Premier League Transfer News

20 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ခရစ္စတီယန် အဲရစ်ဆန်ဟာ စပါးစ်ကစားသမားဟောင်းမကလို့ ဘယ်သူပဲဖြစ်ဖြစ် အသင်းအတွက် လိုအပ်နေတဲ့ အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားသူဖြစ်လို့ ခေါ်ယူနိုင်မယ်ဆိုရင် လက်လွတ်မခံသင့်ကြောင်း ဂရာနစ် ချာကာနဲ့ အလဲအထပ်သတင်းတွေအပေါ် ကီဗင် ကမ်းဘဲလ် ထောက်ခံတဲ့ မှတ်ချက်ပေး။

– နိုင်ဂျီးရီးယား ဆီးနိတ်လွှတ်တော်အမတ်ဟောင်းနဲ့ ဘီလျံနာ အော်ဂျီ ကာလုအနေနဲ့ အာလီကို ဒန်ဂိုတေထက်အရင် အာဆင်နယ်အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပြီး လက်ရှိပိုင်ရှင် ခရိုယန်ကီတွေဆီက အသင်းရဲ့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူသွားဖို့ ပစ်မှတ်ထားနေ။

– အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေခဲ့ရတဲ့ နောက်ခံလူ ပါဘလို မာရီနဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီတို့ကို ပြန်လည်မြင်တွေ့ခဲ့ရပြီး လာမယ့် ဒီဇင်ဘာလထဲမှာ သူတို့ရဲ့ ရာသီသစ်ကို စတင်လာနိုင်။

– ဂါဘွန်အသင်းနည်းပြ ပယ်ထရိခ် နယ်ဗူးက လက်ရွေးစင်အသင်းနဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ရဲ့ အနာဂတ်က ဆက်မရှိဖို့ များနေကြောင်းနဲ့ ဂမ်ဘီယာကိစ္စအပြီးမှာ အာဆင်နယ်ဘက်က သူတို့ကစားသမားကို စေလွှတ်ဖို့ ပိတ်ပင်သွားဖွယ်ရှိကြောင်း ပြောကြား။

– စာချုပ်လျော်ကြေး ပေါင် ၂၃ သန်းနဲ့ ထွက်ခွာခွင့်ရှိနေတဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအနေနဲ့ ဆောင်းရာသီပြီးရင် အသင်းမှာ ဆက်ရှိနေတော့မယ်လို့ မထင်ကြောင်း အသင်းနည်းပြ ဂျက်ဆီမာ့ရှ်က ဆိုခဲ့တာကြောင့် ရောင်းချသွားမယ့် ကစားသမားအတွက် အာဆင်နယ်တို့ လက်နှေးခံလို့ မရတော့ဘူးလို့ ပရိသတ်တွေဆို။

– အသင်းရဲ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်ကို နောက်ခံလူ ကိုလာစီနက်ချ်နဲ့ ကွင်းလယ်လူ အယ်လ်နန်နီတို့ ကိုဗစ်ကူးစက်မှုကြောင့် လွဲချော်မှာ ဖြစ်ပြီး အက်စ်တန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ သောမတ်စ် ပါတေးကတော့ ကြံ့ခိုင်မှုအပြည့်အဝနဲ့ ပြန်လည်ပါဝင်လာဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ထရိန်နင်မှာ သူနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ ရန်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့ ဒေးဗစ် အွန်းစတိန်းရဲ့ ထုတ်ဖော်ရေးသားမှုဟာ သတင်းအတုသာဖြစ်တယ်လို့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ် ပယ်ချသွားခဲ့။

– အီဂျစ်လက်ရွေးစင်အသင်းနဲ့ အာဖရိကဖလား ခြေစစ်ပွဲကစားဖို့ သွားရောက်ရင်း ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့ အာဆင်နယ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီတို့နှစ်ဦးကို ဆေးဝါးထောက်ပံ့မှုတွေ အထူးစီစဉ်ထားတဲ့ စီးလုံးငှားလေယာဉ်နဲ့ အသင်းတွေဆီ သောကြာနေ့မှာ ပြန်လည်ပို့ဆောင်ပေးဖို့ အီဂျစ်အက်ဖ်အေ စီစဉ်ပေးခဲ့။

– ငါးယောက်တစ်ဖွဲ့ ကစားမယ့် စိတ်ကူးထဲက ဘောလုံးအသင်းကို ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က ရွေးချယ်ခဲ့ရာမှာ ဂျူဗီရဲ့ ဘူဖွန်၊ ရီးရဲလ်မက်ဒရစ်ရဲ့ မာဆယ်လို၊ ဘန်ဇီးမား၊ မိုဒရစ်နဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ ပါဝင်ခဲ့ပြီး အူဘာမီယန်းနဲ့ အာဆင်နယ်ကစားသမားတွေကို တစ်ဦးမှ ရွေးချယ်ခြင်းမပြုခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခရစၥတီယန္ အဲရစ္ဆန္ဟာ စပါးစ္ကစားသမားေဟာင္းမကလို႔ ဘယ္သူပဲျဖစ္ျဖစ္ အသင္းအတြက္ လိုအပ္ေနတဲ့ အရည္အေသြးမ်ိဳးကို ပိုင္ဆိုင္ထားသူျဖစ္လို႔ ေခၚယူႏိုင္မယ္ဆိုရင္ လက္လြတ္မခံသင့္ေၾကာင္း ဂရာနစ္ ခ်ာကာနဲ႔ အလဲအထပ္သတင္းေတြအေပၚ ကီဗင္ ကမ္းဘဲလ္ ေထာက္ခံတဲ့ မွတ္ခ်က္ေပး။

