Premier League Transfer News

19 Nov နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု

– အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ လုပ်ဆောင်နေရမှာ လူငယ်နောက်ခံလူ ဒေးဗစ် ကာမိုအပြင် RB လိုက်ပ်ဇစ်ရဲ့ ဒါယို အူပါမီကာနိုကိုလည်း စောင့်ကြည့်နေပြီး တခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ညှိနှိုင်းနိုင်ဖို့ ယူနိုက်တက်တာဝန်ရှိသူတွေ ပစ်မှတ်ထားနေ။

– ဆွီဒင်နဲ့ ပြင်သစ်တို့ရဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ နောက်ခံလူ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်ကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ပြီး အသုံးမကျတဲ့ နိုင်ငံတကာပွဲတွေ ကစားမနေနဲ့လို့ အပြစ်တင်နေကြ။

– ဥရုဂွေးအသင်းဖော် အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရမှုကြောင့် တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို ကူးစက်သွားမှာ စိုးရိမ်နေရပြီး အသင်းကို ပြန်မပို့ခင် ကစားသမားတွေကို ခွဲခြားနေထိုင်ခိုင်းထားသလို နက်ဂတစ်ရလဒ် ရရှိဖို့ကလည်း အရေးပါနေ။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ဝေးလ်စ်လက်ရွေးစင်တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ဟာ ဖင်လန်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့။

– ဒီတစ်ပတ်ရဲ့ အင်္ဂလန်နိုင်ငံရဲ့ အနိမ့်တန်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ Leasing.com Trophy မှာ အသင်းကြီးအကယ်ဒမီကစားသမားတွေကို အောက်တန်းအသင်းတွေက ပညာပေးခံခဲ့ကြရမှာ မိုးကမ်ဘ်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်လူငယ်တွေဖြစ်ကြတဲ့ တီဒင် မင်ဂီနဲ့ ဖာကန်ဒို ပယ်လစ္စထရီတို့လည်း ပါဝင်နေခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို အင်တာမီလန်အသင်းဆီ ရောင်းချလိုက်တဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ ဝတ်ဖို့ဒ်တိုက်စစ်မှူး ထရွိုင် ဒီးနီက ပြောကြားလိုက်ပြီး ခြေစွမ်းကောင်းမွန်ပြီး အသင်းကို အကျိုးပြုဆဲ ဖြစ်တဲ့သူကို ဘာကြောင့် ရောင်းချခဲ့တာလဲလို့ မေးခွန်းထုတ်သွား။

– အက်သလက်တစ်ရဲ့ ယုံကြည်ရလောက်တဲ့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့် နွေရာသီမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဦးမှာဖြစ်ပြီး ဇန်နဝါရီမှာတော့ လိုချင်တဲ့ ကစားသမားတွေကို ရရှိနိုင်ခဲ့ရင် ထပ်မံငွေသုံးသွားမယ်လို့ သုံးသပ်ဖော်ပြခဲ့။

– စပိန်အင်အားကြီးကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေအနေနဲ့ ယူနိုက်တက်မှာ ခြေစွမ်းပြသနေတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို လာမယ့်နွေရာသီ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်လာ။

– ပြီးခဲ့တဲ့ နွေရာသီမှာ မခေါ်ယူနိုင်ခဲ့ဘဲ အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ဂျေဒန် ဆန်ချိုကို ၄ ကြိမ်အထိ ကြိုးစားကမ်းလှမ်းခဲ့ကြောင်းနဲ့ ဒေါ့မွန်ရဲ့ ဈေးကိုင်မှုကြောင့်သာ မအောင်မြင်ခဲ့တာဖြစ်ကြောင်း မေရာသတင်းဌာန ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင္းရဲ႕ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔ လုပ္ေဆာင္ေနရမွာ လူငယ္ေနာက္ခံလူ ေဒးဗစ္ ကာမိုအျပင္ RB လိုက္ပ္ဇစ္ရဲ႕ ဒါယို အူပါမီကာႏိုကိုလည္း ေစာင့္ၾကည့္ေနၿပီး တျခားအသင္းေတြထက္ လက္ဦးမႈရယူၿပီး ညႇိႏႈိင္းႏိုင္ဖို႔ ယူႏိုက္တက္တာဝန္ရွိသူေတြ ပစ္မွတ္ထားေန။

