Premier League

အသင်းကြီးနည်းပြ ၆ ဦးအတွက် အကောင်ကြီးကြီးနဲ့ ပြဿနာကြီးကြီးကစားသမား ၆ ဦး

ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးနည်းပြတွေအတွက်တော့ အသင်းတိုင်းမှာ နာမည်ကြီးကစားသမား အနည်းဆုံးတစ်ဦးရဲ့ ခြေစွမ်းမပြနိုင်ဘဲ အသင်းအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှုတွေကို ကြုံတွေ့နေရပြီး ပေးထားရတဲ့ဈေး၊ ချီးကျူးခံဖူးတဲ့ နာမည်တွေနဲ့ မမျှအောင်လည်းဖြစ်နေခဲ့ကြသူ ၆ ဦးကို ဖော်ပြလိုက်ပါတယ်။

အက္ခရာစဉ်အတိုင်း ဖော်ပြရရင်တော့ အာဆင်နယ်အသင်းကနေ စတင်ဆိုရမှာဖြစ်ပြီး သူတို့ရဲ့ ပြဿနာကတော့ နီကိုလာ ပေပေပဲဖြစ်ပါတယ်။ ပြင်သစ်လီဂူးဝမ်းကလပ် လိုင်လီမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ဈေးကြီးကြီးပေးပြီး ခေါ်ယူခဲ့တဲ့ ပေါင် ၇၂ သန်းတန် အိုင်ဗရီကို့စ် တောင်ပံကစားသမားဟာ အာဆင်နယ်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ ခက်ခဲနေဆဲလည်းဖြစ်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာရဲ့ ၃-၄-၃ ကစားကွက်မှာ ပုံမှန်နေရာ ရယူထားနိုင်ခြင်းမျိုး မရှိတော့တဲ့ ပေပေဟာ ဖလားပွဲတွေမှာပဲ ခြေစွမ်းပြနိုင်ပြီး ပရီးမီးယားလိဂ် ပြိုင်ဘက်နောက်တန်းတွေကို ဖွင့်ထုတ်နိုင်ခြင်းမရှိတဲ့ ကစားဟန်က သူ့ကို တဖြည်းဖြည်းနောက်ကို ရောက်စေခဲ့တာပါ။ အာတီတာအတွက် သူ့ကို ရွေးချယ်ရခက်စေသလို ပေပေကတော့ Super Sub ဘဝနဲ့ မကျေနပ်ဘူးဆိုတာကြောင့် သူကိုယ်တိုင်ရဲ့ ကြိုးစားမှုကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ထပ်အလှည့်ကျသူကတော့ ချဲလ်ဆီးရဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းဖြစ်ပါတယ်။ အသင်းကနေ ကစားခွင့်အတွက် ထွက်ခွာတော့ဖို့ လုပ်ခဲ့တဲ့ လှည့်စားမှုတွေ ပိုင်ရှင်ကစားသမားဟာ လူငယ်အသင်းကနေ အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ချိတ်ဆက်ခဲ့သလို အသင်းက တစ်ပတ်ကို ပေါင်နှစ်သိန်းနီးပါး ပေးချေထားရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားသစ်တွေ အားဖြည့်ခဲ့မှုနဲ့အတူ အသင်းရဲ့ ချိန်ခွင်လျှာကို မှားယွင်းစေပြီး အပေါ်ကြီး အောက်ရှူး ကာယဗလသမား တစ်ယောက်လို ဖြစ်လာခဲ့တဲ့ ချဲလ်ဆီးရဲ့ ပုံစံမှာ သူ့ရဲ့ ခြေစွမ်းပြမှုက နည်းပြ လမ်းပတ်ကို ခေါင်းကိုက်စေပါတယ်။ ဒါက အာတီတာကြုံတွေ့နေရသလို ဆိုးရွားတဲ့ ပြဿနာ မဟုတ်ပေမယ့် သူ့ကို မယုံစားဘဲ ခေါ်ယူထားခဲ့တဲ့ ဇီးယက်ရှ်၊ ပူလီရှစ်ချ်၊ ဟာဗတ်ဇ်၊ ဗာနာတို့နဲ့ တခြားငယ်မွေးခြံပေါက် မေဆန်မောင့်တို့နဲ့ အလှည့်ကျရွေးချယ်မှုတွေကတော့ အသင်းခြေစွမ်းတည်ငြိမ်မှုကို အနည်းနဲ့ အများ ထိခိုက်စေမှာပါ။

