Premier League

၂၅.၂.၂၀၂၀ အတြက္ တစ္ေန႔တာ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လီဗာပူးလ္ကစားသမားေဟာင္း ရာဟင္းမ္ စတာလင္က သူ႕သမီးဟာ အသင္းေဟာင္းကို အားေပးသူတစ္ေယာက္ျဖစ္ၿပီး သူ႕ကို ဂိုးသြင္းဘုရင္ မိုဟာမက္ ဆာလားကို အားေပးတဲ့ သီခ်င္းေတြ လာလာဆုိျပေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

– ဝက္စ္ဟမ္းအသင္းကို အိမ္ကြင္းမွာ ေနာက္က လုိက္ကစားၿပီး အႏိုင္ရတဲ့ပြဲမွာ အဓိက ေျခစြမ္းျပခဲ့ၾကတဲ့သူႏွစ္ဦးျဖစ္တဲ့ ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏုိးလ္ဒ္နဲ႔ ဘယ္ေလာက္ခံလူ အန္ဒီ ေရာဘတ္ဆန္တုိ႔ကို နည္းျပ ယာဂန္ ကေလာ့ပ္က အသိအမွတ္ျပဳ ခ်ီးက်ဴးလုိက္ပါတယ္။

– ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အဖြင့္ဂိုးသြင္းယူခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိန္နယ္လ္ဒြမ္ဟာ လီဗာပူးလ္အသင္းက ထြက္ခြာျဖစ္ရင္ ကစားသမားဘဝကို အသင္းေဟာင္းသုံးသင္းျဖစ္တဲ့ စပါတာ ေရာ့တာဒမ္၊ ဖီယင္ေနာ့နဲ႔ PSV အသင္းေတြရွိတဲ့ ေမြးရပ္ေျမမွာ ျပန္လည္ကုန္ဆုံးႏုိင္တယ္လို႔ ဆုိပါတယ္။

– အသင္းေနာက္ခံလူေဟာာင္း ေဂ်မီ ကာေရဂါက လီဗာပူးလ္အသင္းရဲ႕ ကမာၻ႕အဆင့္ကစားသမားေတြကို ေရတြက္ၾကည့္ရင္ အယ္လီဆန္၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ မာေနးနဲ႔ ဆာလားတို႔ ရွိေနရာမွာ အသင္းေနနဲ႔ အေျခအေနအရပ္ရပ္ကို တြက္စစ္ရင္ ေရာင္းခ်ႏုိင္သူဟာ ဆာလားပဲျဖစ္လိမ့္မယ္လုိ႔ သုံးသပ္လုိက္ပါတယ္။

– လီဗာပူးလ္အသင္းဟာ ေကာင္းသထက္ပုိေကာင္းလာၿပီး ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲခဲ့သလို အားလုံးေရွ႕မွာ ရွိေနတာကို မန္ခ်က္စတာယူႏိုက္တက္ ကစားသမားတစ္ေယာက္အေနနဲ႔ အလိုမရွိေပမယ့္လည္း သူတုိ႔ရဲ႕ လက္တစ္ဖက္က ပရီးမီးယားလိဂ္ဖလားေပၚကို ေရာက္ေနၿပီလို႔ ေပါလ္ ေပါ့ဘာ ေျပာၾကား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လီဗာပူးလ်ကစားသမားဟောင်း ရာဟင်းမ် စတာလင်က သူ့သမီးဟာ အသင်းဟောင်းကို အားပေးသူတစ်ယောက်ဖြစ်ပြီး သူ့ကို ဂိုးသွင်းဘုရင် မိုဟာမက် ဆာလားကို အားပေးတဲ့ သီချင်းတွေ လာလာဆိုပြနေတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

– ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ နောက်က လိုက်ကစားပြီး အနိုင်ရတဲ့ပွဲမှာ အဓိက ခြေစွမ်းပြခဲ့ကြတဲ့သူနှစ်ဦးဖြစ်တဲ့ ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဘယ်လောက်ခံလူ အန်ဒီ ရောဘတ်ဆန်တို့ကို နည်းပြ ယာဂန် ကလော့ပ်က အသိအမှတ်ပြု ချီးကျူးလိုက်ပါတယ်။

– ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိန်နယ်လ်ဒွမ်ဟာ လီဗာပူးလ်အသင်းက ထွက်ခွာဖြစ်ရင် ကစားသမားဘဝကို အသင်းဟောင်းသုံးသင်းဖြစ်တဲ့ စပါတာ ရော့တာဒမ်၊ ဖီယင်နော့နဲ့ PSV အသင်းတွေရှိတဲ့ မွေးရပ်မြေမှာ ပြန်လည်ကုန်ဆုံးနိုင်တယ်လို့ ဆိုပါတယ်။

– အသင်းနောက်ခံလူဟောာင်း ဂျေမီ ကာရေဂါက လီဗာပူးလ်အသင်းရဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကို ရေတွက်ကြည့်ရင် အယ်လီဆန်၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ မာနေးနဲ့ ဆာလားတို့ ရှိနေရာမှာ အသင်းနေနဲ့ အခြေအနေအရပ်ရပ်ကို တွက်စစ်ရင် ရောင်းချနိုင်သူဟာ ဆာလားပဲဖြစ်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

– လီဗာပူးလ်အသင်းဟာ ကောင်းသထက်ပိုကောင်းလာပြီး ချန်ပီယံလိဂ်ကို ဗိုလ်စွဲခဲ့သလို အားလုံးရှေ့မှာ ရှိနေတာကို မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ယောက်အနေနဲ့ အလိုမရှိပေမယ့်လည်း သူတို့ရဲ့ လက်တစ်ဖက်က ပရီးမီးယားလိဂ်ဖလားပေါ်ကို ရောက်နေပြီလို့ ပေါလ် ပေါ့ဘာ ပြောကြား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.