Premier League

ေၾကြးၿမီ ေပါင္ ၇၃.၆ သန္း ျမင့္တက္လာတဲ့ မန္ခ်က္စတာယူႏိုက္တက္

ဒီရာသီမွာ ရုပ္သံ၀င္ေငြ မ်ားစြာေလ်ာ့က်သြားခဲ့ၿပီးတဲ့ေနာက္ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေၾကြးၿမီ ေပါင္ ၇၃.၆ သန္း ျမင့္တက္လာခဲ့ၿပီး စုစုေပါင္းေၾကြးၿမီ ေပါင္ ၃၉၂ သန္းနီးပါး ရွိလာခဲ့ပါတယ္။ အသင္းရဲ႕ ဒုတိယေလးလပတ္ ဘ႑ာေရးအစီရင္ခံစာကို အမွဳေဆာင္ ဒု-ဥကၠဌ အက္ဒ္ ၀ုဒ္၀ပ္က ထုတ္ျပန္ေၾကျငာခဲ့ရာမွာ အႏႈတ္လကၡဏာျပခဲ့ေပမယ့္ နည္းျပအိုေလဂန္နာ ဆိုးလ္ရွားအတြက္ေတာ့ ကစားသမားသစ္ေတြ ထပ္၀ယ္ေပးဦးမယ္လို႔ ေျပာထားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ဒီရာသီမွာ ခ်န္ပီယံလိဂ္ကစားခြင့္မရခဲ့တာက ရုပ္သံ၀င္ေငြကို မ်ားစြာေလ်ာ႔က်ေစခဲ့ၿပီး ေပါင္ ၃၉ သန္းအထိ ေလ်ာ့နည္းသြားခဲ့တာလည္း ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ အေမရိကန္အသင္းပိုင္ရွင္ ဂေလဇာမိသားစုကုိ အသင္းကေန ထြက္သြားဖို႔ ေတာင္းဆိုသံေတြ ပိုက်ယ္ေလာင္လာဖို႔ရွိပါတယ္။

၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အသားတင္ေၾကြးၿမီဟာ ေပါင္ ၃၉၁.၃ သန္း ရွိလာခဲ့ၿပီး အရင္တစ္ႏွစ္ကထက္ ေပါင္ ၇၃.၆ သန္း ပိုမ်ားလာခဲ့ပါတယ္။ ၀င္ေငြေလ်ာ႔က်လာခ်ိန္ အျခားတစ္ဖက္မွာ ကစားသမားအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ပိုမ်ားလာတာေၾကာင့္ ေၾကြးၿမီေတြ ျမင့္တက္လာရတာပါ။

ဒီအစီရင္ခံစာကို သိလိုက္ရလို႔ ေဒါသထြက္ေနတဲ့ ပရိသတ္ေတြဟာ တြစ္တာက တစ္ဆင့္ အသင္းပိုင္ရွင္ ဂေလဇာမိသားစုရဲ႕ စီမံခန္႔ခြဲမွဳအေပၚ ေဒါသထြက္ခဲ့ၾကၿပီး ဆဲဆိုႀကိမ္းေမာင္းအျပစ္တင္တဲ့ အေရးအသားေတြနဲ႔ ေအာင္ျမင္မွဳေတြကေန ေဝးကြာေစခဲ့သလို ဆုိးလ္ရွားကို ခန္္႔အပ္တာ ပရိသတ္ေတြ ေဒါသကေန အကာအကြယ္ယူတာလုိ႔လည္း စြပ္စြဲခဲ့ၾကပါတယ္။