နောက်တစ်ဦးကတော့ လီဗာပူးလ်ရဲ့ ရောဘတ်တို ဖာမီနိုပါပဲ။ ၂၀၁၈-၁၉ ရာသီနောက်ပိုင်း နည်းပါးလာခဲ့တဲ့ ဂိုးသွင်းနှုန်းက ပရိသတ်တွေကို စိတ်ပျက်စေပြီး သူကိုယ်တိုင်လည်း အသင်းဖော်တိုက်စစ်မှူးနှစ်ယောက်အတွက် အနစ်နာခံခဲ့ရမှုတွေမှာ တဖြည်းဖြည်း မပျော်မရွှင်ဖြစ်လာပုံကို မြင်တွေ့နေရပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးသစ် ဒီယိုဂို ဂျိုတာကို ခေါ်ယူခဲ့ချိန်မှာ နှိုင်းယှဉ်မှုတွေ ရှိလာခဲ့တာပါပဲ။

ဖာမီနိုရဲ့ အရေးပါမှုကို နားလည်တဲ့ အသင်းဖော် ဆာလားနဲ့ နည်းပြ ယာဂန် ကလော့ပ်ကတော့ သူ့ကို ထောက်ခံမှု ပြသခဲ့ကြပြီး ဂိုးတွေ ပိုရလာစေမယ့် ၄-၂-၄ ကစားကွက်ကိုလည်း ပြောင်းကစားဖို့ စီစဉ်နေခဲ့ပါတယ်။ ဒါပေမယ့် အသင်းနောက်ခံလူဟောင်း ဂျေမီ ကာရေဂါလို လူကတောင် မာနေး-ဂျိုတာ-ဆာလားအတွဲကိုပဲ ရွေးချယ်မယ်လို့ ဆိုခဲ့တာက ဘော်ဘီ ဖာမီနိုအတွက် မမျှတလွန်းဘူးလို့ ဆိုရမှာဖြစ်ပြီး အသင်းဖော်တွေရဲ့ ဖေးမမှုနဲ့ သူကိုယ်တိုင်ရဲ့ ဂိုးလာဘ်ကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးမှာတော့ ဒီပြဿနာမျိုး ရင်ဆိုင်နေရသူက ရီယက် မာရက်ဇ်ပါပဲ။ အသက် ၂၉ နှစ်ဆိုတာ တောင်ပံကစားသမားတစ်ဦး အတွက် အချိန်သိပ်ကျန်တော့တယ်လို့ မဆိုနိုင်တော့ချိန်မှာ ဒီရာသီမှာ သူ့ရဲ့ တွဲဖက်ကစားသမားတွေ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရချိန်မှာ ညာခြမ်းက အယ်လ်ဂျီးရီးယားသားရဲ့ ထိရောက်မှု ကျဆင်းသွားတာကလည်း ဂွါဒီယိုလာအတွက် ပြဿနာတစ်ခုဖြစ်လာပါတယ်။

