Premier League

၂၀.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၆ ရက္၊ ေသာၾကာေန႔။

၂၀.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၆ ရက္၊ ေသာၾကာေန႔။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္
ည ၂၂:၂၉ အထိ တိထီ ၆ လုံး၊ ေက်ာ္လွ်င္ ၇ လုံး။ ၆ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလုိသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၇ လုံးတြင္ မတယုဂ္ႏွင့္ လႊသြားယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္ေစလိုေသာ ကိစၥမ်ား၊ အဖ်က္ကိစၥမ်ား လုပ္ေဆာင္ႏုိင္။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္
နံနက္ ၁၀:၂၁ အထိ ဥတၱရာသ႒္နကၡတ္၊ ေက်ာ္လွ်င္ သရဝဏ္နကၡတ္။ နံနက္ ၉:၀၀ အထိ ဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီး၊ အဖ်က္ႏွင့္ ႀကဳံမည္။ မိမိ၏ မေကာင္းေသာ ဝါသနာမ်ား၊ စြဲလမ္းမွဳမ်ားေၾကာင့္ အလုပ္ ထိခိုက္တတ္၍ ဆႏၵကို သိကၡာျဖင့္ ထိန္းပါ။ ေက်ာ္လွ်င္ ဝုဒၶိယုဂ္၊ ဖြံ႕ၿဖဳိးႀကီးထြားျခင္း၊ ဉာဏ္ပညာကို အရင္းတည္၍ ေျပာဆုိလုပ္ကိုင္ ေဆာင္ရြက္ရသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း
နံနက္ ၁၀:၃၇ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၂:၂၉ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာ အရပ္ႏွင့္ ေဆာင္ရန္ အေရာင္
ည ၂၂:၂၉ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၀.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်၊ သောကြာနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်
ည ၂၂:၂၉ အထိ တိထီ ၆ လုံး၊ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၇ လုံးတွင် မတယုဂ်နှင့် လွှသွားယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်စေလိုသော ကိစ္စများ၊ အဖျက်ကိစ္စများ လုပ်ဆောင်နိုင်။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
နံနက် ၁၀:၂၁ အထိ ဥတ္တရာသဋ္ဌ်နက္ခတ်၊ ကျော်လျှင် သရဝဏ်နက္ခတ်။ နံနက် ၉:၀၀ အထိ ဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီး၊ အဖျက်နှင့် ကြုံမည်။ မိမိ၏ မကောင်းသော ဝါသနာများ၊ စွဲလမ်းမှုများကြောင့် အလုပ် ထိခိုက်တတ်၍ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ။ ကျော်လျှင် ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း
နံနက် ၁၀:၃၇ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၂၉ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
ည ၂၂:၂၉ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)