Premier League

အသင္းရဲ႕ ၁၈ ပြဲဆက္ အႏိုင္ရခဲ့တဲ့ စံခ်ိန္ကို အံ့အားသင့္ေနတဲ့ ယာဂန္ ကေလာ့ပ္

တနလၤာေန႔က ၀က္စ္ဟမ္းယူႏုိက္တက္အသင္းကို အိမ္ကြင္းမွာ ခက္ခက္ခဲခဲကစားၿပီး အႏိုင္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာစီးတီးရဲ႕ ၁၈ ပြဲဆက္ အႏိုင္ရစံခ်ိန္ကို လုိက္မီႏုိင္ခဲ့တဲ့အေပၚ လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က တကယ္အံ့အားသင့္မိတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

သံုးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ တနလၤာေန႔ပြဲမွာ လီဗာပူးလ္ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိန္နယ္လ္ဒြမ္က အဖြင့္ဂိုး စသြင္းခဲ့ေပမယ့္ သိပ္မၾကာခင္မွာပဲ ၀က္စ္ဟမ္းေနာက္ခံလူ အစ္ဆာ ဒီေယာ့ပ္က ေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း ပါဘလို ေဖာ္နယ္လ္က ၀က္စ္ဟမ္းအတြက္ ဦးေဆာင္ဂိုးျပန္သြင္းခဲ့လို႔ လီဗာပူးလ္ဟာ အန္ဖီးလ္မွာ မထင္မွတ္ဘဲ ခက္ခက္ခဲခဲ ကစားခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာမွ မိုဟာမက္ ဆာလားရဲ႕ ကန္ခ်က္ကို ၀က္စ္ဟမ္းယူႏုိက္တက္ဂိုးသမား လူးကပ္စ္ ဖာဘီယန္စကီးရဲ႕ ေဘာလုံးဖမ္းယူပုံ မေသသပ္တာကေန ေခ်ပဂိုးျပန္ရခဲ့ၿပီး အႏိုင္ဂိုးကိုေတာ့ ဆာဒီယို မာေနးက ပြဲၿပီးဖို႔ (၁၀)မိနစ္ေလာက္အလိုမွာ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိႏိုင္ပြဲဆက္ႏႈန္းအတိုင္းသာ သြားမယ္ဆိုရင္ မတ္လ ၂၀ ရက္ေန႔မွာ ကစားရမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဆြတ္ခူးႏုိင္ေတာ့မွာျဖစ္ၿပီး ၀က္စ္ဟမ္းကို အႏိုင္ရခဲ့တာေၾကာင့္ ေနာက္ထပ္စံခ်ိန္တစ္ခုအျဖစ္ ၁၉၇၂ ခုႏွစ္ ဇန္န၀ါရီလကေန ဒီဇင္ဘာလအထိ တင္ခဲ့တဲ့ အိမ္ကြင္း ၂၁ ပြဲဆက္ အႏိုင္ရစံခ်ိန္ကိုလည္း တူညီသြားႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာ ကေလာ့ပ္က “ႏိုင္င္ပြဲဆက္စံခ်ိန္ကို လိုက္မီမယ္ ဒါမွမဟုတ္ ခ်ိဳးႏိုင္မယ္လို႔ တစ္ခါမွ မထင္ခဲ့ဖူးပါဘူး။ ဒါေပမယ့္ အခု ကၽြန္ေတာ္တို႔ လုပ္ႏိုင္ခဲ့ပါၿပီ။ အရိုးသားဆံုးေျပာရရင္ ဒါကို မယံုၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ရပါတယ္။ ဒီရာသီမွာ ျဖစ္ခဲ့သမွ်အားလံုးက ကၽြန္ေတာ္တို႔အားလံုးရဲ႕ ႀကိဳးစားမႈေတြပါ”လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တနင်္လာနေ့က ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲကစားပြီး အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးရဲ့ ၁၈ ပွဲဆက် အနိုင်ရစံချိန်ကို လိုက်မီနိုင်ခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က တကယ်အံ့အားသင့်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ တနင်္လာနေ့ပွဲမှာ လီဗာပူးလ်ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိန်နယ်လ်ဒွမ်က အဖွင့်ဂိုး စသွင်းခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဝက်စ်ဟမ်းနောက်ခံလူ အစ်ဆာ ဒီယော့ပ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ပါဘလို ဖော်နယ်လ်က ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးပြန်သွင်းခဲ့လို့ လီဗာပူးလ်ဟာ အန်ဖီးလ်မှာ မထင်မှတ်ဘဲ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာမှ မိုဟာမက် ဆာလားရဲ့ ကန်ချက်ကို ဝက်စ်ဟမ်းယူနိုက်တက်ဂိုးသမား လူးကပ်စ် ဖာဘီယန်စကီးရဲ့ ဘောလုံးဖမ်းယူပုံ မသေသပ်တာကနေ ချေပဂိုးပြန်ရခဲ့ပြီး အနိုင်ဂိုးကိုတော့ ဆာဒီယို မာနေးက ပွဲပြီးဖို့ (၁၀)မိနစ်လောက်အလိုမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိနိုင်ပွဲဆက်နှုန်းအတိုင်းသာ သွားမယ်ဆိုရင် မတ်လ ၂၀ ရက်နေ့မှာ ကစားရမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ဝက်စ်ဟမ်းကို အနိုင်ရခဲ့တာကြောင့် နောက်ထပ်စံချိန်တစ်ခုအဖြစ် ၁၉၇၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တင်ခဲ့တဲ့ အိမ်ကွင်း ၂၁ ပွဲဆက် အနိုင်ရစံချိန်ကိုလည်း တူညီသွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က “နိုင်င်ပွဲဆက်စံချိန်ကို လိုက်မီမယ် ဒါမှမဟုတ် ချိုးနိုင်မယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ အရိုးသားဆုံးပြောရရင် ဒါကို မယုံကြည်နိုင်လောက်အောင်ဖြစ်ရပါတယ်။ ဒီရာသီမှာ ဖြစ်ခဲ့သမျှအားလုံးက ကျွန်တော်တို့အားလုံးရဲ့ ကြိုးစားမှုတွေပါ”လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.