးဆပ်မှု ကြီးမားသွားနိုင်ကြောင်း သတိပေးခံထားရ။

အီတလီကလပ် တိုရွန်တိုအသင်းမှာ အငှားချခံထားရပြီး ​ခြေစွမ်းပြကစားနေတဲ့ လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ တိုနီ ဂါလေချာဟာ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုအပေါ် အံ့အားသင့်နေပြီး အနာဂတ်ကို ကြိုမသိနိုင်ကြောင်း ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာနဲ႕ပြဲအတြက္ ေလ့က်င့္ျပင္ဆင္ေနတဲ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ ဖာဘင္ညို၊ သီယာဂို အယ္လ္ကန္တာရာ၊ ခ်ိမ္ဘာလိန္တို႔ကို AXA ေလ့က်င့္ေရးကြင္းမွာ ျမင္ေတြ႕ခဲ့ရၿပီး ႀကံ့ခိုင္မႈျပည့္ဝေနပါက ပါဝင္ကစားနိုင္ဖြယ္ရွိေၾကာင္း သိရ။

မိုဆာလားဟာ ဒုတိယအႀကိမ္ ကိုဗစ္ေရာဂါစစ္ေဆးမႈမွာ Positive ရလာဒ္ထြက္ခဲ့ေပမယ့္ ေသာၾကာေန႔မွာ ေဆးကုသေစာင့္ေရွာက္မႈအတြက္ အျပည့္အစုံပါဝင္တဲ့ သီးသန္႔ေလယာဥ္ နဲ႔ ယူေကကို ျပန္ေရာက္လာမွာျဖစ္တယ္လို႔ အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ အတည္ျပဳ။

လီဗာပူးလ္အသင္းဟာ ရီးယဲလ္မက္ဒရစ္အသင္းမွာ ေျခစြမ္းျပသေနၿပီး ကမၻာ့အဆင့္ၾကယ္ပြင့္အျဖစ္ တင္စားခံထားရတဲ့ ကစားသမား မာဗင္ ပါ့ခ္ကို Tranmere Rovers အသင္းမွာ ရွိစဥ္ကတည္းက မ်က္စိက်ခဲ့ၿပီး ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ဖူးေၾကာင္း သိရကာ ရီးယဲလ္မက္ဒရစ္၊ မန္ခ်က္စတာယူနိုက္တက္၊ အဲဗာတန္အသင္းတို႔ အၿပိဳင္ႀကိဳးစားခဲ့ဖူးေၾကာင္းသိရ။

လီဗာပူး၊ ဘာစီလိုနာတို႔ရဲ႕ စကားေျပာဆိုမႈေတြ ျပဳလုပ္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ဗဟိုခံစစ္မႉး ေဒးဗစ္ အလာဘာဟာ စပိန္ဘီလူးအသင္းေတြရဲ႕ ပစ္မွတ္ထားျခင္းကို ခံေနရၿပီး လာမယ့္ ဇန္နဝါရီမွာ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ဦးစားေပး ေခၚယူမႈ ျဖစ္လာဖြယ္ရွိေန။

စပိန္အသင္းကို အရွက္ရဖြယ္ ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ ဂ်ာမနီနည္းျပ ဂ်ိဳအာခ်င္လိုးရဲ႕ ေနရာကို နည္းျပ ယာဂင္ကေလာ့ပ္နဲ႕ အစားထိုးသြားဖြယ္ရွိေနၿပီး ဂ်ာမနီနည္းျပျဖစ္လာဖို႔ ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္ဆီ ဖလစ္ခ္ကိုလည္း ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေစာင့္ၾကည့္ေနေၾကာင္း သိရ။

လက္စတာနဲ႕ပြဲမွာ ဗဟိုခံစစ္မႉးအျဖစ္ ပြဲထြက္လာဖြယ္ ရွိေနတဲ့ ရီးစ္ဝီလီယမ္းစ္နဲ႕ နက္ဖီးလစ္တို႔အေနနဲ႕ လက္စတာ တိုက္စစ္မႉး ေဂ်မီ ဗာဒီကို အဓိက အာ႐ုံစိုက္ကာ သတိႀကီးႀကီးထားရဖြယ္ ရွိေနၿပီး အမွားေသးေသးေလးကအစ ေပးဆပ္မႈ ႀကီးမားသြားနိုင္ေၾကာင္း သတိေပးခံထားရ။

အီတလီကလပ္ တို႐ြန္တိုအသင္းမွာ အငွားခ်ခံထားရၿပီး ​ေျခစြမ္းျပကစားေနတဲ့ လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူ တိုနီ ဂါေလခ်ာဟာ ဘာစီလိုနာရဲ႕ စိတ္ဝင္စားမႈအေပၚ အံ့အားသင့္ေနၿပီး အနာဂတ္ကို ႀကိဳမသိနိုင္ေၾကာင္း ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.