နေရာပေးဖို့ ခြေစွမ်းတွေနဲ့ တောင်းဆိုလာတဲ့ ဖယ်ရန် တောရက်စ်၊ လူငယ်ကစားသမား ဖိုဒန်၊ အင်္ဂလန်သားဖြစ်လို့ သူများထက် နည်းနည်းပို စဉ်းစားပေးရမယ့် စတာလင်နဲ့ မာရက်ဇ်နဲ့ သိပ်မကွာတဲ့ အနေအထားမှာ ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗားတို့က ဂွါဒီယိုလာရဲ့ လူထုတ်ပုံကို ခက်ခဲစေမှာပါ။ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကို ကိုဗစ်ကူးစက်ခံရမှုနောက်ပိုင်း ဆက်ထိန်းမထားနိုင်တဲ့ မာရက်ဇ်အနေနဲ့ ကိုယ်တိုင်ပဲ အရေးပါကြောင်းပြသရဦးမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ဆင်ကြီးကတော့ အားလုံးသိကြတဲ့အတိုင်း ကွင်းလယ်လူ ပေါလ် ပေါ့ဘာပါ။ အသင်းကို ဂျူဗင်တပ်စ်ကနေ ပြန်လာပြီး ငါးရာသီမြောက်မှာ ပေါ့ဘာရဲ့ အရေးပါမှုက ပိုမိုကျဆင်းလာပါတယ်။ နောက်တန်းတွေကို အားမကိုးရလို့ ခံစစ်သန်ကွင်းလယ်လူတစ်ဦး ပိုထည့်လိုက်ရတဲ့ ယူနိုက်တက်လူထုတ်ပုံမှာ အနစ်နာခံရမယ့်သူကို ကြည့်လိုက်တော့ သူ့ထက် ပိုငယ်တဲ့ ဗန်ဒဘိခ်တောင် ဒုက္ခရောက်ခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးတွေကို ပေါ့ဘာ မယှဉ်နိုင်ခဲ့ဘူးလို့လည်း ဆိုရမှာပါ။

ဒီလိုနဲ့ ပေါ့ဘာကို ကာကွယ်သူတွေ၊ လက်ရွေးစင်နည်းပြနဲ့ အသင်းဖော်တွေရဲ့ ဝေဖန်မှုတွေကလည်း မြင့်တက်လာချိန်မှာ သူ့ကို မသုံးချင်လို့ မဟုတ်ဘဲ ခံစစ်ပြဿနာကြောင့် မသုံးနိုင်ခဲ့တဲ့ ဆိုးလ်ရှားအတွက်တော့ ဖိအားတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပြီး ဇန်နဝါရီမှာ မက်ဂွိုင်းယားနဲ့အတူ မာကျောတဲ့ နောက်တန်းကို ဖော်ဆောင်ပေးနိုင်မယ့် ကစားသမားကို ခေါ်ယူပေးနိုင်မယ်ဆိုရင်တော့ ပြင်သစ်ကွင်းလယ်လူအတွက် အဖြေကောင်းတစ်ခု ဖြစ်လာနိုင်မယ်လို့ ယူဆရပါတယ်။

စာရင်းထဲက နောက်ဆုံးလူကတော တော့တင်ဟမ် ဟော့စပါးစ်ရဲ့ ဒီလီ အယ်လီပါပဲ။ တစ်ချိန်တုန်းက စပါးစ်အသင်းရဲ့ ဒုတိယ အကောင်းဆုံး တိုက်စစ်မှူးလို့တောင် ဟာရီကိန်းနောက်က ချီးကျူးခံခဲ့ရတဲ့ ကွင်းလယ်လူဟာ လက်ရှိမှာတော့ နည်းပြအပြောင်းလဲနောက်ပိုင်း ဂျိုဆေး မော်ရင်ညိုရဲ့ သောက်ပျင်းလို့ ပြောတာကိုပါ ခံထားရတာဖြစ်ပါတယ်။ ထရိန်နင်တွေမှာ ပျင်းရိတယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ သူ့ကို ပိုင်ဆိုင်ထားရတာကို ပေါ်တူဂီနည်းပြကတော့ ပျော်ရွှင်ပုံ မရတာပါ။

