Serie A UCL&UEL

ကို႐ိုးနားဗိုင္းရပ္စ္ေၾကာင့္ ပရိသတ္မပါဘဲ ကြင္းပိတ္ကစားရမယ့္ အင္တာမီလန္

အီတလီႏိုင္ငံမွာ ကုိရိုးနားဗုိင္းရပ္စ္ကူးစက္ခံရမႈႏႈန္းျမင့္တက္လာတာေၾကာင့္ အင္တာမီလန္နဲ႔ လူဒိုဂိုရက္စ္တို႔ရဲ႕ ယူရိုပါလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္ကို ပရိသတ္မပါဘဲ ကြင္းပိတ္ကစားဖို႔ တာ၀န္ရွိသူေတြ ဆံုးျဖတ္လိုက္ပါတယ္။ ကိုရိုးနားဗိုင္းရပ္စ္ရန္ေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရတဲ့ အရင္တစ္ပတ္ စီးရီးေအပဲြစဥ္ေတြမွာ အင္တာမီလန္ရဲ႕ ပြဲစဥ္လည္း ပါ၀င္ခဲ့ပါတယ္။

လက္ရွိအီတလီႏိုင္ငံရဲ႕ အေျခအေနေၾကာင့္ ၾကာသပေတးေန႔မွာ ကစားမယ့္ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ ရွဳံးထြက္ပြဲစဥ္အတြက္ ႏွစ္ဖက္အသင္း တာ၀န္ရွိသူေတြအပါအ၀င္ ယူအီးအက္ဖ္ေအကိုယ္စားလွယ္နဲ႔ အီတလီအစိုးရအဖြဲ႔တို႔ တိုင္ပင္ၿပီး အေကာင္းဆံုးလို႔ ေမွ်ာ္လင့္ထားတဲ့ ဆံုးျဖတ္ခ်က္ကို ခ်ခဲ့တာျဖစ္ပါတယ္။ ေနာက္ဆံုးသတင္းေတြအရ အီတလီႏိုင္ငံမွာ ကူးစက္ခံရသူဟာ ၁၆၅ ေယာက္အထိ ရွိေနၿပီး ဗိုင္းရပ္စ္ေၾကာင့္ အေပ်ာ္တမ္းေဘာလံုးသမားတစ္ဦးအပါအ၀င္ ၂ ဦး ေသဆံုးခဲ့သလို ဥေရာပႏိုင္ငံေတြထဲမွာေတာ့ ကူးစက္ပ်ံ႕ႏွံ႕မႈအမ်ားဆံုးလည္းျဖစ္ေနပါတယ္။

အီတလီႏိုင္ငံအတြင္း ဗိုင္းရပ္စ္ကူးစက္မႈႏႈန္းအျမင့္ဆံုးကေတာ့ မီလန္ၿမိဳ႕ရွိရာ လြန္ဘာဒီေဒသျဖစ္ေနၿပီး ဂ်ဴဗင္တပ္စ္နဲ႔ တိုရီႏိုတို႔ အေျခစိုက္ရာ တူရင္ၿမိဳ႕မွာလည္း ကိုရိုးနားဗိုင္းရပ္စ္ကို စိုးရိမ္ေနၾကရပါတယ္။ တနလၤာေန႔က မီလန္ၿမိဳ႕တြင္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ ပံုမွန္လည္ပတ္ခဲ့ေပမယ့္ ေက်ာင္းအမ်ားစုကေတာ့ ပိတ္ခဲ့ရပါတယ္။

အေစာပိုင္းက ၾကာသပေတးေန႔ ယူရိုပါလိဂ္ပြဲကိုၾကည့္ဖို႔ မီလန္ၿမိဳ႕ကို လူဒိုဂိုရက္စ္ပရိသတ္ ၆၀၀ ေလာက္ လာၾကဖို႔ စီစဥ္ခဲ့ေပမယ့္ အခုဆံုးျဖတ္ခ်က္ေၾကာင့္ တီဗီကေနပဲ အားေပးရေတာ့မွာျဖစ္ပါတယ္။ အင္တာမီလန္အသင္းကေတာ့ လူဒိုဂိုရက္စ္နဲ႔ပြဲအတြက္ ပြဲၾကည့္လက္မွတ္ ၀ယ္ယူၿပီးျဖစ္တဲ့ ပရိသတ္ေတြကို ေငြျပန္အမ္းေပးသြားမယ္လို႔ အသင္း၀က္ဘ္ဆိုက္ကေနလည္း တရား၀င္ ေၾကျငာထားပါတယ္။

