Premier League Transfer News

ဒက်ကလန် ရိုက်စ်ကို ခေါ်နိုင်ဖို့အတွက် ဇန်နဝါရီမှာ မာရီနာ ရှင်းထုတ်မယ့် ကစားသမားငါးဦး

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ နည်းပြ ဖရန့် လမ်းပတ်အလိုရှိနေခဲ့တဲ့ ကွင်းလယ်အဖျက်ကစားသမား ဒက်ကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ လူအင်အား ပမာဏ Squad Size က ကြီးမားနေတာကြောင့် အသုံးစရိတ်၊ မှတ်ပုံတင်ကိစ္စတွေအတွက် ခက်ခဲနေချိန်မှာ အဖက်ဖက်က ပြေလည်သွားစေဖို့ ဇန်နဝါရီမှာ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ရုံခါမှုတွေကို တွေ့မြင်ရနိုင်ပါတယ်။

Euro Sports ရဲ့အဆိုအရ မာရီနာဟာ ပေါင် ၇၂ သန်းတန် ဂိုးသမား ကီပါကို လာမယ့် ဇန်နဝါရီဈေးကွက်ထဲ အငှားချပြီး စရိတ်လျှော့ချသွားဖို့ စီစဉ်နေသလို အသင်းမှာ နေရာမရတော့တဲ့ ဘယ်နောက်ခံလူ အီမာဆင်ကိုလည်း အမြန်ဆုံးရောင်းထုတ်ဖို့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေပြီး ယူဗင်တပ်စ်၊ အင်တာမီလန်အသင်းတို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ဘယ်နောက်ခံလူနေရာမှာလည်း ပေါင်သန်း ၅ဝ တန် ကစားသမား ဘန်ချေးလ်ဝဲလ် ရှိနေတာကြောင့် မားကို့စ် အလွန်ဆိုရဲ့ အနာဂတ်ဟာလည်း ဝေဝါးလာနေပေမယ့် အရန်ခုံတနေရာအတွက် အသင်းမှာ ဆက်ရှိနေဖွယ် အခြေအနေပါ။ ဒါပေမယ့် ဒီရာသီ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် တခါမှပွဲထွက်ခွင့်မရသေးတဲ့ အန်တိုနီယို ရူဒီဂါကိုတော့ မာရီနာက ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။ ရူဒီဂါကို ရိုးမား၊ စပါးစ်နဲ့ ဝက်စ်ဟမ်းအသင်းတွေက စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့နိုင်တဲ့ နောက်တစ်ယောက်အနေနဲ့ ဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ဟိုဖြစ်လာဖွယ်ရှိနေပြီး ကွန်တေ၊ ကိုဗာချစ်တို့နဲ့ နေရာလုတိုက်ပွဲဝင်နေရတာကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် သူ့ကို အလိုရှိတဲ့ အသင်းတွေ များနေတဲ့ စီးရီးအေကို ပြောင်းရွှေ့သွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

ဇန်နဝါရီမှာ ချယ်လ်ဆီးအသင်း ရှင်းထုတ်သွားမယ့် တိုက်စစ်မှူး ဂျီရူးဖြစ်လာဖွယ် ရှိနေပြီး ဒီတရာသီလုံးမှာ မိနစ် ၆၀ သာ ကစားခွင့်ရထားလို့ ၃၄ နှစ်သားဟာ စိတ်ပျက်နေကာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့လိုနေပြီး ကွန်တီနဲ့ ပြန်လည်လက်တွဲသွားဖို့ ရှိနေတာပါ။ ဘဏ္ဍာရေးဆိုင်ရာ ဖြည့်တင်းဖို့နဲ့ လူစာရင်းမှာ နေရာလွတ်တွေ ထွက်လာစေဖို့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာတစ်ယောက် လာမယ့်ဇန်နဝါရီမှာ အဆိုပါ ကစားသမားငါးဦးစလုံးကို ရှင်းထုတ်သွားပြီး နည်းပြလမ်းပတ် မျက်စိကျနေတဲ့ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႕ သူတို႔ရဲ႕ နည္းျပ ဖရန႔္ လမ္းပတ္အလိုရွိေနခဲ့တဲ့ ကြင္းလယ္အဖ်က္ကစားသမား ဒက္ကလန္ ရိုက္စ္ကို ေခၚယူနိုင္ဖို႔အတြက္ အသင္းရဲ႕ လူအင္အား ပမာဏ Squad Size က ႀကီးမားေနတာေၾကာင့္ အသုံးစရိတ္၊ မွတ္ပုံတင္ကိစၥေတြအတြက္ ခက္ခဲေနခ်ိန္မွာ အဖက္ဖက္က ေျပလည္သြားေစဖို႔ ဇန္နဝါရီမွာ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ ႐ုံခါမႈေတြကို ေတြ႕ျမင္ရနိုင္ပါတယ္။

