Premier League

ဗန်ဒဘိခ်အလင်းရောင်ကို ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ထုတ်လွှတ်လာဖွယ်ရှိတဲ့ ယူနိုက်တက်

ယူနိုက်တက်ရဲ့ ခရီးစဥ်မှာ ကိုယ်စွမ်းကိုယ်စကို ပြသပြီး အချိန်ကိုက်ဗုံးခွဲဖို့ ပြင်ဆင်စောင့်ဆိုင်းနေသူက နယ်သာလန်သား ဗန်ဒဘိခ်ပါ။ ဒီရာသီ ပရီးမီးယားလိဂ် စတင်ချိန်ကတည်းက ပထမအသင်း ပွဲထွက်ခွင့် မရရှိသေးတဲ့ ဗန်ဒဘိခ်ရဲ့အလင်းရောင်ကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လာမယ့် ဝက်စ်ဘရွမ်းနဲ့ပွဲမှာ ထုတ်လွှတ်လာဖွယ်ရှိနေပြီး နယ်သာလန်အသင်းမှာ ခြေစွမ်းပြသကစားခဲ့ပုံက ဆိုးလ်ရှား အကြိုက်တွေ့စရာ ဖြစ်ခဲ့တာ အသေအချာပဲ ဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းကနေ ပေါင် ၃၉ သန်းနဲ့ ပြောင်းရွှေ့လာပြီး အိုးထရက်ဖို့ဒ်မြေကို ​ခြေချခဲ့တဲ့ ဗန်ဒဘိခ်ဟာ ပရီးမီယားလိဂ်မှာ ကစားချိန် ၇၄ မိနစ်သာ ရရှိထားသေးပြီး အရန်ခုံကနေ တဆင့်တက်လို့ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေတာဖြစ်ပြီး ပေါက်ကွဲထွက်ပြဖို့ အချိန်အနည်းသာ လိုအပ်နေတာ ဖြစ်ပါတယ်။

ဝေဖန်မှုတွေအရ အရန်ခုံမှာ ထိုင်နေမယ့် ကစားသမားတယောက်ကို ပေါင်သန်း ၄၀ နီးပါး ပေးဖို့ လိုအပ်ရဲ့လားဆိုတဲ့ ဆွေးနွေးမှုတွေ ရှိနေပေမယ့် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဘရူနို ဖာနန်ဒက်စ်၊ ကာဗာနီ၊ ဗန်ဒဘိခ်၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်၊ ဂရင်းဝုဒ် တို့ရဲ့ အတွဲအဖက်နဲ့ အလျင်မြန်ဆုံး၊ အဖျတ်လတ်ဆုံး တန်ပြန်တိုက်စစ်ပုံစံကို အသင်းရဲ့ အားသာချက်တခုအဖြစ် ပြင်ဆင်ဖို့ ကြိုးစားနေတာကိုလည်း ပရိသတ်တွေအနေနဲ့ တွေ့ထားရတာပါ။

ကြံ့ခိုင်မှု အသားပေးတတ်တဲ့ ပရီးမီယားလိဂ်ရဲ့ ကစားဟန်အရ တခြားလိဂ်က ရောက်ရှိလာတဲ့ ကစားသမားတွေ ရုန်းကန်ရတတ်တဲ့ ထုံးစံရှိပေမယ့် လာမယ့် မတ်လအကုန်အထိ နိုင်ငံတကာပွဲစဥ်တွေ မရှိတော့တဲ့နောက်မှာတော့ ယူနိုက်တက်ဟာ ဗန်ဒဘိခ်ကို ရဲရဲပွဲထုတ်လာဖွယ် ရှိနေပြီး သူထုတ်လွှတ်လာမယ့် အလင်းရောင်တွေကို ပွဲစဥ်နဲ့အမျှ မျက်ဝါးထင်ထင် ခံစားလာရဖို့ ရှိနေပါတယ်။

ပေါ့ဂ်ဘာရဲ့ ခြေစွမ်းမတည်ငြိမ်မှုဟာ ဗန်ဒဘိခ်အတွက် အမိအရ ဆုပ်ယူသွားရမယ့် အခွင့်အရေးတခု ဖြစ်လာဖွယ် ရှိနေပြီး ခရစ္စမတ်ပွဲကျပ်ကာလတွေ တန်းစီလာမယ့် ကာလမှာ သူ့ရဲ့ ကွင်းလယ်ပိုင်း စွယ်စုံရ ကစားပေးနိုင်တဲ့ အရည်အသွေးဟာ မှတ်ကျောက်တင်ခံလာရဖွယ် ရှိနေသလို ပရိသတ်တွေအနေနဲ့ အကျပ်အတည်းကြားထဲက ထုတ်လွှတ်လာမယ့် ဗန်ဒဘိခ်ရဲ့ အလင်းရောင်ကို လာမယ့် ဝက်စ်ဘရွမ်းနဲ့ပွဲမှာ စိတ်တိုင်းကျ မြင်တွေ့ရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူနိုက္တက္ရဲ႕ ခရီးစဥ္မွာ ကိုယ္စြမ္းကိုယ္စကို ျပသၿပီး အခ်ိန္ကိုက္ဗုံးခြဲဖို႔ ျပင္ဆင္ေစာင့္ဆိုင္းေနသူက နယ္သာလန္သား ဗန္ဒဘိခ္ပါ။ ဒီရာသီ ပရီးမီးယားလိဂ္ စတင္ခ်ိန္ကတည္းက ပထမအသင္း ပြဲထြက္ခြင့္ မရရွိေသးတဲ့ ဗန္ဒဘိခ္ရဲ႕အလင္းေရာင္ကို ယူနိုက္တက္နည္းျပ ဆိုးလ္ရွားဟာ လာမယ့္ ဝက္စ္ဘ႐ြမ္းနဲ႕ပြဲမွာ ထုတ္လႊတ္လာဖြယ္ရွိေနၿပီး နယ္သာလန္အသင္းမွာ ေျခစြမ္းျပသကစားခဲ့ပုံက ဆိုးလ္ရွား အႀကိဳက္ေတြ႕စရာ ျဖစ္ခဲ့တာ အေသအခ်ာပဲ ျဖစ္ပါတယ္။

