Article Bundesliga Premier League

ထိန်းသိမ်းကိုင်တွယ်ရခက်တဲ့ ခေါင်းဆောင်လေးတစ်ယောက် အာဆင်နယ်ကို ပြန်လာနိုင်မှာလား – Bonne Chance, Matteo!

အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ ထိန်းသိမ်းကိုင်တွယ်ရခက်ခဲပြီး မာနကြီးတဲ့ တိုက်ပွဲဝင်စိတ်မြင့်မားတဲ့ ကောင်လေးတစ်ယောက် အောက်တိုဘာ ၅ ရက်နေ့ မတိုင်ခင်အထိ ရှိခဲ့ဖူးပါတယ်။ မမောမပန်းကစားဟန်တွေကို ပိုင်ဆိုင်ထားပေမယ့် သူကိုယ်တိုင်ရဲ့ နိုင်လိုစိတ်အတွက် လုပ်ချင်ရာလုပ်တတ်တဲ့၊ နားထောင်မှု အားနည်းတဲ့ မက်တီယိုဆိုတဲ့ ကောင်လေးတစ်ယောက်ပါ။

နိုင်လိုစိတ်နဲ့ အသင်းကို မောင်းနှင်တတ်တဲ့ သူ့ပုံစံနဲ့ အသက်အရွယ်က သူ့သက်တမ်းလိုက်မှာ စံပြဖြစ်နေပေမယ့် စီနီယာကျပြီး သူ့ထက် ကြီးတဲ့သူတွေနဲ့တော့ အံဝင်ဖို့ ခက်ခဲ့ပါတယ်။ ဒါကို သူ့ရဲ့ လိုအွန်နည်းပြဟောင်း မစ်ခေးလ် လန်ဒရိုကတော့ သူက အတ္တစိတ်ကြီးကြီးကို ပိုင်ဆိုင်ထားလို့ ဆိုပြီး သုံးသပ်ခဲ့သလို ဒါက မှန်ကန်တဲ့နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ဆိုခဲ့တာပါပဲ။

တကယ်တမ်းတော့ သူ့ရဲ့ မောင်းနှင်ချင်စိတ်၊ နိုင်လိုစိတ် ပြင်းပြတဲ့ ပုံစံက လက်ရှိ အာဆင်နယ်မှာ ကစားရတဲ့ ကွင်းလယ်အထိုင်အဖျက်နဲ့ ဘယ်လိုမှ အံမဝင်ပါဘူး။ ကစားသမားဘဝက နံပါတ် ၁၀ အဖြစ် စတင်ခဲ့တဲ့ ဂန်ဒူဇီရဲ့ ရွေးချယ်မှုက နံပါတ် ၆ တစ်ဦးတကယ်တမ်းဖြစ်ခဲ့တယ်ဆိုရင် မှားယွင်းခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး နည်းပြ ချထားတဲ့ နေရာက သိပ်ခွာလို့ မရတဲ့ နံပါတ် ၆ ထက် သူက ပိုလွတ်လပ်သလို တိုက်စစ်ကို ကောင်းကောင်းလိုက်မယ့် နံပါတ် ၈ တစ်ဦးပဲ ဖြစ်သင့်တာပါ။

အသင်းရှုံးနေချိန်မှာ ပိုသိသာတဲ့ စိတ်ဓာတ်ပြင်းပြတဲ့ ဘောလုံးဆွဲပြေးတဲ့ ပုံစံတွေနဲ့ ညစ်ဖို့လိုရင် ဖက်လုံးတတ်တဲ့ ပုံစံတွေက သူ့ကို မော်ဒန် ဘောလုံးရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်သူအဖြစ် မြင်ထားကြပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်လိုအသုံးချ ကိုင်တွယ်ရမယ်ဆိုတဲ့ စိတ်ပညာကောင်းကောင်းနားလည်တဲ့ နည်းပြတစ်ယောက်တော့ လက်ရှိမှာ လိုအပ်ဦးမှာပါ။