– ႏိုင္ဂ်ီးရီးယား ဆီးနိတ္လႊတ္ေတာ္အမတ္ေဟာင္းနဲ႔ ဘီလ်ံနာ ေအာ္ဂ်ီ ကာလုအေနနဲ႔ အာလီကို ဒန္ဂိုေတထက္အရင္ အာဆင္နယ္အသင္းမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စိတ္ဝင္စားေနၿပီး လက္ရွိပိုင္ရွင္ ခ႐ိုယန္ကီေတြဆီက အသင္းရဲ႕ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းကို ဝယ္ယူသြားဖို႔ ပစ္မွတ္ထားေန။

– အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာေၾကာင့္ ကာလၾကာရွည္အနားယူေနခဲ့ရတဲ့ ေနာက္ခံလူ ပါဘလို မာရီနဲ႔ တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီတို႔ကို ျပန္လည္ျမင္ေတြ႕ခဲ့ရၿပီး လာမယ့္ ဒီဇင္ဘာလထဲမွာ သူတို႔ရဲ႕ ရာသီသစ္ကို စတင္လာႏိုင္။

– ဂါဘြန္အသင္းနည္းျပ ပယ္ထရိခ္ နယ္ဗူးက လက္ေ႐ြးစင္အသင္းနဲ႔ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ရဲ႕ အနာဂတ္က ဆက္မရွိဖို႔ မ်ားေနေၾကာင္းနဲ႔ ဂမ္ဘီယာကိစၥအၿပီးမွာ အာဆင္နယ္ဘက္က သူတို႔ကစားသမားကို ေစလႊတ္ဖို႔ ပိတ္ပင္သြားဖြယ္ရွိေၾကာင္း ေျပာၾကား။

– စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၂၃ သန္းနဲ႔ ထြက္ခြာခြင့္ရွိေနတဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအေနနဲ႔ ေဆာင္းရာသီၿပီးရင္ အသင္းမွာ ဆက္ရွိေနေတာ့မယ္လို႔ မထင္ေၾကာင္း အသင္းနည္းျပ ဂ်က္ဆီမာ့ရွ္က ဆိုခဲ့တာေၾကာင့္ ေရာင္းခ်သြားမယ့္ ကစားသမားအတြက္ အာဆင္နယ္တို႔ လက္ေႏွးခံလို႔ မရေတာ့ဘူးလို႔ ပရိသတ္ေတြဆို။

– အသင္းရဲ႕ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္ကို ေနာက္ခံလူ ကိုလာစီနက္ခ်္နဲ႔ ကြင္းလယ္လူ အယ္လ္နန္နီတို႔ ကိုဗစ္ကူးစက္မႈေၾကာင့္ လြဲေခ်ာ္မွာ ျဖစ္ၿပီး အက္စ္တန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရရွိခဲ့တဲ့ ေသာမတ္စ္ ပါေတးကေတာ့ ႀကံ့ခိုင္မႈအျပည့္အဝနဲ႔ ျပန္လည္ပါဝင္လာဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ထရိန္နင္မွာ သူနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ ရန္ပြဲျဖစ္ခဲ့တယ္ဆိုတဲ့ ေဒးဗစ္ အြန္းစတိန္းရဲ႕ ထုတ္ေဖာ္ေရးသားမႈဟာ သတင္းအတုသာျဖစ္တယ္လို႔ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ ပယ္ခ်သြားခဲ့။

– အီဂ်စ္လက္ေ႐ြးစင္အသင္းနဲ႔ အာဖရိကဖလား ေျခစစ္ပြဲကစားဖို႔ သြားေရာက္ရင္း ကိုဗစ္ကူးစက္ခံခဲ့ရတဲ့ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားနဲ႔ အာဆင္နယ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီတို႔ႏွစ္ဦးကို ေဆးဝါးေထာက္ပံ့မႈေတြ အထူးစီစဥ္ထားတဲ့ စီးလုံးငွားေလယာဥ္နဲ႔ အသင္းေတြဆီ ေသာၾကာေန႔မွာ ျပန္လည္ပို႔ေဆာင္ေပးဖို႔ အီဂ်စ္အက္ဖ္ေအ စီစဥ္ေပးခဲ့။

– ငါးေယာက္တစ္ဖြဲ႕ ကစားမယ့္ စိတ္ကူးထဲက ေဘာလုံးအသင္းကို ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္က ေ႐ြးခ်ယ္ခဲ့ရာမွာ ဂ်ဴဗီရဲ႕ ဘူဖြန္၊ ရီးရဲလ္မက္ဒရစ္ရဲ႕ မာဆယ္လို၊ ဘန္ဇီးမား၊ မိုဒရစ္နဲ႔ မန္ယူတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္တို႔ ပါဝင္ခဲ့ၿပီး အူဘာမီယန္းနဲ႔ အာဆင္နယ္ကစားသမားေတြကို တစ္ဦးမွ ေ႐ြးခ်ယ္ျခင္းမျပဳခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.