ဘ႑ာေရးရလဒ္မွာ စိတ္ပ်က္စရာရွိခဲ့ေပမယ့္ စပြန္ဆာ၀င္ေငြကေတာ့ အားေကာင္းေနဆဲျဖစ္ၿပီး ထပ္မံရရွိထားခဲ့တဲ့ ေပါင္ ၄၅.၁ သန္းတန္ စပြန္ဆာစာခ်ဳပ္သစ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စပြန္ဆာ၀င္ေငြက အရင္ႏွစ္ကထက္ ေပါင္ ၄.၈ သန္း ပိုမ်ားခဲ့ပါတယ္။ တစ္နည္းအားျဖင့္ ယူႏိုက္တက္ရဲ႕ ေနာက္ဆံုးဘ႑ာေရးအစီရင္ခံစာမွာ စပြန္ဆာ၀င္ေငြက ၁၁.၉ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဒီရာသီမှာ ရုပ်သံဝင်ငွေ များစွာလျော့ကျသွားခဲ့ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြွေးမြီ ပေါင် ၇၃.၆ သန်း မြင့်တက်လာခဲ့ပြီး စုစုပေါင်းကြွေးမြီ ပေါင် ၃၉၂ သန်းနီးပါး ရှိလာခဲ့ပါတယ်။ အသင်းရဲ့ ဒုတိယလေးလပတ် ဘဏ္ဍာရေးအစီရင်ခံစာကို အမှုဆောင် ဒု-ဥက္ကဌ အက်ဒ် ဝုဒ်ဝပ်က ထုတ်ပြန်ကြေငြာခဲ့ရာမှာ အနှုတ်လက္ခဏာပြခဲ့ပေမယ့် နည်းပြအိုလေဂန်နာ ဆိုးလ်ရှားအတွက်တော့ ကစားသမားသစ်တွေ ထပ်ဝယ်ပေးဦးမယ်လို့ ပြောထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်မရခဲ့တာက ရုပ်သံဝင်ငွေကို များစွာလျော့ကျစေခဲ့ပြီး ပေါင် ၃၉ သန်းအထိ လျော့နည်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အမေရိကန်အသင်းပိုင်ရှင် ဂလေဇာမိသားစုကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုသံတွေ ပိုကျယ်လောင်လာဖို့ရှိပါတယ်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသားတင်ကြွေးမြီဟာ ပေါင် ၃၉၁.၃ သန်း ရှိလာခဲ့ပြီး အရင်တစ်နှစ်ကထက် ပေါင် ၇၃.၆ သန်း ပိုများလာခဲ့ပါတယ်။ ဝင်ငွေလျော့ကျလာချိန် အခြားတစ်ဖက်မှာ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု ပိုများလာတာကြောင့် ကြွေးမြီတွေ မြင့်တက်လာရတာပါ။

ဒီအစီရင်ခံစာကို သိလိုက်ရလို့ ဒေါသထွက်နေတဲ့ ပရိသတ်တွေဟာ တွစ်တာက တစ်ဆင့် အသင်းပိုင်ရှင် ဂလေဇာမိသားစုရဲ့ စီမံခန့်ခွဲမှုအပေါ် ဒေါသထွက်ခဲ့ကြပြီး ဆဲဆိုကြိမ်းမောင်းအပြစ်တင်တဲ့ အရေးအသားတွေနဲ့ အောင်မြင်မှုတွေကနေ ဝေးကွာစေခဲ့သလို ဆိုးလ်ရှားကို ခန့််အပ်တာ ပရိသတ်တွေ ဒေါသကနေ အကာအကွယ်ယူတာလို့လည်း စွပ်စွဲခဲ့ကြပါတယ်။

ဘဏ္ဍာရေးရလဒ်မှာ စိတ်ပျက်စရာရှိခဲ့ပေမယ့် စပွန်ဆာဝင်ငွေကတော့ အားကောင်းနေဆဲဖြစ်ပြီး ထပ်မံရရှိထားခဲ့တဲ့ ပေါင် ၄၅.၁ သန်းတန် စပွန်ဆာစာချုပ်သစ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပွန်ဆာဝင်ငွေက အရင်နှစ်ကထက် ပေါင် ၄.၈ သန်း ပိုများခဲ့ပါတယ်။ တစ်နည်းအားဖြင့် ယူနိုက်တက်ရဲ့ နောက်ဆုံးဘဏ္ဍာရေးအစီရင်ခံစာမှာ စပွန်ဆာဝင်ငွေက ၁၁.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.