လန်ဒရိုကတော့ ဆိုပါတယ်။ ဂန်ဒူဇီအနေနဲ့ လက်ရှိပုံစံကို ပြင်လို့မရဘူးဆိုရင် သူ့ကို တာဝန်ကြီးကြီးဖြစ်တဲ့ အသင်းခေါင်းဆောင် ဒါမှမဟုတ် လက်ထောက်ခေါင်းဆောင်ဆိုတဲ့ တာဝန်ယူမှုနဲ့ လက်ပတ်ကို ပေးလိုက်ဖို့ပါတဲ့။ ဖြစ်နိုင်ပါတယ်။ တကယ်တမ်းမှာ သူဦးဆောင်ခွင့်ရတဲ့ ပြင်သစ် ယူ-၂၁ အသင်းကို သူမောင်းနှင်နေတာကို ကြည့်ရင် ဒါက ဖြေရှင်းမှုကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

လစ်ချင်စတိန်းနဲ့ပွဲက ထောင့်ကန်ဘောကို တိတိကျကျ ကန်ပို့နိုင်ခဲ့တာ၊ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ထားတဲ့ ဆွစ်ဇာလန်နဲ့ပွဲက တစ်ယောက်လျော့နေချိန်မှာ ခံစစ်ကစားဖို့ထက် တန်ပြန်ဖိအားပေးပြီး ဘောလုံးရသွားချိန်မှာ အနိုင်ပြတ်သားစေမယ့်ဂိုးကို ဖန်တီးပေးခဲ့တာတွေက သူဟာ ခေါင်းဆောင်ခွင့်ရချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သိသူဖြစ်ကြောင်း သက်သေပြနေပြီး အာဆင်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာကတော့ သူ့မှာ ခေါင်းဆောင်ခွင့် မရှိတာပါပဲ။

လက်ရှိမှာတော့ ဟာသာဘာလင်ရဲ့ ကစားသမားတစ်ယောက်အဖြစ် အငှားနဲ့ ကစားနေခဲ့တဲ့ ဂန်ဒူဇီဟာ အသင်းနဲ့ ပွဲထွက်ရာမှာတော့ ချီးကျူးမှုတချို့ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ပိုမိုအသားကျကျနဲ့ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနိုင်ခဲ့ရင်တော့ အာဆင်နယ်ကို တစ်ကျော့ပြန်လာပြီး ပါဝင်ခွင့် ရယူနိုင်ဦးမှာပါ။

သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ လုပ်အားနှုန်းကို သူနဲ့ ဘယ်လိုမှ အံမဝင်တဲ့ နံပါတ် ၆ မှာ မကစားစေဘဲ လွတ်လပ်တဲ့ Box to Box မှာ နံပါတ် ၈ အဖြစ် စိန်ခေါ်ခိုင်းခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ သောမတ်စ် ပါတေးနဲ့ သူ့ရဲ့ကွင်းလယ်ဟာ အာဆင်နယ်အတွက် အကောင်းဆုံးဖြစ်လာနိုင်သလို ၄-၃-၃ ကစားကွက်အတွက် လိုအပ်တဲ့ ဝင်ရိုး Center Pivot ကောင်းကိုပါ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်မှာ သူအံဝင်ဖို့ဆိုရင်တော့ ၁။ သူ့ကို နားလည်ပြီး ဘယ်လိုစိန်ခေါ်မှုတွေနဲ့ တာဝန်ယူခိုင်းမှာလဲဆိုတာ၊ ၂။ အသက် ၂၁ စွန်းစွန်း ကစားသမားတစ်ယောက်ရဲ့ ဆရာလုပ်မှုကို သည်းခံနိုင်ကြမလားဆိုတာ၊ ၃။ သူကိုယ်တိုင်ပဲ ဆရာလုပ်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်မလား ဆိုတာ… ဒီမေးခွန်းသုံးခုကို ဖြေဆိုရမှာဖြစ်ပြီး အသက်ငယ်ငယ်နဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့သူတွေရဲ့ ခြေရာကို နင်းနိုင်မလားဆိုတာကိုပဲ ကြည့်ရတော့မှာပါ။

