Premier League Transfer News

20 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အဲလက်စ် တဲလက်စ်ရဲ့ ကိုဗစ်ကူးစက်မှုတွေအားလုံး ကင်းရှင်းသွားပြီဖြစ်ပြီး ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်တဲ့အနေနဲ့ သူနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ကာရင်တန်မှာ လေ့ကျင့်နေတဲ့ ပုံကို အင်စတာဂရမ်မှာ ဘရာဇီးလ်သားက တင်သွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဖြစ်သင့်ဆုံး တိုက်စစ်အတွဲအဖက်ဟာ အက်ဒင်ဆန် ကာဗာနီကို အထောင်ထားပြီး တောင်ပံတွေကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ မာစီယယ်လ်တို့က ထောက်ပံ့ကူညီပေးတာပဲဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ် ပြောကြား။

– အသင်းရဲ့ နောက်ဆုံးကြံ့ခိုင်မှုပြဿနာအချို့ကြောင့် ဝက်စ်ဘရွန်းနဲ့ ပွဲထွက်လူစာရင်းမှာ နောက်ခံလူတွေနေရာမှာ တွမ်ဇီဘီနဲ့ အဲလက်စ် တဲလက်စ်၊ ကွင်းလယ်မှာ ဗန်ဒဘိခ်တို့ ပွဲထွက်လာတာကို မြင်ရနိုင်ပြီး လုခ်ရှော၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာမသက်သာသေးသလို မာစီယယ်လ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ ကြံ့ခိုင်မှုကိုလည်း စောင့်ကြည့်ရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ခံရစေချင်တဲ့ အမည်မဖော်လိုသူ ကစားသမားတစ်ယောက် ရှိနေလိမ့်မယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ် ထုတ်ဖော်သွားခဲ့။

– ယူနိုက်တက်ရဲ့ နောက်ဆုံးထရိန်နင်မှာ လက်ရွေးစင်အသင်းဖော်တွေ ကိုဗစ်ဖြစ်ပွားမှုနဲ့ ကြုံခဲ့ရတဲ့ တိုက်စစ်မှူး ကာဗာနီတစ်ယောက် မပါဝင်နိုင်ခဲ့သေးပေမယ့် စစ်ဆေးမှုတွေမှာ နက်ဂတစ်ဖြစ်ခဲ့ရင်တော့ ဝက်စ်ဘရွန်းနဲ့ပွဲကို ပါဝင်လာနိုင်ဖွယ်ရှိနေ။

– အသင်းရဲ့ နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းက သူ့အနေနဲ့ ယူနိုက်တက်ရဲ့ ကစားသမားဟောင်းကြီးတွေရဲ့ နောက်ဆုံး သတင်းတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ နော့ဘီ စတိုင်လ် ကွယ်လွန်သွားမှုနဲ့ ဆာဘော်ဘီ ချာလ်တန်ရဲ့ မှတ်ဉာဏ်လျော့နည်းမှု ရောဂါကြုံတွေ့နေရမှုတွေအပေါ် ရည်ရွယ်ပြောကြားသွားခဲ့။

– ဒါဘီကောင်တီအသင်းရဲ့ နည်းပြနေရာအတွက် ပစ်မှတ်ထားနေခဲ့တဲ့ ကစားသမားနည်းပြ ဝိန်းရွန်နီအနေနဲ့ ဒီရာထူးအတွက် အသင်းရဲ့ ပထမအသင်းနည်းပြ လီယမ် ရိုဆီနီယာနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး ပရိုက်ဒ်ပါ့ခ်မှာတော့ နည်းပြနဲ့ လက်ထောက်နည်းပြ ရာထူးနှစ်ခု လစ်လပ်နေ။

– ဆိုးလ်ရှားရဲ့လက်အောက် ယူနိုက်တက်မှာ ကစားခွင့်နည်းပေမယ့် ရိုင်ယန်ဂစ်ရဲ့ ဝေးလ်စ်လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ဒန်နီယယ်လ် ဂျိမ်းစ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ လိဒ်စ်ယူနိုက်တက်အသင်းကို အဲဗာတန်အသင်းက ပြိုင်ဆိုင်ကြိုးစားလာဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဂျက်ခ် ဂရီးလစ်ရှ်ကို အက်စတန်ဗီလာကနေ ခေါ်ယူနိုင်ခွင့်ကို လက်လွှတ်ခံခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ နောင်တရနေတော့မယ်လို့ သတင်းတွေ ရေးသားခဲ့ကြပြီး နွေက ပေါင်သန်း ၈၀ တန် ကစားသမားဟာ လက်ရှိမှာ ပေါင်သန်း ၁၀၀ နဲ့တောင် မရောင်းနိုင်တဲ့ ခြေစွမ်းဖြစ်နေပြီလို့ ဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အဲလက္စ္ တဲလက္စ္ရဲ႕ ကိုဗစ္ကူးစက္မႈေတြအားလုံး ကင္းရွင္းသြားၿပီျဖစ္ၿပီး ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ျပန္လည္ပါဝင္လာႏိုင္တဲ့အေနနဲ႔ သူနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ကာရင္တန္မွာ ေလ့က်င့္ေနတဲ့ ပုံကို အင္စတာဂရမ္မွာ ဘရာဇီးလ္သားက တင္သြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အျဖစ္သင့္ဆုံး တိုက္စစ္အတြဲအဖက္ဟာ အက္ဒင္ဆန္ ကာဗာနီကို အေထာင္ထားၿပီး ေတာင္ပံေတြကေန မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အန္တိုနီ မာစီယယ္လ္တို႔က ေထာက္ပံ့ကူညီေပးတာပဲျဖစ္ေၾကာင္း တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ ေျပာၾကား။