အင္တာမီလန္အသင္းအေနနဲ႔ ပထမအေက်ာ့ အေ၀းကြင္းပြဲစဥ္မွာကတည္းက လူဒိုဂိုရက္စ္ကို ႏွစ္ဂိုးျပတ္နဲ႔ ႏိုင္ခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ ေသခ်ာသေလာက္ရွိေနၿပီး ေရွ႕တစ္ပတ္ထဲ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အေ၀းကြင္းမွာ ကစားရမယ့္ စီးရီးေအပြဲစဥ္ကိုလည္း ကြင္းပိတ္ကစားဖို႔ စီစဥ္ေနတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အီတလီနိုင်ငံမှာ ကိုရိုးနားဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမြင့်တက်လာတာကြောင့် အင်တာမီလန်နဲ့ လူဒိုဂိုရက်စ်တို့ရဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ တာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်ပါတယ်။ ကိုရိုးနားဗိုင်းရပ်စ်ရန်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ အရင်တစ်ပတ် စီးရီးအေပွဲစဉ်တွေမှာ အင်တာမီလန်ရဲ့ ပွဲစဉ်လည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိအီတလီနိုင်ငံရဲ့ အခြေအနေကြောင့် ကြာသပတေးနေ့မှာ ကစားမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွက် နှစ်ဖက်အသင်း တာဝန်ရှိသူတွေအပါအဝင် ယူအီးအက်ဖ်အေကိုယ်စားလှယ်နဲ့ အီတလီအစိုးရအဖွဲ့တို့ တိုင်ပင်ပြီး အကောင်းဆုံးလို့ မျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ အီတလီနိုင်ငံမှာ ကူးစက်ခံရသူဟာ ၁၆၅ ယောက်အထိ ရှိနေပြီး ဗိုင်းရပ်စ်ကြောင့် အပျော်တမ်းဘောလုံးသမားတစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့သလို ဥရောပနိုင်ငံတွေထဲမှာတော့ ကူးစက်ပျံ့နှံ့မှုအများဆုံးလည်းဖြစ်နေပါတယ်။

အီတလီနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းအမြင့်ဆုံးကတော့ မီလန်မြို့ရှိရာ လွန်ဘာဒီဒေသဖြစ်နေပြီး ဂျူဗင်တပ်စ်နဲ့ တိုရီနိုတို့ အခြေစိုက်ရာ တူရင်မြို့မှာလည်း ကိုရိုးနားဗိုင်းရပ်စ်ကို စိုးရိမ်နေကြရပါတယ်။ တနင်္လာနေ့က မီလန်မြို့တွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်ခဲ့ပေမယ့် ကျောင်းအများစုကတော့ ပိတ်ခဲ့ရပါတယ်။

အစောပိုင်းက ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲကိုကြည့်ဖို့ မီလန်မြို့ကို လူဒိုဂိုရက်စ်ပရိသတ် ၆၀၀ လောက် လာကြဖို့ စီစဉ်ခဲ့ပေမယ့် အခုဆုံးဖြတ်ချက်ကြောင့် တီဗီကနေပဲ အားပေးရတော့မှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းကတော့ လူဒိုဂိုရက်စ်နဲ့ပွဲအတွက် ပွဲကြည့်လက်မှတ် ဝယ်ယူပြီးဖြစ်တဲ့ ပရိသတ်တွေကို ငွေပြန်အမ်းပေးသွားမယ်လို့ အသင်းဝက်ဘ်ဆိုက်ကနေလည်း တရားဝင် ကြေငြာထားပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာကတည်းက လူဒိုဂိုရက်စ်ကို နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် သေချာသလောက်ရှိနေပြီး ရှေ့တစ်ပတ်ထဲ ဂျူဗင်တပ်စ်အသင်းနဲ့ အဝေးကွင်းမှာ ကစားရမယ့် စီးရီးအေပွဲစဉ်ကိုလည်း ကွင်းပိတ်ကစားဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.