Premier League Transfer News

20 Nov နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– အသင်းရဲ့ ဂန္ထဝင်ကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒေးဗစ် ဆေးလ်ဗားရဲ့ နေရာကို တကယ်တမ်း အစားထိုးနိုင်မယ့် ကစားသမားဟာ ဂျက်ခ် ဂရီးလစ်ရှ်သာဖြစ်ပြီး အသင်းမှာ ကစားပေးတာကို တွေ့မြင်ချင်နေတယ်လို့ မန်ချက်စတာစီးတီး ပရိသတ်တွေ ဆိုနေကြ။

– ပြီးခဲ့တဲ့ ရာသီက ပေါင်သန်း ၈၀ ဈေးခေါ်ထားခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို လိုချင်ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ပေးရမှာဖြစ်ပြီး ဒီရာသီမှာ ပိုမိုခြေစွမ်းထက်နေခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ပူပူနွေးနွေးအတွက် ပေါင်သန်း ၁၀၀ ကျော် ဗီလာတောင်းဆိုထား။

– ၂၀၂၃ နွေရာသီအထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီးတဲ့နောက် လီယွန်နယ် မက်ဆီကို မဖြစ်မနေ အရခေါ်ယူဖို့ တောင်းဆိုတာမျိုး လုပ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို နည်းပြ ပက်ပ် ဂွါဒီယိုလာ ပယ်ချသွားခဲ့။

– ဒီတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတွေအဖြစ် ဖယ်ရန် တောရက်စ်နဲ့ ဖီးလ် ဖိုဒန်တို့ ရွေးချယ်ခံခဲ့ရပြီး ၆ မိနစ်သာ ကစားခဲ့ရတဲ့ နောက်ခံလူ နာသန် အာကေတော့ စိတ်ပျက်စရာအခြေအနေကို ကြုံတွေ့ခဲ့ရသလို ဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရဖွယ်ရှိ။

– ဂွါဒီယိုလာအနေနဲ့ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ရဲ့ အောင်မြင်မှု မရရှိခဲ့တဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်မှတ်တမ်းကို ပြောင်းလဲနိုင်ဖို့အတွက်လို့ ယူဆနေကြပြီး အသင်းဥက္ကဌ ခယ်လ်ဒွန်း အယ်လ်မူဘာရက်ကတော့ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းကို ဒုတိယအကြိမ် ထပ်မံတည်ဆောက်သွားမယ်လို့ဆို။

– လာမယ့်စနေနေ့ည တော့တင်ဟမ်ဟော့စပါးစ်နဲ့ပွဲမှာ အင်္ဂလန်နဲ့ ဒဏ်ရာရရှိထားခဲ့တဲ့ ရာဟင်းမ် စတာလင်ထက် နိုင်ငံပွဲတွေမှာ ခြေစွမ်း ပြသခဲ့ကြတဲ့ ရီယက် မာရက်ဇ်နဲ့ ဖယ်ရန် တောရက်စ်တို့ကို ပွဲထွက်စေလိမ့်မယ်လို့ စောင့်ကြည့်လေ့လာသူတွေ ခန့်မှန်းခဲ့ကြ။

– အသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ထပ်မံတိုးမြှင့်ခဲ့တဲ့ ဂွါဒီယိုလာက သူ့မှာ စီးတီးနဲ့ မပြီးဆုံးသေးတဲ့ အလုပ်တွေ ရှိလို့ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ကွင်းလယ်လူ ဖီးလ် ဖိုဒန် ပိုမိုတိုးတက်လာဖို့ အခွင့်အရေးရလိမ့်မယ်လို့ ဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ ဂႏၴဝင္ကြင္းလယ္လူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ေနရာကို တကယ္တမ္း အစားထိုးႏိုင္မယ့္ ကစားသမားဟာ ဂ်က္ခ္ ဂရီးလစ္ရွ္သာျဖစ္ၿပီး အသင္းမွာ ကစားေပးတာကို ေတြ႕ျမင္ခ်င္ေနတယ္လို႔ မန္ခ်က္စတာစီးတီး ပရိသတ္ေတြ ဆိုေနၾက။

– ၿပီးခဲ့တဲ့ ရာသီက ေပါင္သန္း ၈၀ ေဈးေခၚထားခဲ့တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ကို လိုခ်င္ရင္ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေပးရမွာျဖစ္ၿပီး ဒီရာသီမွာ ပိုမိုေျခစြမ္းထက္ေနခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ ပူပူေႏြးေႏြးအတြက္ ေပါင္သန္း ၁၀၀ ေက်ာ္ ဗီလာေတာင္းဆိုထား။

– ၂၀၂၃ ေႏြရာသီအထိ အသင္းမွာ ဆက္ရွိေနေစမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီးတဲ့ေနာက္ လီယြန္နယ္ မက္ဆီကို မျဖစ္မေန အရေခၚယူဖို႔ ေတာင္းဆိုတာမ်ိဳး လုပ္လိမ့္မယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြကို နည္းျပ ပက္ပ္ ဂြါဒီယိုလာ ပယ္ခ်သြားခဲ့။

– ဒီတစ္ပတ္ ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေျခစြမ္းအျပႏိုင္ဆုံး ကစားသမားေတြအျဖစ္ ဖယ္ရန္ ေတာရက္စ္နဲ႔ ဖီးလ္ ဖိုဒန္တို႔ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ၆ မိနစ္သာ ကစားခဲ့ရတဲ့ ေနာက္ခံလူ နာသန္ အာေကေတာ့ စိတ္ပ်က္စရာအေျခအေနကို ႀကဳံေတြ႕ခဲ့ရသလို ဒဏ္ရာေၾကာင့္ ႏွစ္ပတ္ခန႔္ အနားယူရဖြယ္ရွိ။

– ဂြါဒီယိုလာအေနနဲ႔ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာဟာ သူ႔ရဲ႕ ေအာင္ျမင္မႈ မရရွိခဲ့တဲ့ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္မွတ္တမ္းကို ေျပာင္းလဲႏိုင္ဖို႔အတြက္လို႔ ယူဆေနၾကၿပီး အသင္းဥကၠဌ ခယ္လ္ဒြန္း အယ္လ္မူဘာရက္ကေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ အသင္းတစ္သင္းကို ဒုတိယအႀကိမ္ ထပ္မံတည္ေဆာက္သြားမယ္လို႔ဆို။

– လာမယ့္စေနေန႔ည ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ပြဲမွာ အဂၤလန္နဲ႔ ဒဏ္ရာရရွိထားခဲ့တဲ့ ရာဟင္းမ္ စတာလင္ထက္ ႏိုင္ငံပြဲေတြမွာ ေျခစြမ္း ျပသခဲ့ၾကတဲ့ ရီယက္ မာရက္ဇ္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို ပြဲထြက္ေစလိမ့္မယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြ ခန႔္မွန္းခဲ့ၾက။

– အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ႏွစ္ႏွစ္ထပ္မံတိုးျမႇင့္ခဲ့တဲ့ ဂြါဒီယိုလာက သူ႔မွာ စီးတီးနဲ႔ မၿပီးဆုံးေသးတဲ့ အလုပ္ေတြ ရွိလို႔ျဖစ္ေၾကာင္း ဖြင့္ဟသြားခဲ့ၿပီး ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ ပိုမိုတိုးတက္လာဖို႔ အခြင့္အေရးရလိမ့္မယ္လို႔ ဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.