– အသင္းရဲ႕ ေနာက္ဆုံးႀကံ့ခိုင္မႈျပႆနာအခ်ိဳ႕ေၾကာင့္ ဝက္စ္ဘ႐ြန္းနဲ႔ ပြဲထြက္လူစာရင္းမွာ ေနာက္ခံလူေတြေနရာမွာ တြမ္ဇီဘီနဲ႔ အဲလက္စ္ တဲလက္စ္၊ ကြင္းလယ္မွာ ဗန္ဒဘိခ္တို႔ ပြဲထြက္လာတာကို ျမင္ရႏိုင္ၿပီး လုခ္ေရွာ၊ လင္ဒီေလာ့ဖ္တို႔ ဒဏ္ရာမသက္သာေသးသလို မာစီယယ္လ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ ႀကံ့ခိုင္မႈကိုလည္း ေစာင့္ၾကည့္ရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို ရာထူးက ထုတ္ပယ္ခံရေစခ်င္တဲ့ အမည္မေဖာ္လိုသူ ကစားသမားတစ္ေယာက္ ရွိေနလိမ့္မယ္လို႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္ ထုတ္ေဖာ္သြားခဲ့။

– ယူႏိုက္တက္ရဲ႕ ေနာက္ဆုံးထရိန္နင္မွာ လက္ေ႐ြးစင္အသင္းေဖာ္ေတြ ကိုဗစ္ျဖစ္ပြားမႈနဲ႔ ႀကဳံခဲ့ရတဲ့ တိုက္စစ္မႉး ကာဗာနီတစ္ေယာက္ မပါဝင္ႏိုင္ခဲ့ေသးေပမယ့္ စစ္ေဆးမႈေတြမွာ နက္ဂတစ္ျဖစ္ခဲ့ရင္ေတာ့ ဝက္စ္ဘ႐ြန္းနဲ႔ပြဲကို ပါဝင္လာႏိုင္ဖြယ္ရွိေန။

– အသင္းရဲ႕ နာမည္ေက်ာ္တစ္ဦးျဖစ္တဲ့ ေဒးဗစ္ ဘက္ခမ္းက သူ႔အေနနဲ႔ ယူႏိုက္တက္ရဲ႕ ကစားသမားေဟာင္းႀကီးေတြရဲ႕ ေနာက္ဆုံး သတင္းေတြအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေနာ့ဘီ စတိုင္လ္ ကြယ္လြန္သြားမႈနဲ႔ ဆာေဘာ္ဘီ ခ်ာလ္တန္ရဲ႕ မွတ္ဉာဏ္ေလ်ာ့နည္းမႈ ေရာဂါႀကဳံေတြ႕ေနရမႈေတြအေပၚ ရည္႐ြယ္ေျပာၾကားသြားခဲ့။

– ဒါဘီေကာင္တီအသင္းရဲ႕ နည္းျပေနရာအတြက္ ပစ္မွတ္ထားေနခဲ့တဲ့ ကစားသမားနည္းျပ ဝိန္း႐ြန္နီအေနနဲ႔ ဒီရာထူးအတြက္ အသင္းရဲ႕ ပထမအသင္းနည္းျပ လီယမ္ ႐ိုဆီနီယာနဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိေနၿပီး ပ႐ိုက္ဒ္ပါ့ခ္မွာေတာ့ နည္းျပနဲ႔ လက္ေထာက္နည္းျပ ရာထူးႏွစ္ခု လစ္လပ္ေန။

– ဆိုးလ္ရွားရဲ႕လက္ေအာက္ ယူႏိုက္တက္မွာ ကစားခြင့္နည္းေပမယ့္ ႐ိုင္ယန္ဂစ္ရဲ႕ ေဝးလ္စ္လက္ေ႐ြးစင္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူဖို႔ လိဒ္စ္ယူႏိုက္တက္အသင္းကို အဲဗာတန္အသင္းက ၿပိဳင္ဆိုင္ႀကိဳးစားလာဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဂ်က္ခ္ ဂရီးလစ္ရွ္ကို အက္စတန္ဗီလာကေန ေခၚယူႏိုင္ခြင့္ကို လက္လႊတ္ခံခဲ့တဲ့ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ ေနာင္တရေနေတာ့မယ္လို႔ သတင္းေတြ ေရးသားခဲ့ၾကၿပီး ေႏြက ေပါင္သန္း ၈၀ တန္ ကစားသမားဟာ လက္ရွိမွာ ေပါင္သန္း ၁၀၀ နဲ႔ေတာင္ မေရာင္းႏိုင္တဲ့ ေျခစြမ္းျဖစ္ေနၿပီလို႔ ဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.