ဂန်ဒူဇီအနေနဲ့ သူဘာလုပ်နိုင်သလဲဆိုတာတွေကို ပြင်သစ်ယူ-၂၁ မှာ အကောင်းဆုံး ပြသနေပြီး ဒါတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ သူကိုယ်တိုင် ကလပ်အသင်းတွေဆီ သယ်ဆောင်နိုင်ခဲ့ရင်၊ သူ့ကို မိုက်မိုက်မဲမဲ ယုံကြည်ပြီး တာဝန်ပေးအပ်မယ့် နည်းပြကောင်းတစ်ယောက် ရှိခဲ့ရင် သူ့ရဲ့ အနာဂတ်က ထွန်းတောက်လာမှာဖြစ်ပြီး ဒီနှစ်ချက်စလုံး ကင်းမဲ့တဲ့ နေရာမှာတော့ သူဟာ ထိန်းသိမ်းဖို့ ခက်တဲ့ စဆရကတစ်ယောက်ဖြစ်နေမှာမို့ အလားအလာကောင်းတွေ အလဟဿမဖြစ်စေချင်တဲ့သူတွေကတော့ ဘွန်းရွှန့်စ် Bonne Chance – Good Luck လို့ ဆုတောင်းပေးမိနေကြမှာပါလေ။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ကြင္းလယ္မွာ ထိန္းသိမ္းကိုင္တြယ္ရခက္ခဲၿပီး မာနႀကီးတဲ့ တိုက္ပြဲဝင္စိတ္ျမင့္မားတဲ့ ေကာင္ေလးတစ္ေယာက္ ေအာက္တိုဘာ ၅ ရက္ေန႔ မတိုင္ခင္အထိ ရွိခဲ့ဖူးပါတယ္။ မေမာမပန္းကစားဟန္ေတြကို ပိုင္ဆိုင္ထားေပမယ့္ သူကိုယ္တိုင္ရဲ႕ ႏိုင္လိုစိတ္အတြက္ လုပ္ခ်င္ရာလုပ္တတ္တဲ့၊ နားေထာင္မႈ အားနည္းတဲ့ မက္တီယိုဆိုတဲ့ ေကာင္ေလးတစ္ေယာက္ပါ။

ႏိုင္လိုစိတ္နဲ႔ အသင္းကို ေမာင္းႏွင္တတ္တဲ့ သူ႔ပုံစံနဲ႔ အသက္အ႐ြယ္က သူ႔သက္တမ္းလိုက္မွာ စံျပျဖစ္ေနေပမယ့္ စီနီယာက်ၿပီး သူ႔ထက္ ႀကီးတဲ့သူေတြနဲ႔ေတာ့ အံဝင္ဖို႔ ခက္ခဲ့ပါတယ္။ ဒါကို သူ႔ရဲ႕ လိုအြန္နည္းျပေဟာင္း မစ္ေခးလ္ လန္ဒ႐ိုကေတာ့ သူက အတၱစိတ္ႀကီးႀကီးကို ပိုင္ဆိုင္ထားလို႔ ဆိုၿပီး သုံးသပ္ခဲ့သလို ဒါက မွန္ကန္တဲ့ေနရာမွာ အသုံးဝင္လိမ့္မယ္လို႔ ဆိုခဲ့တာပါပဲ။

