Premier League Transfer News

19 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု

– အင်္ဂလန် ယူ-၂၁ နဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းနေတဲ့ တိုက်စစ်မှူး အက်ဒီ နကီးတီးယားဟာ အနာဂတ်မှာ အာဆင်နယ်အသင်းရဲ ဂိုးသွင်းစက်တစ်လုံး ဖြစ်လာလိမ့်မယ်လို့ မိုက်ကယ် အိုဝင် ခန်မှန်းပြောကြား။

– ဒေါမနစ် ဆိုဘော့ဆ်လိုင်းအတွက် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းဆီ ယူရို ၂၅ သန်းပေးရင် ခေါ်ယူနိုင်မှာဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက အာဆင်နယ်အသင်းထံ သတိပေး။

– အသက် ၁၈ နှစ်အရွယ် နောက်ခံလူကို အာဆင်နယ်တို့ ပထမဆုံး ဇန်နဝါရီ ကစားသမားဖြစ်ဖွယ်ရှိပြီး ဟာသာဘာလင်နောက်ခံလူ အိုမာ ရီကစ်ကို ခေါ်ယူဖို့ လိုအပ်တာတွေ အားလုံးကို ပြင်ဆင်ပြီးသွားပြီလို့ သိရ။

– အယ်လ်နန်နီရဲ့ ကိုဗစ် ပေါ့စစ်တစ်ဖြစ်မှုကြောင့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို ထည့်သွင်းစေဖို့ ပရိသတ်တွေ ဆန္ဒရှိနေကြပြီး စပိန်သားအနေနဲ့ ခြေစွမ်းပြနိုင်မယ့်ပွဲလို့ မျှော်လင့်နေကြ။

– ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် အင်္ဂလန်နိုင်ငံတစ်ဝှမ်း တင်းတင်းကျပ်ကျပ် ကန့်သတ်နေမှုတွေကို ချိုးဖောက်ပြီး ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ ဘရာဇီးလ်သား ဝီလီယန်ကို အာဆင်နယ်အသင်းအနေနဲ့ စစ်ဆေးအရေးယူဖွယ်ရှိနေ။

– အင်္ဂလန်အသင်းရဲ့ သွင်းဂိုးနှစ်ဂိုးက သူ့ဆီက ရရှိခဲ့တယ်လို့ အိုက်စ်လန်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ဘူကာယို ဆာကာကို နည်းပြ ဆောက်သ်ဂိတ် ချီးကျူးလိုက်ပြီး ခြေစွမ်းကို တစ်သမတ်တည်း ထိန်းထားနိုင်တဲ့သူလို့လည်း ဆိုခဲ့။

– ပြင်သစ် ယူ-၂၁ နဲ့ ခြေစွမ်းပြသနေခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီဟာ ကိုင်တွယ်ရ ခက်ခဲတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ နည်းပြဟောင်း မစ်ခေးလ် လန်ဒရိုက ပြောကြားလိုက်ပြီး စိတ်ကြီးလွန်းတဲ့ ကစားသမားကို အသင်းခေါင်းဆောင်လိုမျိုး ရာထူးပေးထားမှ အဆင်ပြေလိမ့်မယ်လို့လည်း သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အဂၤလန္ ယူ-၂၁ နဲ႔ပြဲမွာ ေျခစြမ္းျပ ဂိုးသြင္းေနတဲ့ တိုက္စစ္မႉး အက္ဒီ နကီးတီးယားဟာ အနာဂတ္မွာ အာဆင္နယ္အသင္းရဲ ဂိုးသြင္းစက္တစ္လုံး ျဖစ္လာလိမ့္မယ္လို႔ မိုက္ကယ္ အိုဝင္ ခန္မွန္းေျပာၾကား။

– ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအတြက္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းဆီ ယူ႐ို ၂၅ သန္းေပးရင္ ေခၚယူႏိုင္မွာျဖစ္ေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူက အာဆင္နယ္အသင္းထံ သတိေပး။

– အသက္ ၁၈ ႏွစ္အ႐ြယ္ ေနာက္ခံလူကို အာဆင္နယ္တို႔ ပထမဆုံး ဇန္နဝါရီ ကစားသမားျဖစ္ဖြယ္ရွိၿပီး ဟာသာဘာလင္ေနာက္ခံလူ အိုမာ ရီကစ္ကို ေခၚယူဖို႔ လိုအပ္တာေတြ အားလုံးကို ျပင္ဆင္ၿပီးသြားၿပီလို႔ သိရ။

– အယ္လ္နန္နီရဲ႕ ကိုဗစ္ ေပါ့စစ္တစ္ျဖစ္မႈေၾကာင့္ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို ထည့္သြင္းေစဖို႔ ပရိသတ္ေတြ ဆႏၵရွိေနၾကၿပီး စပိန္သားအေနနဲ႔ ေျခစြမ္းျပႏိုင္မယ့္ပြဲလို႔ ေမွ်ာ္လင့္ေနၾက။

– ကိုဗစ္-၁၉ ကူးစက္ျပန႔္ပြားမႈေၾကာင့္ အဂၤလန္ႏိုင္ငံတစ္ဝွမ္း တင္းတင္းက်ပ္က်ပ္ ကန႔္သတ္ေနမႈေတြကို ခ်ိဳးေဖာက္ၿပီး ဒူဘိုင္းကို သြားေရာက္ခဲ့တဲ့ ဘရာဇီးလ္သား ဝီလီယန္ကို အာဆင္နယ္အသင္းအေနနဲ႔ စစ္ေဆးအေရးယူဖြယ္ရွိေန။

– အဂၤလန္အသင္းရဲ႕ သြင္းဂိုးႏွစ္ဂိုးက သူ႔ဆီက ရရွိခဲ့တယ္လို႔ အိုက္စ္လန္နဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ရရွိခဲ့တဲ့ ဘူကာယို ဆာကာကို နည္းျပ ေဆာက္သ္ဂိတ္ ခ်ီးက်ဴးလိုက္ၿပီး ေျခစြမ္းကို တစ္သမတ္တည္း ထိန္းထားႏိုင္တဲ့သူလို႔လည္း ဆိုခဲ့။

– ျပင္သစ္ ယူ-၂၁ နဲ႔ ေျခစြမ္းျပသေနခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီဟာ ကိုင္တြယ္ရ ခက္ခဲတဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ နည္းျပေဟာင္း မစ္ေခးလ္ လန္ဒ႐ိုက ေျပာၾကားလိုက္ၿပီး စိတ္ႀကီးလြန္းတဲ့ ကစားသမားကို အသင္းေခါင္းေဆာင္လိုမ်ိဳး ရာထူးေပးထားမွ အဆင္ေျပလိမ့္မယ္လို႔လည္း သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.