Euro Sports ရဲ႕အဆိုအရ မာရီနာဟာ ေပါင္ ၇၂ သန္းတန္ ဂိုးသမား ကီပါကို လာမယ့္ ဇန္နဝါရီေစ်းကြက္ထဲ အငွားခ်ၿပီး စရိတ္ေလွ်ာ့ခ်သြားဖို႔ စီစဥ္ေနသလို အသင္းမွာ ေနရာမရေတာ့တဲ့ ဘယ္ေနာက္ခံလူ အီမာဆင္ကိုလည္း အျမန္ဆုံးေရာင္းထုတ္ဖို႔ ကမ္းလွမ္းမႈေတြကို ေစာင့္ဆိုင္းေနၿပီး ယူဗင္တပ္စ္၊ အင္တာမီလန္အသင္းတို႔နဲ႕ ခ်ိတ္ဆက္မႈေတြ ရွိေနေၾကာင္း သိရပါတယ္။

ဘယ္ေနာက္ခံလူေနရာမွာလည္း ေပါင္သန္း ၅ဝ တန္ ကစားသမား ဘန္ေခ်းလ္ဝဲလ္ ရွိေနတာေၾကာင့္ မားကို႔စ္ အလြန္ဆိုရဲ႕ အနာဂတ္ဟာလည္း ေဝဝါးလာေနေပမယ့္ အရန္ခုံတေနရာအတြက္ အသင္းမွာ ဆက္ရွိေနဖြယ္ အေျခအေနပါ။ ဒါေပမယ့္ ဒီရာသီ ခ်ယ္လ္ဆီးအတြက္ ပရီးမီးယားလိဂ္ တခါမွပြဲထြက္ခြင့္မရေသးတဲ့ အန္တိုနီယို ႐ူဒီဂါကိုေတာ့ မာရီနာက ရွင္းထုတ္သြားဖို႔ ရွိေနပါတယ္။ ႐ူဒီဂါကို ရိုးမား၊ စပါးစ္နဲ႔ ဝက္စ္ဟမ္းအသင္းေတြက စိတ္ဝင္စားေနတယ္လို႔လည္း သိရပါတယ္။

ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ႏိုင္တဲ့ ေနာက္တစ္ေယာက္အေနနဲ႔ ဝါရင့္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုျဖစ္လာဖြယ္ရွိေနၿပီး ကြန္ေတ၊ ကိုဗာခ်စ္တို႔နဲ႕ ေနရာလုတိုက္ပြဲဝင္ေနရတာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္အတြက္ သူ႕ကို အလိုရွိတဲ့ အသင္းေတြ မ်ားေနတဲ့ စီးရီးေအကို ေျပာင္းေရႊ႕သြားႏုိင္ဖြယ္လည္း ရွိေနပါတယ္။

ဇန္နဝါရီမွာ ခ်ယ္လ္ဆီးအသင္း ရွင္းထုတ္သြားမယ့္ တိုက္စစ္မႉး ဂ်ီ႐ူးျဖစ္လာဖြယ္ ရွိေနၿပီး ဒီတရာသီလုံးမွာ မိနစ္ ၆၀ သာ ကစားခြင့္ရထားလို႔ ၃၄ ႏွစ္သားဟာ စိတ္ပ်က္ေနကာ အင္တာမီလန္အသင္းကို ေျပာင္းေ႐ႊ႕လိုေနၿပီး ကြန္တီနဲ႔ ျပန္လည္လက္တြဲသြားဖို႔ ရွိေနတာပါ။ ဘ႑ာေရးဆိုင္ရာ ျဖည့္တင္းဖို႔နဲ႔ လူစာရင္းမွာ ေနရာလြတ္ေတြ ထြက္လာေစဖို႔ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာတစ္ေယာက္ လာမယ့္​ဇန္နဝါရီမွာ အဆိုပါ ကစားသမားငါးဦးစလုံးကို ရွင္းထုတ္သြားၿပီး နည္းျပလမ္းပတ္ မ်က္စိက်ေနတဲ့ ဒက္ကလန္ ရိုက္စ္ကို ေခၚယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.