Premier League

၁၉.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဆာရီသာ ယူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေခဲ့ရင် ဂျော်ဂျင်ဟိုဟာ ယူဗင်တပ်စ်အသင်းကို ရောက်ရှိသွားနိုင်ခဲ့ကြောင်းနဲ့ လက်ရှိမှာလည်း ဆာရီ ဘယ်အသင်းကို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေပြီး အီတလီမြေသာ ဖြစ်ခဲ့ပါက ဂျော်ဂျင်ဟိုလည်း ပူးပေါင်းသွားဖွယ် ရှိနေကြောင်း ကစားသမားရဲ့ အေးဂျင့်ကဆို။

ဂိုးသမား ကီပါဟာ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲချိန်တန်ပြီလို့ ယူဆထားကြောင်း The Sun သတင်းက ဖော်ပြထားပြီး အသင်းကနေ ထွက်ခွာဖို့ လစာလျှော့ယူသွား ဖြစ်ကြောင်း သိရ။

လက်ရှိချယ်လ်ဆီးအသင်းရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမား ၃ယောက်အနေနဲ့ တီမို ဗာနာ၊ ပူလီရှစ်ချ်၊ နဲ့ သီယာဂို ဆေးလ်ဗားတို့ကို သတ်မှတ်ထားကြောင်း ဟက်ဆယ်ဘိန့်ခ် နဲ့ ပိုယက်တို့ ထုတ်ဖော်ခဲ့။

ဒေးဗစ် လူးဝစ်ဇ်က အသင်းဖော်ဟောင်း မေဆန် မောင့်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ဖြစ်လာမယ့် လူငယ်ကြယ်ပွင့်ဆိုတဲ့ သုံးသပ်ချက်ကို လီယွန်နယ် မက်ဆီကလည်း မှန်ကန်ကြောင်း ထောက်ခံသွားခဲ့။

ချယ်လ်ဆီးအသင်းမှာ နည်းပြလမ်းပတ်ရဲ့ လုပ်ဆောင်မှုတွေဟာ ကောင်းမွန်နေကြောင်း နည်းပြဟောင်း ကွန်တီက ချီးကျူးသွားခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်ကစားသမားတယောက်အနေနဲ့ ချန်ပီယံဖြစ်ဖို့ လမ်းကြောင်းကို ကောင်းကောင်းသိရှိထားကြောင်း ပြောကြားခဲ့။

လာမယ့် နယူးကာဆယ်နဲ့ပွဲကို ခိုင်ဟာဗတ်ဇ် နဲ့ ပူလီရှစ်ချ်တို့ သေချာပေါက် လွဲချော်သွားမှာဖြစ်ပြီး နိုင်ငံပွဲစဥ်ကအပြန် ခရီးပန်းလာမယ့် သီယာဂို ဆေးလ်ဗားလည်း လွဲချော်ဖွယ်ရှိနေကာ ဘီလီ ဂီးမိုးလ် အခွင့်အရေးရလာဖွယ်ရှိ။

၈ နှစ်သားကတည်းက ရင်းနှီးလာခဲဲ့တဲ့ ဒက်ကလန် ရိုက်စ် နဲ့ မေဆန် မောင့်တို့ဟာ အင်္ဂလန်အသင်းရဲ့ ဝင်ဘလေပွဲစဥ်မှာ အတူတကွ ပွဲထွက်ခဲ့ကြပြီး နှစ်ဦးစလုံး ဂိုးသွင်းနိုင်ခဲ့ကြကာ အတူတွဲကစာပြီး အတူဂိုးသွင်းရတာဟာ ပြောပြမတတ်အောင် ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာရီသာ ယူဗင္တပ္စ္အသင္းမွာ ဆက္ရွိေနခဲ့ရင္ ေဂ်ာ္ဂ်င္ဟိုဟာ ယူဗင္တပ္စ္အသင္းကို ေရာက္ရွိသြားနိုင္ခဲ့ေၾကာင္းနဲ႕ လက္ရွိမွာလည္း ဆာရီ ဘယ္အသင္းကို ကိုင္တြယ္မလဲဆိုတာ ေစာင့္ၾကည့္ေနၿပီး အီတလီေျမသာ ျဖစ္ခဲ့ပါက ေဂ်ာ္ဂ်င္ဟိုလည္း ပူးေပါင္းသြားဖြယ္ ရွိေနေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ကဆို။