ပိုပြီး ကံဆိုးချင်တော့လည်း အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းမတည်ငြိမ်ခဲ့သူတွေဖြစ်ကြတဲ့ အန်ဒွမ်ဘီလီနဲ့ လိုဆဲလ်ဆိုတို့လို ကစားသမားတွေက တစ်ချိန်တည်းမှာ ခြေစွမ်းပြခဲ့ကြသလို ဆစ်ဆိုကို၊ ဘာ့ဂ်ဗိန်း၊ လူးကပ်စ် မော်ရာ၊ လာမယ်လာတို့လို ကစားသမားတွေကလည်း ခြေစွမ်း မညံ့တဲ့ ဒီရာသီမှာ ယူရိုပါလိဂ်သွင်းဂိုးတစ်ဂိုးတည်းနဲ့ အယ်လီကတော့ အသင်းက ထွက်ခွာဖို့တောင် များနေခဲ့တာဖြစ်ပါတယ်။

ဒီကစားသမားတွေရဲ့ အနာဂတ်က ပြောင်းလဲလာဦးမလားဆိုတာကို စောင့်ကြည့်ရဖို့က သူတို့ကိုယ်တိုင်ရဲ့ ဉာဏ်နဲ့ ဝီရိယတွေက လိုအပ်နေသလို အသင်းဘက်က သူတို့ကို အားပေးနိုင်စွမ်းနဲ့ အသင်းဖော်တွေရဲ့ ကူညီထောက်ပံ့နိုင်စွမ်းတို့ကိုလည်း ထည့်သွင်းတွက်ချက်ရဦးမှာဖြစ်လို့ ဘောလုံးကို ချစ်မြတ်နိုးသူတိုင်းကတော့ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းနေကြမှာကိုတော့ ယုံကြည်မိပါတယ်လေ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးနည္းျပေတြအတြက္ေတာ့ အသင္းတိုင္းမွာ နာမည္ႀကီးကစားသမား အနည္းဆုံးတစ္ဦးရဲ႕ ေျခစြမ္းမျပႏိုင္ဘဲ အသင္းအေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေနမႈေတြကို ႀကဳံေတြ႕ေနရၿပီး ေပးထားရတဲ့ေဈး၊ ခ်ီးက်ဴးခံဖူးတဲ့ နာမည္ေတြနဲ႔ မမွ်ေအာင္လည္းျဖစ္ေနခဲ့ၾကသူ ၆ ဦးကို ေဖာ္ျပလိုက္ပါတယ္။

