Premier League Transfer News

19 Nov နံနက်ပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများစုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေပြီး မူလစီစဉ်ထားသလို နွေရာသီအထိ စောင့်ဆိုင်းခြင်းမရှိဘဲ ဇန်နဝါရီမှာတင် ပေါင်သန်း ၅၀ + အဲရစ် ဂါစီယာအလိုက်နဲ့ ရရှိနိုင်ဖို့ မျှော်လင့်နေ။

– လာမယ့် စနေနေ့ည တော့တင်ဟမ်ဟော့စပါးစ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာအနည်းငယ် ရရှိထားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ရာဟင်းမ် စတာလင်အနေနဲ့ အချိန်မီ ပြန်လည်ပါဝင်လာနိုင်တဲ့ သတင်းကောင်းထွက်ပေါ်လာ။

– မန်ချက်စတာစီးတီးပရိသတ်တွေကတော့ ဂွါဒီယိုလာအတွက် သတင်းဆိုးက ဖယ်ရန် တောရက်စ်၊ ဆာဂျီယို အဂွေရိုနဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ကို တိုက်စစ်မှာ ဘယ်သူ့ကို ရွေးချယ်ရမှန်း မသိအောင်ဖြစ်နေတာပဲဖြစ်တယ်လို့ နောက်ဆုံးပွဲမှာ ဂျာမနီကို ဟက်ထရစ် သွင်းယူခဲ့တဲ့ စပိန်သားရဲ့ ခြေစွမ်းကို ချီးကျူးနေကြ။

– ဂျာမနီကို ဟက်ထရစ်သွင်းခဲ့တဲ့ သူတို့ရဲ့ မြေးဖြစ်သူရဲ့ ခြေစွမ်းအတွက် ဖယ်ရန် တောရက်စ်ရဲ့ အဘိုးနဲ့ အဘွားတို့ ဂုဏ်ယူနေကြပြီး အဘိုးက မျက်ရည်မထိန်းနိုင်တော့ဘူးလို့ ဆိုခဲ့သလို အဘွားကတော့ ဒီအချိန်မှာ သူ့ကို ဖက်ထားချင်လိုက်တာလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ကြ။

– ခရိုအေးရှားနဲ့ပွဲမှာ အဖိုးတန် ချေပဂိုးကို သွင်းယူခဲ့ပြီးနောက် နှစ်ဂိုးစီ သရေကျနေစဉ်မှာ အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီ ခံစစ်မှူး ရူဘင် ဒီယက်စ်ဟာ နောက်ခံလူဟောင်း ဗင်းဆန့် ကွန်ပနီနဲ့ တိုက်စစ်မှူး အဂွေရိုတို့ကို ပေါင်းစပ်ထားသူလို့ ပရိသတ်တွေ ချီးကျူးနေကြ။

– ဗလင်စီယာတောင်ပံကစားသမား တောရက်စ်ကို ဈေးချိုချိုနဲ့ ပါးပါးနပ်နပ် ခေါ်ယူခဲ့ပြီးမှာ နောက်ထပ် သူ့ရဲ့ အသင်းဖော်တစ်ဦးဖြစ်တဲ့ တောင်ကိုရီးယားကွင်းလယ်ကစားသမား လီဂန်းအင်းကိုပါ မန်စီးတီးတို့ ထပ်မံကြိုးစားသွားဖွယ်ရှိနေ။

– နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ ယာဂန် ကလော့ပ်တို့လို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းနည်းပြတွေ ဦးဆောင်ကြိုးစားနေတဲ့ လူစားငါးယောက် လဲလှယ်ရေးအစီအစဉ်မှာ နည်းပြအများစု ပါဝင်လာတာကြောင့် အထမြောက်နိုင်ခြေများနေခဲ့ပြီး ချန်ပီယံရှစ်နဲ့ အောက်တန်းအသင်းတွေမှာတော့ စတင်အသုံးပြုသွားဖို့ သဘောတူညီခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို ေခၚယူႏိုင္ဖို႔အတြက္ ႀကိဳးစားလုပ္ေဆာင္ေနၿပီး မူလစီစဥ္ထားသလို ေႏြရာသီအထိ ေစာင့္ဆိုင္းျခင္းမရွိဘဲ ဇန္နဝါရီမွာတင္ ေပါင္သန္း ၅၀ + အဲရစ္ ဂါစီယာအလိုက္နဲ႔ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– လာမယ့္ စေနေန႔ည ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အဂၤလန္အသင္းနဲ႔ ေလ့က်င့္ေရးကြင္းမွာ ဒဏ္ရာအနည္းငယ္ ရရွိထားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ရာဟင္းမ္ စတာလင္အေနနဲ႔ အခ်ိန္မီ ျပန္လည္ပါဝင္လာႏိုင္တဲ့ သတင္းေကာင္းထြက္ေပၚလာ။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြကေတာ့ ဂြါဒီယိုလာအတြက္ သတင္းဆိုးက ဖယ္ရန္ ေတာရက္စ္၊ ဆာဂ်ီယို အေဂြ႐ိုနဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ကို တိုက္စစ္မွာ ဘယ္သူ႔ကို ေ႐ြးခ်ယ္ရမွန္း မသိေအာင္ျဖစ္ေနတာပဲျဖစ္တယ္လို႔ ေနာက္ဆုံးပြဲမွာ ဂ်ာမနီကို ဟက္ထရစ္ သြင္းယူခဲ့တဲ့ စပိန္သားရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးေနၾက။

– ဂ်ာမနီကို ဟက္ထရစ္သြင္းခဲ့တဲ့ သူတို႔ရဲ႕ ေျမးျဖစ္သူရဲ႕ ေျခစြမ္းအတြက္ ဖယ္ရန္ ေတာရက္စ္ရဲ႕ အဘိုးနဲ႔ အဘြားတို႔ ဂုဏ္ယူေနၾကၿပီး အဘိုးက မ်က္ရည္မထိန္းႏိုင္ေတာ့ဘူးလို႔ ဆိုခဲ့သလို အဘြားကေတာ့ ဒီအခ်ိန္မွာ သူ႔ကို ဖက္ထားခ်င္လိုက္တာလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ၾက။

– ခ႐ိုေအးရွားနဲ႔ပြဲမွာ အဖိုးတန္ ေခ်ပဂိုးကို သြင္းယူခဲ့ၿပီးေနာက္ ႏွစ္ဂိုးစီ သေရက်ေနစဥ္မွာ အႏိုင္ဂိုးကိုပါ သြင္းယူေပးႏိုင္ခဲ့တဲ့ ေပၚတူဂီ ခံစစ္မႉး ႐ူဘင္ ဒီယက္စ္ဟာ ေနာက္ခံလူေဟာင္း ဗင္းဆန႔္ ကြန္ပနီနဲ႔ တိုက္စစ္မႉး အေဂြ႐ိုတို႔ကို ေပါင္းစပ္ထားသူလို႔ ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– ဗလင္စီယာေတာင္ပံကစားသမား ေတာရက္စ္ကို ေဈးခ်ိဳခ်ိဳနဲ႔ ပါးပါးနပ္နပ္ ေခၚယူခဲ့ၿပီးမွာ ေနာက္ထပ္ သူ႔ရဲ႕ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ ေတာင္ကိုရီးယားကြင္းလယ္ကစားသမား လီဂန္းအင္းကိုပါ မန္စီးတီးတို႔ ထပ္မံႀကိဳးစားသြားဖြယ္ရွိေန။

– နည္းျပ ပက္ပ္ ဂြါဒီယိုလာနဲ႔ ယာဂန္ ကေလာ့ပ္တို႔လို ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းနည္းျပေတြ ဦးေဆာင္ႀကိဳးစားေနတဲ့ လူစားငါးေယာက္ လဲလွယ္ေရးအစီအစဥ္မွာ နည္းျပအမ်ားစု ပါဝင္လာတာေၾကာင့္ အထေျမာက္ႏိုင္ေျခမ်ားေနခဲ့ၿပီး ခ်န္ပီယံရွစ္နဲ႔ ေအာက္တန္းအသင္းေတြမွာေတာ့ စတင္အသုံးျပဳသြားဖို႔ သေဘာတူညီခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.