အိုင္းယက္စ္အသင္းကေန ေပါင္ ၃၉ သန္းနဲ႕ ေျပာင္းေ႐ႊ႕လာၿပီး အိုးထရက္ဖို႔ဒ္ေျမကို ​ေျခခ်ခဲ့တဲ့ ဗန္ဒဘိခ္ဟာ ပရီးမီယားလိဂ္မွာ ကစားခ်ိန္ ၇၄ မိနစ္သာ ရရွိထားေသးၿပီး အရန္ခုံကေန တဆင့္တက္လို႔ ပုံမွန္ပြဲထြက္ခြင့္ရရွိဖို႔ စိတ္ရွည္လက္ရွည္နဲ႕ ေစာင့္ဆိုင္းေနတာျဖစ္ၿပီး ေပါက္ကြဲထြက္ျပဖို႔ အခ်ိန္အနည္းသာ လိုအပ္ေနတာ ျဖစ္ပါတယ္။

ေဝဖန္မႈေတြအရ အရန္ခုံမွာ ထိုင္ေနမယ့္ ကစားသမားတေယာက္ကို ေပါင္သန္း ၄၀ နီးပါး ေပးဖို႔ လိုအပ္ရဲ႕လားဆိုတဲ့ ေဆြးႏြေးမႈေတြ ရွိေနေပမယ့္ နည္းျပ ဆိုးလ္ရွားအေနနဲ႕ ဘ႐ူနို ဖာနန္ဒက္စ္၊ ကာဗာနီ၊ ဗန္ဒဘိခ္၊ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္၊ ဂရင္းဝုဒ္ တို႔ရဲ႕ အတြဲအဖက္နဲ႕ အလ်င္ျမန္ဆုံး၊ အဖ်တ္လတ္ဆုံး တန္ျပန္တိုက္စစ္ပုံစံကို အသင္းရဲ႕ အားသာခ်က္တခုအျဖစ္ ျပင္ဆင္ဖို႔ ႀကိဳးစားေနတာကိုလည္း ပရိသတ္ေတြအေနနဲ႕ ေတြ႕ထားရတာပါ။

ႀကံ့ခိုင္မႈ အသားေပးတတ္တဲ့ ပရီးမီယားလိဂ္ရဲ႕ ကစားဟန္အရ တျခားလိဂ္က ေရာက္ရွိလာတဲ့ ကစားသမားေတြ ႐ုန္းကန္ရတတ္တဲ့ ထုံးစံရွိေပမယ့္ လာမယ့္ မတ္လအကုန္အထိ နိုင္ငံတကာပြဲစဥ္ေတြ မရွိေတာ့တဲ့ေနာက္မွာေတာ့ ယူနိုက္တက္ဟာ ဗန္ဒဘိခ္ကို ရဲရဲပြဲထုတ္လာဖြယ္ ရွိေနၿပီး သူထုတ္လႊတ္လာမယ့္ အလင္းေရာင္ေတြကို ပြဲစဥ္နဲ႕အမွ် မ်က္ဝါးထင္ထင္ ခံစားလာရဖို႔ ရွိေနပါတယ္။

ေပါ့ဂ္ဘာရဲ႕ ေျခစြမ္းမတည္ၿငိမ္မႈဟာ ဗန္ဒဘိခ္အတြက္ အမိအရ ဆုပ္ယူသြားရမယ့္ အခြင့္အေရးတခု ျဖစ္လာဖြယ္ ရွိေနၿပီး ခရစၥမတ္ပြဲက်ပ္ကာလေတြ တန္းစီလာမယ့္ ကာလမွာ သူ႕ရဲ႕ ကြင္းလယ္ပိုင္း စြယ္စုံရ ကစားေပးနိုင္တဲ့ အရည္အေသြးဟာ မွတ္ေက်ာက္တင္ခံလာရဖြယ္ ရွိေနသလို ပရိသတ္ေတြအေနနဲ႕ အက်ပ္အတည္းၾကားထဲက ထုတ္လႊတ္လာမယ့္ ဗန္ဒဘိခ္ရဲ႕ အလင္းေရာင္ကို လာမယ့္ ဝက္စ္ဘ႐ြမ္းနဲ႕ပြဲမွာ စိတ္တိုင္းက် ျမင္ေတြ႕ရဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.