အကၡရာစဥ္အတိုင္း ေဖာ္ျပရရင္ေတာ့ အာဆင္နယ္အသင္းကေန စတင္ဆိုရမွာျဖစ္ၿပီး သူတို႔ရဲ႕ ျပႆနာကေတာ့ နီကိုလာ ေပေပပဲျဖစ္ပါတယ္။ ျပင္သစ္လီဂူးဝမ္းကလပ္ လိုင္လီမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔ ေဈးႀကီးႀကီးေပးၿပီး ေခၚယူခဲ့တဲ့ ေပါင္ ၇၂ သန္းတန္ အိုင္ဗရီကို႔စ္ ေတာင္ပံကစားသမားဟာ အာဆင္နယ္မွာေတာ့ ေျခစြမ္းျပႏိုင္ခဲ့ ခက္ခဲေနဆဲလည္းျဖစ္ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာရဲ႕ ၃-၄-၃ ကစားကြက္မွာ ပုံမွန္ေနရာ ရယူထားႏိုင္ျခင္းမ်ိဳး မရွိေတာ့တဲ့ ေပေပဟာ ဖလားပြဲေတြမွာပဲ ေျခစြမ္းျပႏိုင္ၿပီး ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေနာက္တန္းေတြကို ဖြင့္ထုတ္ႏိုင္ျခင္းမရွိတဲ့ ကစားဟန္က သူ႔ကို တျဖည္းျဖည္းေနာက္ကို ေရာက္ေစခဲ့တာပါ။ အာတီတာအတြက္ သူ႔ကို ေ႐ြးခ်ယ္ရခက္ေစသလို ေပေပကေတာ့ Super Sub ဘဝနဲ႔ မေက်နပ္ဘူးဆိုတာေၾကာင့္ သူကိုယ္တိုင္ရဲ႕ ႀကိဳးစားမႈကိုပဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေနာက္ထပ္အလွည့္က်သူကေတာ့ ခ်ဲလ္ဆီးရဲ႕ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းျဖစ္ပါတယ္။ အသင္းကေန ကစားခြင့္အတြက္ ထြက္ခြာေတာ့ဖို႔ လုပ္ခဲ့တဲ့ လွည့္စားမႈေတြ ပိုင္ရွင္ကစားသမားဟာ လူငယ္အသင္းကေန အခ်ိန္တိုအတြင္း ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်ိတ္ဆက္ခဲ့သလို အသင္းက တစ္ပတ္ကို ေပါင္ႏွစ္သိန္းနီးပါး ေပးေခ်ထားရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ကစားသမားသစ္ေတြ အားျဖည့္ခဲ့မႈနဲ႔အတူ အသင္းရဲ႕ ခ်ိန္ခြင္လွ်ာကို မွားယြင္းေစၿပီး အေပၚႀကီး ေအာက္ရႉး ကာယဗလသမား တစ္ေယာက္လို ျဖစ္လာခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ပုံစံမွာ သူ႔ရဲ႕ ေျခစြမ္းျပမႈက နည္းျပ လမ္းပတ္ကို ေခါင္းကိုက္ေစပါတယ္။ ဒါက အာတီတာႀကဳံေတြ႕ေနရသလို ဆိုး႐ြားတဲ့ ျပႆနာ မဟုတ္ေပမယ့္ သူ႔ကို မယုံစားဘဲ ေခၚယူထားခဲ့တဲ့ ဇီးယက္ရွ္၊ ပူလီရွစ္ခ်္၊ ဟာဗတ္ဇ္၊ ဗာနာတို႔နဲ႔ တျခားငယ္ေမြးၿခံေပါက္ ေမဆန္ေမာင့္တို႔နဲ႔ အလွည့္က်ေ႐ြးခ်ယ္မႈေတြကေတာ့ အသင္းေျခစြမ္းတည္ၿငိမ္မႈကို အနည္းနဲ႔ အမ်ား ထိခိုက္ေစမွာပါ။

ေနာက္တစ္ဦးကေတာ့ လီဗာပူးလ္ရဲ႕ ေရာဘတ္တို ဖာမီႏိုပါပဲ။ ၂၀၁၈-၁၉ ရာသီေနာက္ပိုင္း နည္းပါးလာခဲ့တဲ့ ဂိုးသြင္းႏႈန္းက ပရိသတ္ေတြကို စိတ္ပ်က္ေစၿပီး သူကိုယ္တိုင္လည္း အသင္းေဖာ္တိုက္စစ္မႉးႏွစ္ေယာက္အတြက္ အနစ္နာခံခဲ့ရမႈေတြမွာ တျဖည္းျဖည္း မေပ်ာ္မ႐ႊင္ျဖစ္လာပုံကို ျမင္ေတြ႕ေနရပါတယ္။ အထူးသျဖင့္ တိုက္စစ္မႉးသစ္ ဒီယိုဂို ဂ်ိဳတာကို ေခၚယူခဲ့ခ်ိန္မွာ ႏႈိင္းယွဥ္မႈေတြ ရွိလာခဲ့တာပါပဲ။

