Premier League

အင်္ဂလန်အသင်းဆီ အကျိုးပြုမှုများစွာကို သယ်ဆောင်လာခဲ့တဲ့ ဆာကာကို အံ့သြချီးကျူးခဲ့တဲ့ ဆောက်သ်ဂိတ်

အာဆင်နယ်အသင်းနဲ့အတူ ပရော်ဖယ်ရှင်နယ်အဆင့်မှာ ထိပ်တန်းခြေစွမ်းကို မှန်မှန်ကန်ကန်နဲ့ တည်တည်ငြိမ်ငြိမ် ပြသထားပြီး တောက်ပလာခဲ့တဲ့ ဘူကာယို ဆာကာဟာ အင်္ဂလန်လက်ရွေးစင်မှာလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုးနဲ့ အင်္ဂလန်နည်းပြ ဂါရက်သ် ဆောက်သ်ဂိတ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ချာတိတ်လေးဖြစ်တဲ့ အကယ်ဒမီထွက်ကစားသမား ဆာကာဟာ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းအတွက် ဂုဏ်ယူလောက်စရာ တက်လူခြေစွမ်းမျိုးနဲ့အတူ လူငယ်ကြယ်ပွင့်အဖြစ် တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ အလားအလာတွေကို မြင်တွေ့စေခဲ့တာပါ။

အိုက်စလန်နဲ့ ပွဲအပြီးမှာ နည်းပြ ဆောက်သ်ဂိတ်က ဆာကာရဲ့ အရည်အချင်းကို အထူးတလည် ချီးမွမ်းသွားခဲ့ပြီး ၁၉ နှစ်သား ဆယ်ကျော်သက်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရွယ်နဲ့မမျှတဲ့ ထိပ်တန်းအဆင့် ခြေရည်ခြေသွေးနဲ့ လက်ဖျားခါလောက်စရာ အာရုံစူးစိုက်မှုမျိုးနဲ့ ကစားခဲ့တာဟာ အင်္ဂလန်အသင်းရဲ့ အနာဂတ်မှာ ဖူးပွင့်လာဖို့ ယုံကြည်နေကြောင်း သူက မှတ်ချက်ပေးသွားခဲ့ပါသေးတယ်။

ဆာကာတို့လို မက်မောစရာကောင်းတဲ့ အရည်အသွေးမြင့် လူငယ်အင်အားစုကို ပိုင်ဆိုင်ထားတဲ့ ဆောက်သ်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အမြင့်ဆုံးအဆင့် အောင်မြင်မှုတွေအထိ ရရှိလာလိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပြီး များစွာသော ကစားသမားကောင်းတွေကို တပြိုင်နက်တည်း ပိုင်ဆိုင်ထားရတာဟာ လူရွေးချယ်မှုမှာ ခေါင်းခဲစေပေမယ့် ဒီအချက်ကို အလွန်ကျေနပ်မှုရှိကြောင်း သူက ပြောပြသွားခဲ့ပါသေးတယ်။

“ဘူကာယိုရဲ့ ခြေစွမ်းကို မြင်ရတာ တကယ့်ကို အားတက်စရာပါပဲ။ ပွဲစဉ်သုံးပွဲလုံးမှာ သူကစားသွားခဲ့တာ သိပ်ကိုပြောင်မြောက်ပါတယ်။ အထူးသဖြင့် ဒီအသက် ဒီအရွယ်နဲ့ ဒီလိုကစားပြနိုင်တာ အံ့အားသင့်စရာပါ။ တိုက်စစ်အားသန်တဲ့ သူ့လို ကစားသမားမျိုးကို ဘယ်နောက်ခံအစွန်လူနေရာမှာ ထားကစားစေတာဟာ အသင်းရဲ့ ဟန်ချက်အတွက် အရမ်းကို အကူအညီဖြစ်စေခဲ့တာပေါ့ဗျာ”လို့ အိုက်စလန်နဲ့ပွဲအပြီးမှာ ဆောက်သ်ဂိတ်က Sky Sports ကို ပြောပြသွားခဲ့ပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းနဲ႕အတူ ပေရာ္ဖယ္ရွင္နယ္အဆင့္မွာ ထိပ္တန္းေျခစြမ္းကို မွန္မွန္ကန္ကန္နဲ႕ တည္တည္ၿငိမ္ၿငိမ္ ျပသထားၿပီး ေတာက္ပလာခဲ့​တဲ့ ဘူကာယို ဆာကာဟာ အဂၤလန္လက္ေ႐ြးစင္မွာလည္း အထင္ႀကီးေလာက္စရာ စြမ္းေဆာင္ရည္မ်ိဳးနဲ႕ အဂၤလန္နည္းျပ ဂါရက္သ္ ေဆာက္သ္ဂိတ္ကို ဆြဲေဆာင္နိုင္ခဲ့ၿပီး သူ႕ရဲ႕ ခ်ီးက်ဴးဂုဏ္ျပဳမႈကို ရယူႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ခ်ာတိတ္ေလးျဖစ္တဲ့ အကယ္ဒမီထြက္ကစားသမား ဆာကာဟာ အိုင္ယာလန္၊ ဘယ္လ္ဂ်ီယံ၊ အိုက္စလန္အသင္းတို႔နဲ႕ ပြဲစဥ္ေတြမွာ အဂၤလန္အသင္းအတြက္ ဂုဏ္ယူေလာက္စရာ တက္လူ​ေျခစြမ္းမ်ိဳးနဲ႔အတူ လူငယ္ၾကယ္ပြင့္အျဖစ္ ေတာက္မယ့္မီးခဲ တရဲရဲျဖစ္ေနတဲ့ အလားအလာေတြကို ျမင္ေတြ႕ေစခဲ့တာပါ။