တကယ္တမ္းေတာ့ သူ႔ရဲ႕ ေမာင္းႏွင္ခ်င္စိတ္၊ ႏိုင္လိုစိတ္ ျပင္းျပတဲ့ ပုံစံက လက္ရွိ အာဆင္နယ္မွာ ကစားရတဲ့ ကြင္းလယ္အထိုင္အဖ်က္နဲ႔ ဘယ္လိုမွ အံမဝင္ပါဘူး။ ကစားသမားဘဝက နံပါတ္ ၁၀ အျဖစ္ စတင္ခဲ့တဲ့ ဂန္ဒူဇီရဲ႕ ေ႐ြးခ်ယ္မႈက နံပါတ္ ၆ တစ္ဦးတကယ္တမ္းျဖစ္ခဲ့တယ္ဆိုရင္ မွားယြင္းခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး နည္းျပ ခ်ထားတဲ့ ေနရာက သိပ္ခြာလို႔ မရတဲ့ နံပါတ္ ၆ ထက္ သူက ပိုလြတ္လပ္သလို တိုက္စစ္ကို ေကာင္းေကာင္းလိုက္မယ့္ နံပါတ္ ၈ တစ္ဦးပဲ ျဖစ္သင့္တာပါ။

အသင္းရႈံးေနခ်ိန္မွာ ပိုသိသာတဲ့ စိတ္ဓာတ္ျပင္းျပတဲ့ ေဘာလုံးဆြဲေျပးတဲ့ ပုံစံေတြနဲ႔ ညစ္ဖို႔လိုရင္ ဖက္လုံးတတ္တဲ့ ပုံစံေတြက သူ႔ကို ေမာ္ဒန္ ေဘာလုံးရဲ႕ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္လာႏိုင္သူအျဖစ္ ျမင္ထားၾကပါတယ္။ ဒါေပမယ့္ သူ႔ကို ဘယ္လိုအသုံးခ် ကိုင္တြယ္ရမယ္ဆိုတဲ့ စိတ္ပညာေကာင္းေကာင္းနားလည္တဲ့ နည္းျပတစ္ေယာက္ေတာ့ လက္ရွိမွာ လိုအပ္ဦးမွာပါ။

လန္ဒ႐ိုကေတာ့ ဆိုပါတယ္။ ဂန္ဒူဇီအေနနဲ႔ လက္ရွိပုံစံကို ျပင္လို႔မရဘူးဆိုရင္ သူ႔ကို တာဝန္ႀကီးႀကီးျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဒါမွမဟုတ္ လက္ေထာက္ေခါင္းေဆာင္ဆိုတဲ့ တာဝန္ယူမႈနဲ႔ လက္ပတ္ကို ေပးလိုက္ဖို႔ပါတဲ့။ ျဖစ္ႏိုင္ပါတယ္။ တကယ္တမ္းမွာ သူဦးေဆာင္ခြင့္ရတဲ့ ျပင္သစ္ ယူ-၂၁ အသင္းကို သူေမာင္းႏွင္ေနတာကို ၾကည့္ရင္ ဒါက ေျဖရွင္းမႈေကာင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။

လစ္ခ်င္စတိန္းနဲ႔ပြဲက ေထာင့္ကန္ေဘာကို တိတိက်က် ကန္ပို႔ႏိုင္ခဲ့တာ၊ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ထားတဲ့ ဆြစ္ဇာလန္နဲ႔ပြဲက တစ္ေယာက္ေလ်ာ့ေနခ်ိန္မွာ ခံစစ္ကစားဖို႔ထက္ တန္ျပန္ဖိအားေပးၿပီး ေဘာလုံးရသြားခ်ိန္မွာ အႏိုင္ျပတ္သားေစမယ့္ဂိုးကို ဖန္တီးေပးခဲ့တာေတြက သူဟာ ေခါင္းေဆာင္ခြင့္ရခ်ိန္မွာ ဘာလုပ္ရမယ္ဆိုတာကို သိသူျဖစ္ေၾကာင္း သက္ေသျပေနၿပီး အာဆင္နယ္မွာ ျဖစ္ပြားေနတဲ့ ျပႆနာကေတာ့ သူ႔မွာ ေခါင္းေဆာင္ခြင့္ မရွိတာပါပဲ။

