Premier League

ပရီးမီးယားလိဂ် ပွဲစဥ် ၉ အတွက် မိုက်ဝင်အိုဝင်ရဲ့ ခန့်မှန်းချက်များ

နယူးကာဆယ် ၁-၂ ချယ်လ်ဆီး – တည်ငြိမ်မှုမဲ့နေတဲ့ ကာဆယ်လို အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအနေနဲ့ ရမှတ် ၃ မှတ်ကို မဖြစ်မနေ ရယူသွားမှာဖြစ်ပြီး အဆင့် ၃ အထိ ရည်မှန်းထားတဲ့ အသင်းမျိုးက ဒီလိုအခြေအနေမျိုးမှာ အသာအယာကျော်ဖြတ်ရမှာပါ။ တီမို ဗာနာ ဂိုးသွင်းပြီး ချယ်လ်ဆီးပဲ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်သွားနိုင်မယ်လို့ အိုဝင်ရဲ့ ခန့်မှန်းမှုက ရှိနေတာပါ။

ဖူလ်ဟမ် ၁-၃ အဲဗာတန် -တိုက်စစ်ပိုင်းထက်မြက်မှုကို ပြသနိုင်ပေမယ့် ခံစစ်ပိုင်းမှာ ချူချာလွန်းပြီး ပေးဂိုးတွေများနေတဲ့ ဖူလ်ဟမ်အသင်း အဲဗာတန်ကို ကျော်နိုင်ဖို့ မလွယ်ပါဘူး။ ရှုံးပွဲတွေ ဆက်နေတဲ့ အဲဗာတန်အနေနဲ့ ဒီလိုပွဲမျိုးမှာ သေချာပေါက် ၃ မှတ် ရယူသွားဖို့ ရှိနေပြီး သုံးဂိုး တဂိုးနဲ့ နိုင်မယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။

ဝုလ်ဗ်စ် ၁-၁ ဆောက်သမ်တန် – ဝုလ်ဗ်စ်အသင်းဟာ ပေးဂိုးနည်းလေ့ရှိတဲ့အသင်းပါ။ ဥရောပပြိုင်ပွဲတွေကို စိန်ခေါ်နိုင်ဖို့ အလားအလာကောင်းတွေလည်း မြင်တွေ့နေရပါတယ်။ ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်ရဲ့ တည်ကန်ဘောတွေနဲ့အတူ အသင်းလိုက်အဆိပ်ပြင်းနေတဲ့ စိန့်တို့ အဝေးကွင်းမှာ သရေတမှတ်တော့ အရယူသွားလိမ့်လို့ အိုဝင်က ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက် ၂-၀ ဝက်စ်ဘရွမ်း – အကျဘက်ကို ရောက်နေတဲ့ ဝက်စ်ဘရွမ်းအနေနဲ့ အိုးထရက်ဖို့ဒ်ကို လာရောက်ခဲ့ရာမှာ စည်းချက်ကို ရှာဖွေနေတဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရတာဖြစ်လို့ လွယ်ကူဖွယ်တော့ မရှိပါဘူး။ ယူနိုက်တက် နှစ်ဂိုးပြတ်နဲ့ နိုင်မယ်လို့ အိုဝင်ရဲ့ ခန့်မှန်းမှုက ရှိနေခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးစ် ၁-၂ မန်စီးတီး – ဒီတပတ်အတွက် အထူးစောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းဖြစ်ပြီး မော်ရင်ညိုနဲ့ ဂွာဒီယိုလာတို့ရဲ့ သူတင်ကိုယ်တင် အားပြိုင်မှုက စိတ်ဝင်စားစရာကောင်းနေမှာ ဖြစ်ပါတယ်။ ပွဲကျပ်တပွဲအနေနဲ့ ဇယားထိပ်ကိုလှမ်းဖို့ အမှတ်ယူဖို့ လိုနေတဲ့ မန်စီးတီးကပဲ ကပ်အနိုင်ရသွားမယ်လို့ အိုဝင်က ခန့်မှန်းထားတာပါ။

လီဗာပူးလ် ၃-၁ လက်စတာစီးတီး – ဒီပွဲကလည်း ဒီတပတ်ရဲ့အမြိုင်ဆုံးပွဲတပွဲပါ။ ဇယားထိပ်မှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့မှုမှာ ခြေကုန်ထုတ်လာဖို့ ရှိနေပေမယ့် လီဗာပူးလ်မှာ အဓိက ကစားသမားတွေ ပါဝင်လာဖို့ မရှိပါဘူး။ နှစ်ဖက်လုံး ဂိုးအပြန်အလှန်သွားပြီး ပုံစံကောင်းကို လီဗာပူးလ်ကသာ ပိုပြသွားလိမ့်လို့ အိုဝင်က ဆိုပါတယ်။

လိဒ်စ်ယူနိုက်တက် ၁-၂ အာဆင်နယ် – ဂိုးအခွင့်အရေး ဖန်တီးမှုတွေ များများလုပ်နိုင်သလောက် ပေးဂိုးတွေလည်း များပြားတတ်တဲ့ လိဒ်စ်ရဲ့ အိမ်ကွင်းမှာ အာဆင်နယ်အသင်းနဲ့ မီခေးလ် အာတီတာတို့က အငိုက်ဖမ်းပြီး အခွင့်အရေးအရယူသွားမယ်လို့ အိုဝင်ကသုံးသပ်ထားပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္ ၁-၂ ခ်ယ္လ္ဆီး – တည္ၿငိမ္မႈမဲ့ေနတဲ့ ကာဆယ္လို အသင္းနဲ႕ပြဲမွာ ခ်ယ္လ္ဆီးအေနနဲ႕ ရမွတ္ ၃ မွတ္ကို မျဖစ္မေန ရယူသြားမွာျဖစ္ၿပီး အဆင့္ ၃ အထိ ရည္မွန္းထားတဲ့ အသင္းမ်ိဳးက ဒီလိုအေျခအေနမ်ိဳးမွာ အသာအယာေက်ာ္ျဖတ္ရမွာပါ။ တီမို ဗာနာ ဂိုးသြင္းၿပီး ခ်ယ္လ္ဆီးပဲ အနိုင္ ၃ မွတ္နဲ႕ အိမ္ျပန္သြားနိုင္မယ္လို႔ အိုဝင္ရဲ႕ ခန့္မွန္းမႈက ရွိေနတာပါ။