ဂိုးသမား ကီပါဟာ ခ်ယ္လ္ဆီးအသင္းနဲ႕ လမ္းခြဲခ်ိန္တန္ၿပီလို႔ ယူဆထားေၾကာင္း The Sun သတင္းက ေဖာ္ျပထားၿပီး အသင္းကေန ထြက္ခြာဖို႔ လစာေလွ်ာ့ယူသြား ျဖစ္ေၾကာင္း သိရ။

လက္ရွိခ်ယ္လ္ဆီးအသင္းရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ကစားသမား ၃ေယာက္အေနနဲ႕ တီမို ဗာနာ၊ ပူလီရွစ္ခ်္၊ နဲ႕ သီယာဂို ေဆးလ္ဗားတို႔ကို သတ္မွတ္ထားေၾကာင္း ဟက္ဆယ္ဘိန့္ခ္ နဲ႕ ပိုယက္တို႔ ထုတ္ေဖာ္ခဲ့။

ေဒးဗစ္ လူးဝစ္ဇ္က အသင္းေဖာ္ေဟာင္း ေမဆန္ ေမာင့္ဟာ ကမၻာ့အေကာင္းဆုံး ကစားသမားေတြထဲက တေယာက္ျဖစ္လာမယ့္ လူငယ္ၾကယ္ပြင့္ဆိုတဲ့ သုံးသပ္ခ်က္ကို လီယြန္နယ္ မက္ဆီကလည္း မွန္ကန္ေၾကာင္း ေထာက္ခံသြားခဲ့။

ခ်ယ္လ္ဆီးအသင္းမွာ နည္းျပလမ္းပတ္ရဲ႕ လုပ္ေဆာင္မႈေတြဟာ ေကာင္းမြန္ေနေၾကာင္း နည္းျပေဟာင္း ကြန္တီက ခ်ီးက်ဴးသြားခဲ့ၿပီး အသင္းရဲ႕ ဂႏၳဝင္ကစားသမားတေယာက္အေနနဲ႕ ခ်န္ပီယံျဖစ္ဖို႔ လမ္းေၾကာင္းကို ေကာင္းေကာင္းသိရွိထားေၾကာင္း ေျပာၾကားခဲ့။

လာမယ့္ နယူးကာဆယ္နဲ႕ပြဲကို ခိုင္ဟာဗတ္ဇ္ နဲ႕ ပူလီရွစ္ခ်္တို႔ ေသခ်ာေပါက္ လြဲေခ်ာ္သြားမွာျဖစ္ၿပီး နိုင္ငံပြဲစဥ္ကအျပန္ ခရီးပန္းလာမယ့္ သီယာဂို ေဆးလ္ဗားလည္း လြဲေခ်ာ္ဖြယ္ရွိေနကာ ဘီလီ ဂီးမိုးလ္ အခြင့္အေရးရလာဖြယ္ရွိ။

၈ ႏွစ္သားကတည္းက ရင္းႏွီးလာခဲဲ့တဲ့ ဒက္ကလန္ ရိုက္စ္ နဲ႕ ေမဆန္ ေမာင့္တို႔ဟာ အဂၤလန္အသင္းရဲ႕ ဝင္ဘေလပြဲစဥ္မွာ အတူတကြ ပြဲထြက္ခဲ့ၾကၿပီး ႏွစ္ဦးစလုံး ဂိုးသြင္းနိုင္ခဲ့ၾကကာ အတူတြဲကစာၿပီး အတူဂိုးသြင္းရတာဟာ ေျပာျပမတတ္ေအာင္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခိုက္အတန့္ျဖစ္ေၾကာင္း ေႂကြးေၾကာ္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.