– ဆြီဒင္နဲ႔ ျပင္သစ္တို႔ရဲ႕ ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ပြဲစဥ္မွာ ဒဏ္ရာရသြားခဲ့တဲ့ ေနာက္ခံလူ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့ၿပီး အသုံးမက်တဲ့ ႏိုင္ငံတကာပြဲေတြ ကစားမေနနဲ႔လို႔ အျပစ္တင္ေနၾက။

– ဥ႐ုေဂြးအသင္းေဖာ္ အေတာ္မ်ားမ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့ရမႈေၾကာင့္ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကို ကူးစက္သြားမွာ စိုးရိမ္ေနရၿပီး အသင္းကို ျပန္မပို႔ခင္ ကစားသမားေတြကို ခြဲျခားေနထိုင္ခိုင္းထားသလို နက္ဂတစ္ရလဒ္ ရရွိဖို႔ကလည္း အေရးပါေန။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ ေဝးလ္စ္လက္ေ႐ြးစင္ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ဟာ ဖင္လန္အသင္းကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ တစ္ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့။

– ဒီတစ္ပတ္ရဲ႕ အဂၤလန္ႏိုင္ငံရဲ႕ အနိမ့္တန္းၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Leasing.com Trophy မွာ အသင္းႀကီးအကယ္ဒမီကစားသမားေတြကို ေအာက္တန္းအသင္းေတြက ပညာေပးခံခဲ့ၾကရမွာ မိုးကမ္ဘ္အသင္းကို ေလးဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ယူႏိုက္တက္လူငယ္ေတြျဖစ္ၾကတဲ့ တီဒင္ မင္ဂီနဲ႔ ဖာကန္ဒို ပယ္လစၥထရီတို႔လည္း ပါဝင္ေနခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို အင္တာမီလန္အသင္းဆီ ေရာင္းခ်လိုက္တဲ့ ဆုံးျဖတ္ခ်က္ကို နားမလည္ႏိုင္ေအာင္ျဖစ္မိတယ္လို႔ ဝတ္ဖို႔ဒ္တိုက္စစ္မႉး ထ႐ြိဳင္ ဒီးနီက ေျပာၾကားလိုက္ၿပီး ေျခစြမ္းေကာင္းမြန္ၿပီး အသင္းကို အက်ိဳးျပဳဆဲ ျဖစ္တဲ့သူကို ဘာေၾကာင့္ ေရာင္းခ်ခဲ့တာလဲလို႔ ေမးခြန္းထုတ္သြား။

– အက္သလက္တစ္ရဲ႕ ယုံၾကည္ရေလာက္တဲ့ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ ေႏြရာသီမွာ ႀကီးႀကီးမားမား ရင္းႏွီးျမႇဳပ္ႏွံဦးမွာျဖစ္ၿပီး ဇန္နဝါရီမွာေတာ့ လိုခ်င္တဲ့ ကစားသမားေတြကို ရရွိႏိုင္ခဲ့ရင္ ထပ္မံေငြသုံးသြားမယ္လို႔ သုံးသပ္ေဖာ္ျပခဲ့။

– စပိန္အင္အားႀကီးကလပ္ေတြျဖစ္ၾကတဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြအေနနဲ႔ ယူႏိုက္တက္မွာ ေျခစြမ္းျပသေနတဲ့ ေပၚတူဂီ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို လာမယ့္ေႏြရာသီ ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ သတင္းထြက္ေပၚလာ။

– ၿပီးခဲ့တဲ့ ေႏြရာသီမွာ မေခၚယူႏိုင္ခဲ့ဘဲ အသင္းပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳကို ၄ ႀကိမ္အထိ ႀကိဳးစားကမ္းလွမ္းခဲ့ေၾကာင္းနဲ႔ ေဒါ့မြန္ရဲ႕ ေဈးကိုင္မႈေၾကာင့္သာ မေအာင္ျမင္ခဲ့တာျဖစ္ေၾကာင္း ေမရာသတင္းဌာန ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.