ဖာမီႏိုရဲ႕ အေရးပါမႈကို နားလည္တဲ့ အသင္းေဖာ္ ဆာလားနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ သူ႔ကို ေထာက္ခံမႈ ျပသခဲ့ၾကၿပီး ဂိုးေတြ ပိုရလာေစမယ့္ ၄-၂-၄ ကစားကြက္ကိုလည္း ေျပာင္းကစားဖို႔ စီစဥ္ေနခဲ့ပါတယ္။ ဒါေပမယ့္ အသင္းေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါလို လူကေတာင္ မာေနး-ဂ်ိဳတာ-ဆာလားအတြဲကိုပဲ ေ႐ြးခ်ယ္မယ္လို႔ ဆိုခဲ့တာက ေဘာ္ဘီ ဖာမီႏိုအတြက္ မမွ်တလြန္းဘူးလို႔ ဆိုရမွာျဖစ္ၿပီး အသင္းေဖာ္ေတြရဲ႕ ေဖးမမႈနဲ႔ သူကိုယ္တိုင္ရဲ႕ ဂိုးလာဘ္ကိုပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးမွာေတာ့ ဒီျပႆနာမ်ိဳး ရင္ဆိုင္ေနရသူက ရီယက္ မာရက္ဇ္ပါပဲ။ အသက္ ၂၉ ႏွစ္ဆိုတာ ေတာင္ပံကစားသမားတစ္ဦး အတြက္ အခ်ိန္သိပ္က်န္ေတာ့တယ္လို႔ မဆိုႏိုင္ေတာ့ခ်ိန္မွာ ဒီရာသီမွာ သူ႔ရဲ႕ တြဲဖက္ကစားသမားေတြ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနခဲ့ရခ်ိန္မွာ ညာျခမ္းက အယ္လ္ဂ်ီးရီးယားသားရဲ႕ ထိေရာက္မႈ က်ဆင္းသြားတာကလည္း ဂြါဒီယိုလာအတြက္ ျပႆနာတစ္ခုျဖစ္လာပါတယ္။

ေနရာေပးဖို႔ ေျခစြမ္းေတြနဲ႔ ေတာင္းဆိုလာတဲ့ ဖယ္ရန္ ေတာရက္စ္၊ လူငယ္ကစားသမား ဖိုဒန္၊ အဂၤလန္သားျဖစ္လို႔ သူမ်ားထက္ နည္းနည္းပို စဥ္းစားေပးရမယ့္ စတာလင္နဲ႔ မာရက္ဇ္နဲ႔ သိပ္မကြာတဲ့ အေနအထားမွာ ရွိေနတဲ့ ဘာနာဒို ေဆးလ္ဗားတို႔က ဂြါဒီယိုလာရဲ႕ လူထုတ္ပုံကို ခက္ခဲေစမွာပါ။ ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းကို ကိုဗစ္ကူးစက္ခံရမႈေနာက္ပိုင္း ဆက္ထိန္းမထားႏိုင္တဲ့ မာရက္ဇ္အေနနဲ႔ ကိုယ္တိုင္ပဲ အေရးပါေၾကာင္းျပသရဦးမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ ဆင္ႀကီးကေတာ့ အားလုံးသိၾကတဲ့အတိုင္း ကြင္းလယ္လူ ေပါလ္ ေပါ့ဘာပါ။ အသင္းကို ဂ်ဴဗင္တပ္စ္ကေန ျပန္လာၿပီး ငါးရာသီေျမာက္မွာ ေပါ့ဘာရဲ႕ အေရးပါမႈက ပိုမိုက်ဆင္းလာပါတယ္။ ေနာက္တန္းေတြကို အားမကိုးရလို႔ ခံစစ္သန္ကြင္းလယ္လူတစ္ဦး ပိုထည့္လိုက္ရတဲ့ ယူႏိုက္တက္လူထုတ္ပုံမွာ အနစ္နာခံရမယ့္သူကို ၾကည့္လိုက္ေတာ့ သူ႔ထက္ ပိုငယ္တဲ့ ဗန္ဒဘိခ္ေတာင္ ဒုကၡေရာက္ခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဂိုးေတြကို ေပါ့ဘာ မယွဥ္ႏိုင္ခဲ့ဘူးလို႔လည္း ဆိုရမွာပါ။