ဖူလ္ဟမ္ ၁-၃ အဲဗာတန္ -တိုက္စစ္ပိုင္းထက္ျမက္မႈကို ျပသနိုင္ေပမယ့္ ခံစစ္ပိုင္းမွာ ခ်ဴခ်ာလြန္းၿပီး ေပးဂိုးေတြမ်ားေနတဲ့ ဖူလ္ဟမ္အသင္း အဲဗာတန္ကို ေက်ာ္နိုင္ဖို႔ မလြယ္ပါဘူး။ ရႈံးပြဲေတြ ဆက္ေနတဲ့ အဲဗာတန္အေနနဲ႕ ဒီလိုပြဲမ်ိဳးမွာ ေသခ်ာေပါက္ ၃ မွတ္ ရယူသြားဖို႔ ရွိေနၿပီး သုံးဂိုး တဂိုးနဲ႕ နိုင္မယ္လို႔ အိုဝင္က ခန့္မွန္းထားပါတယ္။

ဝုလ္ဗ္စ္ ၁-၁ ေဆာက္သမ္တန္ – ဝုလ္ဗ္စ္အသင္းဟာ ေပးဂိုးနည္းေလ့ရွိတဲ့အသင္းပါ။ ဥေရာပၿပိဳင္ပြဲေတြကို စိန္ေခၚနိုင္ဖို႔ အလားအလာေကာင္းေတြလည္း ျမင္ေတြ႕ေနရပါတယ္။ ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္ရဲ႕ တည္ကန္ေဘာေတြနဲ႕အတူ အသင္းလိုက္အဆိပ္ျပင္းေနတဲ့ စိန္႔တို႔ အေဝးကြင္းမွာ သေရတမွတ္ေတာ့ အရယူသြားလိမ့္လို႔ အိုဝင္က ဆိုပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ၂-၀ ဝက္စ္ဘ႐ြမ္း – အက်ဘက္ကို ေရာက္ေနတဲ့ ဝက္စ္ဘ႐ြမ္းအေနနဲ႕ အိုးထရက္ဖို႔ဒ္ကို လာေရာက္ခဲ့ရာမွာ စည္းခ်က္ကို ရွာေဖြေနတဲ့ ယူနိုက္တက္ကို ရင္ဆိုင္ရတာျဖစ္လို႔ လြယ္ကူဖြယ္ေတာ့ မရွိပါဘူး။ ယူနိုက္တက္ ႏွစ္ဂိုးျပတ္နဲ႔ နိုင္မယ္လို႔ အိုဝင္ရဲ႕ ခန့္မွန္းမႈက ရွိေနခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္ ၁-၂ မန္စီးတီး – ဒီတပတ္အတြက္ အထူးေစာင့္ၾကည့္ရမယ့္ ပြဲႀကီးပြဲေကာင္းျဖစ္ၿပီး ေမာ္ရင္ညိဳနဲ႔ ဂြာဒီယိုလာတို႔ရဲ႕ သူတင္ကိုယ္တင္ အားၿပိဳင္မႈက စိတ္ဝင္စားစရာေကာင္းေနမွာ ျဖစ္ပါတယ္။ ပြဲက်ပ္တပြဲအေနနဲ႕ ဇယားထိပ္ကိုလွမ္းဖို႔ အမွတ္ယူဖို႔ လိုေနတဲ့ မန္စီးတီးကပဲ ကပ္အနိုင္ရသြားမယ္လို႔ အိုဝင္က ခန့္မွန္းထားတာပါ။

လီဗာပူးလ္ ၃-၁ လက္စတာစီးတီး – ဒီပြဲကလည္း ဒီတပတ္ရဲ႕အၿမိဳင္ဆုံးပြဲတပြဲပါ။ ဇယားထိပ္မွာ ရပ္တည္ေနတဲ့ အသင္းႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕မႈမွာ ေျခကုန္ထုတ္လာဖို႔ ရွိေနေပမယ့္ လီဗာပူးလ္မွာ အဓိက ကစားသမားေတြ ပါဝင္လာဖို႔ မရွိပါဘူး။ ႏွစ္ဖက္လုံး ဂိုးအျပန္အလွန္သြားၿပီး ပုံစံေကာင္းကို လီဗာပူးလ္ကသာ ပိုျပသြားလိမ့္လို႔ အိုဝင္က ဆိုပါတယ္။

လိဒ္စ္ယူနိုက္တက္ ၁-၂ အာဆင္နယ္ – ဂိုးအခြင့္အေရး ဖန္တီးမႈေတြ မ်ားမ်ားလုပ္နိုင္သေလာက္ ေပးဂိုးေတြလည္း မ်ားျပားတတ္တဲ့ လိဒ္စ္ရဲ႕ အိမ္ကြင္းမွာ အာဆင္နယ္အသင္းနဲ႕ မီေခးလ္ အာတီတာတို႔က အငိုက္ဖမ္းၿပီး အခြင့္အေရးအရယူသြားမယ္လို႔ အိုဝင္ကသုံးသပ္ထားပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.