Premier League

႐ူဒီဂါရဲ႕မွတ္ခ်က္စကားကို ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္း တံု႔ျပန္

ဒီတစ္ပတ္ စတမ္းဖို႔ဒ္ဘရစ္ခ်္က လန္ဒန္ဒါဘီပြဲစဥ္အၿပီးမွာ ေျပာၾကားခဲ့တဲ့ လူမ်ိဳးေရးခြဲျခားမႈက အႏိုင္ယူသြားၿပီဆိုတဲ့ ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ရူဒီဂါရဲ႕ မွတ္ခ်က္စကားကို ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဘက္က ျပန္လည္တံု႔ျပန္လိုက္ပါတယ္။

ဒီဇင္ဘာလက ေတာ့တင္ဟမ္ကြင္းမွာ ခ်ဲလ္ဆီးက အိမ္ရွင္စပါးစ္အသင္းကို (၂)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ရူဒီဂါက လူမ်ိဳးေရးခြဲျခားခံခဲ့ရတယ္လို႔ စြပ္စြဲခဲ့ေပမယ့္ တာဝန္ရွိသူေတြက စီစီတီဗီမွတ္တမ္းေတြကို ျပန္ၾကည့္ခဲ့ရာမွာ သူစြပ္စြဲသလို ပရိသတ္ေတြဘက္က လူမ်ိဳးေရးခြဲျခားတဲ့ အျပဳအမူေတြ မရွိခဲ့ဘူးလို႔ ေၾကျငာခဲ့ပါတယ္။ အျငင္းပြားစရာျဖစ္ရပ္နဲ႔ ဆက္စပ္ၿပီး မေက်နပ္တဲ့ စပါးစ္ပရိသတ္ေတြဟာ စေနေန႔က စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ရူဒီဂါ ေဘာလံုးထိတိုင္း ေလွာင္ေျပာင္ခဲ့ၾကတာပါ။

ဒါ့အျပင္ “စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ လူမ်ိဳးေရးခြဲျခားတာက မင္းပဲ”ဆိုတဲ့စကားကိုလည္း သံၿပိဳင္ေအာ္ဟစ္ခဲ့ၾကပါတယ္။ ဒီလိုမ်ဳိး သူ႕ကို ပစ္မွတ္ထားခဲ့တဲ့ တံု႔ျပန္မွဳေတြေၾကာင့္ ရူဒီဂါဟာ ေဒါသထြက္ၿပီး ပြဲအၿပီးမွာ လူမ်ိဳးေရးခြဲျခားမႈက ႏိုင္သြားၿပီလို႔ အမည္တပ္ခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ေျပာစကားနဲ႔ပတ္သက္လို႔ ေတာ့တင္ဟမ္ဘက္က တံု႔ျပန္ရာမွာ “ကစားသမားဘက္က စြပ္စြဲမႈထြက္လာၿပီးေနာက္ မက္ထရိုပိုလီတန္ရဲတပ္ဖြဲ႔နဲ႔ ပူးေပါင္းၿပီး အစြမ္းကုန္ စံုစမ္းစစ္ေဆးခဲ့ပါတယ္။ လိုအပ္ရင္ ျပန္လည္စစ္ေဆးဖို႔လည္း အသင့္ရွိေနတုန္းပါပဲ”လို႔ဆိုထားပါတယ္။

တကယ္ေတာ့ စေနေန႔ပြဲတုန္းက ဧည့္သည္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ခဲ့ၾကမွဳဟာ လူမ်ိဳးေရးခြဲျခားမႈ ျပႆနာတစ္ခုတည္းအတြက္ မဟုတ္ဘဲ ပထမအေက်ာ့တုန္းက သူတုိ႔ရဲ႕ ေျခစြမ္းအျပႏုိင္ဆုံးကစားသမား ဆြန္ေဟာင္မင္ အနီကတ္ျပခံရေအာင္ ရူဒီဂါက ျဖစ္သင့္တာထက္ပိုၿပီး ဟန္ေဆာင္ျပခဲ့တာေၾကာင့္လည္း ပါဝင္ေနၿပီး ဒီအတြက္ ေတာင္ကိုရီးယားသားအေနနဲ႔ သုံးပြဲပယ္ျပစ္ဒဏ္ကိုလည္း က်ခံခဲ့ရေၾကာင္း သိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဒီတစ်ပတ် စတမ်းဖို့ဒ်ဘရစ်ချ်က လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာ ပြောကြားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုက အနိုင်ယူသွားပြီဆိုတဲ့ ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ မှတ်ချက်စကားကို တော့တင်ဟမ်ဟော့စပါးစ်အသင်းဘက်က ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလက တော့တင်ဟမ်ကွင်းမှာ ချဲလ်ဆီးက အိမ်ရှင်စပါးစ်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရူဒီဂါက လူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ပေမယ့် တာဝန်ရှိသူတွေက စီစီတီဗီမှတ်တမ်းတွေကို ပြန်ကြည့်ခဲ့ရာမှာ သူစွပ်စွဲသလို ပရိသတ်တွေဘက်က လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ မရှိခဲ့ဘူးလို့ ကြေငြာခဲ့ပါတယ်။ အငြင်းပွားစရာဖြစ်ရပ်နဲ့ ဆက်စပ်ပြီး မကျေနပ်တဲ့ စပါးစ်ပရိသတ်တွေဟာ စနေနေ့က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါ ဘောလုံးထိတိုင်း လှောင်ပြောင်ခဲ့ကြတာပါ။

ဒါ့အပြင် “စတမ်းဖို့ဒ်ဘရစ်ချ်မှာ လူမျိုးရေးခွဲခြားတာက မင်းပဲ”ဆိုတဲ့စကားကိုလည်း သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။ ဒီလိုမျိုး သူ့ကို ပစ်မှတ်ထားခဲ့တဲ့ တုံ့ပြန်မှုတွေကြောင့် ရူဒီဂါဟာ ဒေါသထွက်ပြီး ပွဲအပြီးမှာ လူမျိုးရေးခွဲခြားမှုက နိုင်သွားပြီလို့ အမည်တပ်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ပြောစကားနဲ့ပတ်သက်လို့ တော့တင်ဟမ်ဘက်က တုံ့ပြန်ရာမှာ “ကစားသမားဘက်က စွပ်စွဲမှုထွက်လာပြီးနောက် မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အစွမ်းကုန် စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လိုအပ်ရင် ပြန်လည်စစ်ဆေးဖို့လည်း အသင့်ရှိနေတုန်းပါပဲ”လို့ဆိုထားပါတယ်။

တကယ်တော့ စနေနေ့ပွဲတုန်းက ဧည့်သည်ပရိသတ်တွေရဲ့ လှောင်ပြောင်ခဲ့ကြမှုဟာ လူမျိုးရေးခွဲခြားမှု ပြဿနာတစ်ခုတည်းအတွက် မဟုတ်ဘဲ ပထမအကျော့တုန်းက သူတို့ရဲ့ ခြေစွမ်းအပြနိုင်ဆုံးကစားသမား ဆွန်ဟောင်မင် အနီကတ်ပြခံရအောင် ရူဒီဂါက ဖြစ်သင့်တာထက်ပိုပြီး ဟန်ဆောင်ပြခဲ့တာကြောင့်လည်း ပါဝင်နေပြီး ဒီအတွက် တောင်ကိုရီးယားသားအနေနဲ့ သုံးပွဲပယ်ပြစ်ဒဏ်ကိုလည်း ကျခံခဲ့ရကြောင်း သိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.