အိုက္စလန္နဲ႕ ပြဲအၿပီးမွာ နည္းျပ ေဆာက္သ္ဂိတ္​က ဆာကာရဲ႕ အရည္အခ်င္းကို အထူးတလည္ ခ်ီးမြမ္းသြားခဲ့ၿပီး ၁၉ ႏွစ္သား ဆယ္ေက်ာ္သက္ေလးဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ အ႐ြယ္နဲ႕မမွ်တဲ့ ထိပ္တန္းအဆင့္ ​ေျခရည္ေျခေသြးနဲ႕ လက္ဖ်ားခါေလာက္စရာ အာ႐ုံစူးစိုက္မႈမ်ိဳးနဲ႕ ကစားခဲ့တာဟာ အဂၤလန္အသင္းရဲ႕ အနာဂတ္မွာ ဖူးပြင့္လာဖို႔ ယုံၾကည္ေနေၾကာင္း သူက မွတ္ခ်က္ေပးသြားခဲ့ပါေသးတယ္။

ဆာကာတို႔လို မက္ေမာစရာေကာင္းတဲ့ အရည္အေသြးျမင့္ လူငယ္အင္အားစုကို ပိုင္ဆိုင္ထားတဲ့ ေဆာက္သ္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာ လာမယ့္ ႏွစ္အနည္းငယ္အတြင္းမွာ အျမင့္ဆုံးအဆင့္ ေအာင္ျမင္မႈေတြအထိ ရရွိလာလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ၿပီး မ်ားစြာေသာ ကစားသမားေကာင္းေတြကို တၿပိဳင္နက္တည္း ပိုင္ဆိုင္ထားရတာဟာ လူေ႐ြးခ်ယ္မႈမွာ ေခါင္းခဲေစေပမယ့္ ဒီအခ်က္ကို အလြန္ေက်နပ္မႈရွိေၾကာင္း သူက ​ေျပာျပသြားခဲ့ပါေသးတယ္။

“ဘူကာယိုရဲ႕ ေျခစြမ္းကို ျမင္ရတာ တကယ့္ကို အားတက္စရာပါပဲ။ ပြဲစဥ္သုံးပြဲလုံးမွာ သူကစားသြားခဲ့တာ သိပ္ကိုေျပာင္ေျမာက္ပါတယ္။ အထူးသျဖင့္ ဒီအသက္ ဒီအ႐ြယ္နဲ႕ ဒီလိုကစားျပနိုင္တာ အံ့အားသင့္စရာပါ။ တိုက္စစ္အားသန္တဲ့ သူ႕လို ကစားသမားမ်ိဳးကို ဘယ္ေနာက္ခံအစြန္လူေနရာမွာ ထားကစားေစတာဟာ အသင္းရဲ႕ ဟန္ခ်က္အတြက္ အရမ္းကို အကူအညီျဖစ္ေစခဲ့တာေပါ့ဗ်ာ”လို႔ အိုက္စလန္နဲ႕ပြဲအၿပီးမွာ ေဆာက္သ္ဂိတ္က Sky Sports ကို ေျပာျပသြားခဲ့ပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.