ဒီလိုနဲ႔ ေပါ့ဘာကို ကာကြယ္သူေတြ၊ လက္ေ႐ြးစင္နည္းျပနဲ႔ အသင္းေဖာ္ေတြရဲ႕ ေဝဖန္မႈေတြကလည္း ျမင့္တက္လာခ်ိန္မွာ သူ႔ကို မသုံးခ်င္လို႔ မဟုတ္ဘဲ ခံစစ္ျပႆနာေၾကာင့္ မသုံးႏိုင္ခဲ့တဲ့ ဆိုးလ္ရွားအတြက္ေတာ့ ဖိအားေတြနဲ႔ပါ ရင္ဆိုင္ခဲ့ရၿပီး ဇန္နဝါရီမွာ မက္ဂြိဳင္းယားနဲ႔အတူ မာေက်ာတဲ့ ေနာက္တန္းကို ေဖာ္ေဆာင္ေပးႏိုင္မယ့္ ကစားသမားကို ေခၚယူေပးႏိုင္မယ္ဆိုရင္ေတာ့ ျပင္သစ္ကြင္းလယ္လူအတြက္ အေျဖေကာင္းတစ္ခု ျဖစ္လာႏိုင္မယ္လို႔ ယူဆရပါတယ္။

စာရင္းထဲက ေနာက္ဆုံးလူကေတာ ေတာ့တင္ဟမ္ ေဟာ့စပါးစ္ရဲ႕ ဒီလီ အယ္လီပါပဲ။ တစ္ခ်ိန္တုန္းက စပါးစ္အသင္းရဲ႕ ဒုတိယ အေကာင္းဆုံး တိုက္စစ္မႉးလို႔ေတာင္ ဟာရီကိန္းေနာက္က ခ်ီးက်ဴးခံခဲ့ရတဲ့ ကြင္းလယ္လူဟာ လက္ရွိမွာေတာ့ နည္းျပအေျပာင္းလဲေနာက္ပိုင္း ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ေသာက္ပ်င္းလို႔ ေျပာတာကိုပါ ခံထားရတာျဖစ္ပါတယ္။ ထရိန္နင္ေတြမွာ ပ်င္းရိတယ္လို႔ သတ္မွတ္ျခင္းခံထားရတဲ့ သူ႔ကို ပိုင္ဆိုင္ထားရတာကို ေပၚတူဂီနည္းျပကေတာ့ ေပ်ာ္႐ႊင္ပုံ မရတာပါ။

ပိုၿပီး ကံဆိုးခ်င္ေတာ့လည္း အသင္းရဲ႕ ကြင္းလယ္မွာ ေျခစြမ္းမတည္ၿငိမ္ခဲ့သူေတြျဖစ္ၾကတဲ့ အန္ဒြမ္ဘီလီနဲ႔ လိုဆဲလ္ဆိုတို႔လို ကစားသမားေတြက တစ္ခ်ိန္တည္းမွာ ေျခစြမ္းျပခဲ့ၾကသလို ဆစ္ဆိုကို၊ ဘာ့ဂ္ဗိန္း၊ လူးကပ္စ္ ေမာ္ရာ၊ လာမယ္လာတို႔လို ကစားသမားေတြကလည္း ေျခစြမ္း မညံ့တဲ့ ဒီရာသီမွာ ယူ႐ိုပါလိဂ္သြင္းဂိုးတစ္ဂိုးတည္းနဲ႔ အယ္လီကေတာ့ အသင္းက ထြက္ခြာဖို႔ေတာင္ မ်ားေနခဲ့တာျဖစ္ပါတယ္။

ဒီကစားသမားေတြရဲ႕ အနာဂတ္က ေျပာင္းလဲလာဦးမလားဆုိတာကို ေစာင့္ၾကည့္ရဖို႔က သူတုိ႔ကိုယ္တုိင္ရဲ႕ ဉာဏ္နဲ႔ ဝီရိယေတြက လိုအပ္ေနသလို အသင္းဘက္က သူတုိ႔ကို အားေပးႏိုင္စြမ္းနဲ႔ အသင္းေဖာ္ေတြရဲ႕ ကူညီေထာက္ပံ့ႏိုင္စြမ္းတုိ႔ကိုလည္း ထည့္သြင္းတြက္ခ်က္ရဦးမွာျဖစ္လို႔ ေဘာလုံးကို ခ်စ္ျမတ္ႏိုးသူတုိင္းကေတာ့ အားလုံး အဆင္ေျပၾကပါေစလုိ႔ ဆုေတာင္းေနၾကမွာကိုေတာ့ ယုံၾကည္မိပါတယ္ေလ။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.