လက္ရွိမွာေတာ့ ဟာသာဘာလင္ရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ အငွားနဲ႔ ကစားေနခဲ့တဲ့ ဂန္ဒူဇီဟာ အသင္းနဲ႔ ပြဲထြက္ရာမွာေတာ့ ခ်ီးက်ဴးမႈတခ်ိဳ႕ကို ပိုင္ဆိုင္ထားႏိုင္ခဲ့ၿပီး ပိုမိုအသားက်က်နဲ႔ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပႏိုင္ခဲ့ရင္ေတာ့ အာဆင္နယ္ကို တစ္ေက်ာ့ျပန္လာၿပီး ပါဝင္ခြင့္ ရယူႏိုင္ဦးမွာပါ။

သူ႔ရဲ႕ ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ လုပ္အားႏႈန္းကို သူနဲ႔ ဘယ္လိုမွ အံမဝင္တဲ့ နံပါတ္ ၆ မွာ မကစားေစဘဲ လြတ္လပ္တဲ့ Box to Box မွာ နံပါတ္ ၈ အျဖစ္ စိန္ေခၚခိုင္းခဲ့မယ္ဆိုရင္ လာမယ့္ရာသီမွာ ေသာမတ္စ္ ပါေတးနဲ႔ သူ႔ရဲ႕ကြင္းလယ္ဟာ အာဆင္နယ္အတြက္ အေကာင္းဆုံးျဖစ္လာႏိုင္သလို ၄-၃-၃ ကစားကြက္အတြက္ လိုအပ္တဲ့ ဝင္႐ိုး Center Pivot ေကာင္းကိုပါ တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္မွာ သူအံဝင္ဖို႔ဆိုရင္ေတာ့ ၁။ သူ႔ကို နားလည္ၿပီး ဘယ္လိုစိန္ေခၚမႈေတြနဲ႔ တာဝန္ယူခိုင္းမွာလဲဆိုတာ၊ ၂။ အသက္ ၂၁ စြန္းစြန္း ကစားသမားတစ္ေယာက္ရဲ႕ ဆရာလုပ္မႈကို သည္းခံႏိုင္ၾကမလားဆိုတာ၊ ၃။ သူကိုယ္တိုင္ပဲ ဆရာလုပ္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပႏိုင္မလား ဆိုတာ… ဒီေမးခြန္းသုံးခုကို ေျဖဆိုရမွာျဖစ္ၿပီး အသက္ငယ္ငယ္နဲ႔ အသင္းေခါင္းေဆာင္ျဖစ္ခဲ့သူေတြရဲ႕ ေျခရာကို နင္းႏိုင္မလားဆိုတာကိုပဲ ၾကည့္ရေတာ့မွာပါ။

ဂန္ဒူဇီအေနနဲ႔ သူဘာလုပ္ႏိုင္သလဲဆိုတာေတြကို ျပင္သစ္ယူ-၂၁ မွာ အေကာင္းဆုံး ျပသေနၿပီး ဒါေတြကို မွန္ကန္တဲ့ နည္းလမ္းနဲ႔ သူကိုယ္တိုင္ ကလပ္အသင္းေတြဆီ သယ္ေဆာင္ႏိုင္ခဲ့ရင္၊ သူ႔ကို မိုက္မိုက္မဲမဲ ယုံၾကည္ၿပီး တာဝန္ေပးအပ္မယ့္ နည္းျပေကာင္းတစ္ေယာက္ ရွိခဲ့ရင္ သူ႔ရဲ႕ အနာဂတ္က ထြန္းေတာက္လာမွာျဖစ္ၿပီး ဒီႏွစ္ခ်က္စလုံး ကင္းမဲ့တဲ့ ေနရာမွာေတာ့ သူဟာ ထိန္းသိမ္းဖို႔ ခက္တဲ့ စဆရကတစ္ေယာက္ျဖစ္ေနမွာမို႔ အလားအလာေကာင္းေတြ အလဟႆမျဖစ္ေစခ်င္တဲ့သူေတြကေတာ့ ဘြန္း႐ႊန႔္စ္ Bonne Chance – Good Luck လို႔ ဆုေတာင္းေပးမိေနၾကမွာပါေလ။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.